Spots news

ဒီကလန်ရိုက်စ်ကို ယူနိုက်တက်သို့ ပြောင်းရွေ့လာဖို့ စည်းရုံးပေးနိုင်မယ့် နောက်ခံလူ လုခ်ရှော

Unicode Version

ယူရိုပြိုင်ပွဲအပြီး အားလပ်ရက်ကို အင်္ဂလန်အသင်းဖော် သူငယ်ချင်း‌တွေ ဖြစ်တဲ့ ယူနိုက်တက်ရဲ့ပစ်မှတ် ဒီကလန်ရိုက်စ်နဲ့ ဖြတ်သန်းနေတဲ့

အသင်းရဲ့ ဘယ်နောက်ခံလူ လုခ်ရှောကို ယူနိုက်တက် ပရိသတ်တွေကတော့ ‘agent Shaw’ လို့ တင်စားခေါ်ဝေါ် နေကြပါတယ်။

အင်္ဂလန်အသင်းဖော်တွေဖြစ်ကြတဲ့ လုခ်ရှော နဲ့ ဒီကလန်ရိုက်စ်တို့ဟာ အင်္ဂလန်အသင်းကို ယူရို ၂၀၂၀ ဗိုလ်လုပွဲသို့ရောက်ရှိအောင် ခြေစွမ်းပြ ကစားနိုင်ခဲ့ ပါတယ် ။

သို့ပေမယ့် အင်္ဂလန်အသင်းကတော့ ဗိုလ်လုပွဲမှာ အီတလီအသင်းကို ပင်နယ်တီနဲ့ ရှုံးနိမ့်ကာ ချန်ပီယံဆုကို လက်လွတ်ခဲ့ရပါတယ်။

လက်ရှိမှာတော့ အင်္ဂလန် အသင်းသား တွေဟာ အားလပ်ရက်မှာ အနားယူနေကြပြီး ပရိသတ်တွေက ယူနိုက်တက် ဘယ်ခံစစ်မှူးကို ဒီကလန်ရိုက်စ်ကို ယူနိုက်တက်သို့

လာကစားရန် စည်းရုံးပေးဖို့ တောင်းဆိုနေပါတယ် ။ ယူနိုက်တက် အသင်းဟာလည်း ယခုနွေရာသီမှာ အသက် ၂၂ နှစ်အရွယ် ဝက်စ်ဟမ်း ကစားသမားကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

ယူနိူက်တက် ခံစစ်ကစားသမား လုခ်ရှောဟာ ဂရိနိုင်ငံ Mykonos မှာ အင်္ဂလန်အသင်းဖော် သူငယ်ချင်းများဖြစ်တဲ့ ဒီကလန်ရိုက်စ်၊ မယ်ဆင်မောင့် ၊ ကိုင်လီဝေါ်ကာတို့နဲ့ အတူ ညနေစာစားနေတဲ့ ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်မှာ ပြန့်နှံ နေတာပဲ ဖြစ်ပါတယ်

ဗီဒီယိုဖိုင်ထဲမှာ သူတို့လေးယောက်လုံးဟာ ပျော်ရွှင်နေကြပြီး လုခ်ရှောနဲ့ ရိုက်စ်တို့ကြားမှာလည်း ခင်မင်တဲ့ ဆက်ဆံရေးကောင်းတွေ ရှိနေလိမ့်မယ်လို့ ယူနိုက်တက် ပရိသတ်တွေက ယုံကြည်နေတာပဲ ဖြစ်ပါတယ်။

ထို့ကြောင့် ယူနိုက်တက် ပရိသတ်တွေဟာ ကွင်းလယ်ကစားသမား ရိုက်စ်ကို အိုးလ်ထရက်ဖို့ဒ်သို့ ပြောင်းရွေ့ကစားလာအောင် တိုက်တွန်းပေးဖို့ ရှောကို လူမှုကွန်ရက်ပေါ်မှာ တောင်းဆိုနေကြပါတယ်။

Zawgyi Version







ယူနိုက်တက် ခံစစ်ကစားသမား လုခ်ရှောဟာ ဂရိနိုင်ငံ Mykonos မှာ အင်္ဂလန်အသင်းဖော် သူငယ်ချင်းများဖြစ်တဲ့ ဒီကလန်ရိုက်စ်၊ မယ်ဆင်မောင့် ၊ ကိုင်လီဝေါ်ကာတို့နဲ့ အတူ ညနေစာစားနေတဲ့ ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်မှာ ပြန့်နှံ နေတာပဲ ဖြစ်ပါတယ်

