Spots news

ပရီးမီးယားလိဂ် အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်နေတဲ့ လိုင်ယွန်ကွင်းလယ်လူ အာဝါ

Unicode Version

လိုင်ယွန်အသင်းရဲ့ ကွင်းလယ်လူ အူစိန်အာဝါကိုပရီးမီးယားလိဂ် ကလပ် အာဆင်နယ်နဲ့ စပါးအသင်းတွေကနေ အပြိုင်စိတ်ဝင်စားကြလျက် ရှိနေသလို

လက်ရှိအချိန်မှာ လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတွေကပါ အာဝါကို ပစ်မှတ်ထားလာခဲ့တယ်လို့ ESPN ကနေ ဖော်ပြလာခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ အာဝါဟာ လိုင်ယွန်လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ၂၀၁၇-၂၀၁၈ ရာသီမှာ စီနီယာကစားသမားဘဝ စတင်ပါတယ်။

အာဝါဟာ ကွင်းလယ်နေရာစုံမှာ ဆော့ကစားတတ်သူဖြစ်ပြီး နည်းစနစ်ပိုင်း ကြွယ်ဝသူလည်းဖြစ်သလို တည်တည်ငြိမ်ငြိမ်နဲ့ ကစားနိုင်တတ်တဲ့ ကွင်းလယ်တိုက်စစ် ကစားသမားပါ

ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အသင်းဟာ အာဝါကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း လိုင်ယွန်ဘက်ကနေ ပယ်ချခဲ့တာကြောင့် အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့ရပါတယ်။

လက်ရှိအချိန်မှာ ကိုဗစ်ဂယက်ကြောင့် အသင်းစီးပွားရေး ကျဆင်းလာပြီး ဥရောပဝင်ခွင့် မရထားချိန်မှာတော့ လိုင်ယွန်အသင်းဟာ အာဝါကို  ရောင်းထုတ်ရဖွယ် ရှိနေရပါတယ်။

ထို့ကြောင့် လက်ရှိအချိန်မှာ အာဝါကို အာဆင်နယ် နဲ့ စပါးအသင်းတွေကနေ စတင်ပစ်မှတ်ထားလာခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာတော့

လီဗာပူး နဲ့ ယူနိုက်တက်အသင်းတွေကပါ စိတ်ဝင်စားလာခဲ့ကာ အာဝါရဲ့လက်ရှိတန်ကြေးကတော့ ယူရို(၄၅)သန်းဝန်းကျင် ရှိနေပါတယ်။

အာဝါဟာ လိုင်ယွန်အသင်းနဲ့ လာမယ့် ၂၀၂၃ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး မနှစ်ကတည်းက လိုင်ယွန်နဲ့ လမ်းခွဲချင်နေတာ ကြောင့်

လက်ရှိမှာ အသင်းနဲ့ သေချာပေါက် လက်တွဲဖြုတ်တော့မှာဖြစ်ကာ သူ့စိတ်ကြိုက် ကလပ်အသင်းကို ရွေးချယ်ဖွယ် ရှိပါတယ်။

Zawgyi Version









