Spots news

ယူနိုက်တက်ကို ပြောင်းရွေ့မယ့် ဗာရန်းရဲ့ နေရာကို ချီလီနီ နဲ့ အစားထိုးမယ့် ရီးရဲလ်မက်ဒရစ်

Unicode Version

ရီးရဲလ်မက်ဒရစ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းရွေ့ဖို့ ရာနှုန်းများနေတဲ့ ပြင်သစ် နောက်ခံလူ ဗာရန်းရဲ့ နေရာကို ယူရို-၂၀၂၀ ချန်ပီယံ

အီတလီ လက်ရွေးစင် ဝါရင် နောက်ခံလူ ချီလီနီနဲ့ အစားထိုးဖို့ ကြံရွယ်နေကြောင်း စပိန်အခြေစိုက် အားကစား သတင်းဌာနတွေက ဖော်ပြနေကြပါပြီ။

ဗာရန်းဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့တာ ဖြစ်ပြီး ဗာရန်းဟာ စာချုပ်သက်တမ်း ထပ်မံတိုးတော့မှာ မဟုတ်တဲ့ အတွက်

လာမယ့်ရာသီမှာ အလွတ်ပြောင်းရွေ့ကြေးနဲ့ လက်လွတ်ရဖွယ်ရှိတာကြောင့် လက်ရှိ တစ်နှစ် ကျန်သေးချိန်မှာ ပြောင်းရွှေ့ကြေးရဖို့ ရောင်းထုတ်တော့မှာ ဖြစ်ပါတယ်။

ဗာရန်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ရီးရဲလ်မက်ဒရစ်အသင်း ကနေ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းထံ

ပြောင်းရွှေ့ဖို့ ကစားသမားနဲ့ သဘောတူညီထားပြီး နှစ်သင်းကြားမှာလည်း ဗာရန်းရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေ စတင်နေပါပြီ။

ထို့ကြောင့် ရီးရဲလ်ဟာ ဗာရန်းရဲ့ နေရာကို အစားထိုးဖို့ နောက်ခံလူသစ် ရှာဖွေနေတာ ဖြစ်ပြီး စပိန် အခြေစိုက် Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ တာဝန်ရှိသူတွေဟာ

အီတလီ စီးရီးအေက ဂျူဗင်တပ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးထားတဲ့ ယူရို ချန်ပီယံ ဝါရင့် နောက်ခံလူ ချီလီနီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ မျက်စိကျနေကြောင်း သိရပါတယ်။

အသက် ၃၆ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အီတလီလက်ရွေးစင် ဝါရင့် နောက်ခံလူ ချီလီနီဟာ သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံး အသက်အပိုင်းအခြားကို

ရောက်ရှိနေပေမယ့် လက်ရှိအထိ အကောင်းဆုံး ခြေစွမ်းတွေကို ပြ‌သနေဆဲဖြစ်ပြီး အီတလီအသင်းကို ယူရို၂၀၂၀ပြိုင်ပွဲမှာ ဗိုလ်စွဲအောင်လည်း အဓိက ခြေစွမ်းပြခဲ့ပါတယ်။

ချီလီနီဟာ ဂျူဗင်တပ်အသင်းနဲ စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် အကယ်၍ ရီးရဲလ်မက်ဒရစ်အသင်းကသာ

သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းလာပါက ချီလီနီဟာ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ဖွယ် ရှိကြောင်း အီတလီ သတင်းမီဒီယာ များကလဲ ဖော်ပြထားပါတယ်။

လက်ရှိ ရီးရဲလ်နည်းပြ အန်ဆလော့တီဟာ အီတလီလူမျိုး ဖြစ်တာကြောင့် ချီလီနီကို ခေါ်ယူဖို့ ကြိုးစားရာမှာ အခက်အခဲ မရှိနိုင်ပဲ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ နီးစပ်သူ တချို့ကတော့

အီတလီလက်ရွေးစင် ချီလီနီကို ၁နှစ် + ၁နှစ် ဆိုတဲ့ စာချုပ်တရပ်နဲ့ ကမ်းလှမ်းဖို့ အထိ ပြင်ဆင်နေကြောင်း သိရပါတယ်။

Zawgyi Version

ရီးရဲလ္မက္ဒရစ္အသင္းဟာ မန္ခ်က္စတာ ယူနိုက္တက္ အသင္းကို ေျပာင္းေ႐ြ႕ဖို႔ ရာႏႈန္းမ်ားေနတဲ့ ျပင္သစ္ ေနာက္ခံလူ ဗာရန္းရဲ႕ ေနရာကို ယူရို-၂၀၂၀ ခ်န္ပီယံ

အီတလီ လက္ေ႐ြးစင္ ဝါရင္ ေနာက္ခံလူ ခ်ီလီနီနဲ႕ အစားထိုးဖို႔ ႀကံ႐ြယ္ေနေၾကာင္း စပိန္အေျခစိုက္ အားကစား သတင္းဌာနေတြက ေဖာ္ျပေနၾကပါၿပီ။

