Spots news

အရန်အင်အားအတွက် တဲလက်စ်ကို ရိုးမားသို့ အငှားချသွားမှာ မဟုတ်တဲ့ ယူနိုက်တက်

Unicode Version

မန်ချက်စတာယူနိုက်အသင်းဟာ နောက်ခံလူတဲလက်စ်ကို အခုနွေရာသီအပြောင်းအရွှေ့ စျေးကွက်အတွင်း တခြားအသင်းတစ်သင်းဆီအငှားချသွားမှာမဟုတ်ဘဲ အသင်းမှာပဲ ဆက်ထားသွားမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဘယ်နောက်ခံလူ လုခ်ရှောရဲ့နေရာမှာ ပွဲထွက်အသုံးပြုဖို့ တဲလက်စ်ကို ခေါ်ယူခဲ့တာဖြစ်ပေမယ့် ပြီးခဲ့တဲ့ရာသီမှာ လုခ်ရှောက အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တာကြောင့် တဲလက်စ်ဟာ ပုံမှန်ကစားခွင့်ပျောက်ဆုံးခဲ့ရပါတယ်။

တဲလက်စ်အနေနနဲ့ ပွဲထွက်ခွင့်ရဖို့အတွက် ယူနိုက်တက်အသင်းနဲ့လမ်းခွဲမယ်ဆိုပြီး သတင်းထွက်နေပေမယ့်လည်း ယူနိုက်တက်အသင်းကတော့ တဲလက်စ်ကို အသင်းမှာပဲ ဆက်ထားဖို့ဆန္ဒရှိနေတာဖြစ်ပါတယ်။

နည်းပြဆိုးလ်ရှားဟာ နေရာအလိုက်မှာ ကစားသမားနှစ်ဦးစီထားပြီး ပွဲထွက်ခွင့်ရဖို့ အပြိုင်အဆိုင်ကြိုးပမ်းတာ လိုချင်တဲ့အတွက် တဲလက်စ်ကို တခြားအသင်းတစ်သင်းဆီ အငှားမချဖို့ဆုံးဖြတ်ခဲ့တာပါ။

ယူနိုက်တက်နည်းပြဟောင်းမော်ရင်ဟို ကိုင်တွယ်နေတဲ့ ရိုးမားအသင်းဟာ အခုရက်ပိုင်းအတွင်း တဲလက်စ်ကို အငှားခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဆိုးလ်ရှားကတော့ သူ့စီမံကိန်းအရ ရိုးမားအသင်းရဲ့ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့တာဖြစ်ပါတယ်။

ရိုးမားအသင်းရဲ့ နည်းပြသစ် မော်ရင်ဟိုဟာ ယူရိုချန်ပီယံဖြစ်ခဲ့တဲ့ အီတလီအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ နောက်ခံကစားသမား လီယိုနာဒိုစပင်နာဇိုလာက ပြိုင်ပွဲအတွင်းမှာ ဆိုးရွှားလှတဲ့ ဖနောင့်ကြော အရွတ် စုတ်ပြဲတဲ့ ဒဏ်ရာရရှိခဲ့ပြီး

လာမယ့်နှစ် ဖေဖော်ဝါရီလအထိ ကာလရှည်ကြာ အနားယူရဖွယ် ရှိနေတဲ့အတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံလူ အဲလက်စ်တဲလက်စ်ကို အစားထိုး ခေါ်ယူသွားချင်နေတယ်လို့ သိရှိရပါတယ်။

Zawgyi Version

မန္ခ်က္စတာယူနိုက္အသင္းဟာ ေနာက္ခံလူတဲလက္စ္ကို အခုေႏြရာသီအေျပာင္းအေ႐ႊ႕ ေစ်းကြက္အတြင္း တျခားအသင္းတစ္သင္းဆီအငွားခ်သြားမွာမဟုတ္ဘဲ အသင္းမွာပဲ ဆက္ထားသြားမွာျဖစ္ပါတယ္။

ယူနိုက္တက္အသင္းဟာ ဘယ္ေနာက္ခံလူ လုခ္ေရွာရဲ႕ေနရာမွာ ပြဲထြက္အသုံးျပဳဖို႔ တဲလက္စ္ကို ေခၚယူခဲ့တာျဖစ္ေပမယ့္ ၿပီးခဲ့တဲ့ရာသီမွာ လုခ္ေရွာက အသင္းအတြက္ အေကာင္းဆုံးေျခစြမ္းျပနိုင္ခဲ့တာေၾကာင့္ တဲလက္စ္ဟာ ပုံမွန္ကစားခြင့္ေပ်ာက္ဆုံးခဲ့ရပါတယ္။

တဲလက္စ္အေနနနဲ႕ ပြဲထြက္ခြင့္ရဖို႔အတြက္ ယူနိုက္တက္အသင္းနဲ႕လမ္းခြဲမယ္ဆိုၿပီး သတင္းထြက္ေနေပမယ့္လည္း ယူနိုက္တက္အသင္းကေတာ့ တဲလက္စ္ကို အသင္းမွာပဲ ဆက္ထားဖို႔ဆႏၵရွိေနတာျဖစ္ပါတယ္။

နည္းျပဆိုးလ္ရွားဟာ ေနရာအလိုက္မွာ ကစားသမားႏွစ္ဦးစီထားၿပီး ပြဲထြက္ခြင့္ရဖို႔ အၿပိဳင္အဆိုင္ႀကိဳးပမ္းတာ လိုခ်င္တဲ့အတြက္ တဲလက္စ္ကို တျခားအသင္းတစ္သင္းဆီ အငွားမခ်ဖိဳ႕ဆုံးျဖတ္ခဲ့တာပါ။

ယူနိုက္တက္နည္းျပေဟာင္းေမာ္ရင္ဟို ကိုင္တြယ္ေနတဲ့ ရိုးမားအသင္းဟာ အခုရက္ပိုင္းအတြင္း တဲလက္စ္ကို အငွားေခၚယူဖို႔ ကမ္းလွမ္းခဲ့ေပမယ့္ ဆိုးလ္ရွားကေတာ့ သူ႕စီမံကိန္းအရ ရိုးမားအသင္းရဲ႕ကမ္းလွမ္းမႈကို ျငင္းဆန္ပယ္ခ်ခဲ့တာျဖစ္ပါတယ္။

ရိုးမားအသင္းရဲ႕ နည္းျပသစ္ ေမာ္ရင္ဟိုဟာ ယူရိုခ်န္ပီယံျဖစ္ခဲ့တဲ့ အီတလီအတြက္ ေျခစြမ္းျပသနိုင္ခဲ့တဲ့ ေနာက္ခံကစားသမား လီယိုနာဒိုစပင္နာဇိုလာက ၿပိဳင္ပြဲအတြင္းမွာ ဆိုး႐ႊားလွတဲ့ ဖေနာင့္ေၾကာ အ႐ြတ္ စုတ္ၿပဲတဲ့ ဒဏ္ရာရရွိခဲ့ၿပီး

လာမယ့္ႏွစ္ ေဖေဖာ္ဝါရီလအထိ ကာလရွည္ၾကာ အနားယူရဖြယ္ ရွိေနတဲ့အတြက္ မန္ခ်က္စတာယူနိုက္တက္အသင္းရဲ႕ ဘယ္ေနာက္ခံလူ အဲလက္စ္တဲလက္စ္ကို အစားထိုး ေခၚယူသြားခ်င္ေနတယ္လို႔ သိရွိရပါတယ္။