Spots news

သုံးပွဲဆက် အနိုင်နဲ့ အသင်းကြီးတစ်သင်းရဲ့ ခြေစွမ်းပြခဲ့တဲ့ အာဆင်နယ်ပွဲမှ အချက်အလက်များ

Unicode Version

နည်းပြ ဟောင်း အာဆင် ဝင်းဂါးရဲ့ အကူ အညီလိုအပ် နေလား ‌ဆိုတဲ့ မေးခွန်း ကြောင့် အာတီတာ အနေ နဲ့ ရာထူး ခိုင်မြဲ စေဖို့ အာဆင်နယ် အသင်း ကို အနိုင် ရအောင် တွန်းခဲ့ လေ သလား ဆိုတာ တော့ မည်သူမှ မသိနိုင် ပါဘူး။ ယနေ့ နံနက် အစော ပိုင်းမှာ ကစား ခဲ့တဲ့ ဝက်စ်ဘရွန်း နဲ့ ပွဲမှာ အာဆင်နယ် အသင်း ဟာ အဝေးကွင်း မှာ လေးဂိုး ဂိုးမရှိ နဲ့ အနိုင် ရပြီး နှစ်သစ် ကို ဖွင့်လှစ် ခဲ့ ပါတယ်။

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး သုံးပွဲ ဆက် နိုင်ပွဲ ရရှိ ခဲ့တာ ဖြစ်ပြီး အဝေးကွင်း နှစ်ပွဲဆက် Clean-Sheet ရယူ နိုင် ခဲ့တာပါ ။ အာဆင်နယ် အသင်း ဟာ ဒီနေ့ နိုင်ပွဲ ကြောင့် အမှတ်ပေး ဇယား အဆင့် ၁၁ နေရာ အထိ တက်လှမ်း လာခဲ့ပါတယ် ။ အာဆင်နယ် အသင်း အတွက် သွင်းဂိုး တွေကို ဆတီယာနေး ၊ ဆာကာ ၊ လာကာဇက် တို့က ခြေစွမ်းပြ သွင်းယူ  ခဲ့ တာပါ။

အာဆင်နယ် အတွက် အဖွင့်ဂိုး ကို ပထမပိုင်း ၂၃ မိနစ် မှာပဲ နောက်ခံလူ တီယာနေး က ဝက်ဘရွန်း အသင်း ရဲ့ ဂိုးဧရိယာ ထဲ ထိုးဖောက် ဆွဲယူပြီး ညာခြေ နဲ့ ပိုင်ပိုင် နိုင်နိုင် အဆုံးသတ် ခဲ့ တာပါ ။ ဒုတိယ သွင်းဂိုး ကိုတော့ စမစ်ရို ရဲ့ ဖန်တီး ပေးပို့မှု ကနေ ဆာကာ က သွင်းယူ ခဲ့ တာပါ ။ တီယာနေး ရဲ့ တစ်ကိုယ်တော် သွင်းဂိုး ဟာ လှပ သေသပ် ခဲ့သလို ဆာကာရဲ့ သွင်းဂိုး ဟာလဲ အသင်းရဲ့ လှပ တဲ့ ကစားကွက် ကနေ ရရှိ ခဲ့တာပါ။ တီယာနေး ဟာ အာဆင်နယ် အသင်း အတွက် ပထမဆုံး ဂိုးသွင်း ယူ ပေးတဲ့ စကော့ တလန် သား အဖြစ် အသိ မှတ် ပြုခြင်း ခံခဲ့ ရပါတယ်။

အာဆင်နယ် အတွက် တတိယ မြောက် သွင်းဂိုး နဲ့ စတုတ္တ မြောက် သွင်းဂိုး ကိုတော့ မိနစ် ၆၀ နဲ့ ၆၄ မိနစ် မှာ လာကာဇက် က သွင်းယူ ပေးခဲ့တာ ဖြစ် ပါတယ် ။ အာဆင်နယ် အသင်းဟာ ဒီနေ့ ဂိုး မိုးရွာ နိုင်ခဲ့တဲ့ ပွဲကြောင့် ဂိုးကွာခြားချက် အနုတ် ပြ နေရာ ကနေ +၁ ပြန် ဖြစ် သွားခဲ့ ပါပြီ ။

အာဆင်နယ် အသင်း ဟာ ပရီးမီးယားလိဂ် သုံးပွဲ ဆက် အနိုင် ရ ရှိခဲ့ တာ ဖြစ်ပြီး ယခင်က အသင်းကြီး တစ်သင်း ရဲ့ခြေစွမ်း ကို မြင်တွေ့ ခဲ့ ရပါတယ်။ ဆက်လက် ၍ နိုင်ပွဲ များ ယူဆောင် နိုင်မလား စောင့်ကြည့် ရမှာ ဖြစ် ပါတယ် ။ အာဆင်နယ် အသင်း ဟာ ဇန်နဝါရီ လထဲမှာ နယူးကာဆယ် အသင်း နဲ့ Fa cup မှာ တစ်ကြိမ် ၊ ပရီးမီးယားလိဂ် မှာ တစ်ကြိမ် ယှဉ်ပြိုင် ရမှာ ဖြစ်ပြီး  ခရစ်စတယ် ပဲလေ့စ် ၊ ဆောက်သမ်တန် တို့ နဲ့ ပွဲစဉ် များလဲ ရှိပါတယ်။ လကုန် မှာတော့ မန်ချက်စတာ ယူနိုက်တက် ကို အိမ်ကွင်းမှာ ဧည့်ခံ ကစား ရ မှာပါ။

Zawgyi Version