ဗာရန္းဟာ ရီးရဲလ္မက္ဒရစ္ အသင္းနဲ႕ စာခ်ဳပ္သက္တမ္း တစ္ႏွစ္သာ က်န္ေတာ့တာ ျဖစ္ၿပီး ဗာရန္းဟာ စာခ်ဳပ္သက္တမ္း ထပ္မံတိုးေတာ့မွာ မဟုတ္တဲ့ အတြက္

လာမယ့္ရာသီမွာ အလြတ္ေျပာင္းေ႐ြ႕ေၾကးနဲ႕ လက္လြတ္ရဖြယ္ရွိတာေၾကာင့္ လက္ရွိ တစ္ႏွစ္ က်န္ေသးခ်ိန္မွာ ေျပာင္းေ႐ႊ႕ေၾကးရဖို႔ ေရာင္းထုတ္ေတာ့မွာ ျဖစ္ပါတယ္။

ဗာရန္းဟာ ယခုႏွစ္ ေႏြေဈးကြက္ အတြင္းမွာ ရီးရဲလ္မက္ဒရစ္အသင္း ကေန ပရီးမီးယားလိဂ္ ကလပ္ မန္ခ်က္စတာ ယူနိုက္တက္အသင္းထံ

ေျပာင္းေ႐ႊ႕ဖို႔ ကစားသမားနဲ႕ သေဘာတူညီထားၿပီး ႏွစ္သင္းၾကားမွာလည္း ဗာရန္းရဲ႕ အေျပာင္းအေ႐ႊ႕ အတြက္ တရားဝင္ ေဆြးေႏြးမႈေတြ စတင္ေနပါၿပီ။

ထို႔ေၾကာင့္ ရီးရဲလ္ဟာ ဗာရန္းရဲ႕ ေနရာကို အစားထိုးဖို႔ ေနာက္ခံလူသစ္ ရွာေဖြေနတာ ျဖစ္ၿပီး စပိန္ အေျခစိုက္ Marca သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ရီးရဲလ္မက္ဒရစ္ အသင္းရဲ႕ တာဝန္ရွိသူေတြဟာ

အီတလီ စီးရီးေအက ဂ်ဴဗင္တပ္အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ကုန္ဆုံးထားတဲ့ ယူရို ခ်န္ပီယံ ဝါရင့္ ေနာက္ခံလူ ခ်ီလီနီကို အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေခၚယူဖို႔ မ်က္စိက်ေနေၾကာင္း သိရပါတယ္။

အသက္ ၃၆ ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ အီတလီလက္ေ႐ြးစင္ ဝါရင့္ ေနာက္ခံလူ ခ်ီလီနီဟာ သူ႕ရဲ႕ ကစားသမားဘဝ ေနာက္ဆုံး အသက္အပိုင္းအျခားကို

ေရာက္ရွိေနေပမယ့္ လက္ရွိအထိ အေကာင္းဆုံး ေျခစြမ္းေတြကို ျပ‌သေနဆဲျဖစ္ၿပီး အီတလီအသင္းကို ယူရို၂၀၂၀ၿပိဳင္ပြဲမွာ ဗိုလ္စြဲေအာင္လည္း အဓိက ေျခစြမ္းျပခဲ့ပါတယ္။

ခ်ီလီနီဟာ ဂ်ဴဗင္တပ္အသင္းနဲ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ အတြက္ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနေပမယ့္ အကယ္၍ ရီးရဲလ္မက္ဒရစ္အသင္းကသာ

သူ႕ကို ေခၚယူဖို႔ ကမ္းလွမ္းလာပါက ခ်ီလီနီဟာ ရီးရဲလ္မက္ဒရစ္အသင္းထံ ေျပာင္းေ႐ႊ႕ဖြယ္ ရွိေၾကာင္း အီတလီ သတင္းမီဒီယာ မ်ားကလဲ ေဖာ္ျပထားပါတယ္။

လက္ရွိ ရီးရဲလ္နည္းျပ အန္ဆေလာ့တီဟာ အီတလီလူမ်ိဳး ျဖစ္တာေၾကာင့္ ခ်ီလီနီကို ေခၚယူဖို႔ ႀကိဳးစားရာမွာ အခက္အခဲ မရွိနိုင္ပဲ ရီးရဲလ္မက္ဒရစ္ အသင္းနဲ႕ နီးစပ္သူ တခ်ိဳ႕ကေတာ့

အီတလီလက္ေ႐ြးစင္ ခ်ီလီနီကို ၁ႏွစ္ + ၁ႏွစ္ ဆိုတဲ့ စာခ်ဳပ္တရပ္နဲ႕ ကမ္းလွမ္းဖို႔ အထိ ျပင္ဆင္ေနေၾကာင္း သိရပါတယ္။