Spots news

ခေါ်ယူဖို့ ခက်ခဲနေတဲ့ ဟာလန်းထက် ဝါရင့် လီဝမ်ဒေါစကီးကိုပဲ ခေါ်ယူတော့မယ့် ချယ်လ်ဆီး

Unicode Version

ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အဆင်မပြေတာကြောင့် ဟာလန်းအစား အဘိုင်ယန်မြူးနစ်အသင်းက ထွက်ခွာဖို့ နာမည်ကြီးနေတဲ့ လီဝန်ဒေါစကီးကိုပဲ ပြောင်းလဲပစ်မှတ်ထားဖွယ် ရှိ နေပါတယ်။

ချယ်လ်ဆီးအသင်းဟာ အားနည်းနေတဲ့ တိုက်စစ်အတွက် Golden Boy ဆုရှင် ဟာလန်းကို အလိုရှိနေတာဖြစ်ပေမယ့် ဟာလန်းအတွက် ပြောင်းရွှေ့ကြေး အပါအဝင် အေဘရာဟမ် ဒါမှမဟုတ် အိုဒွိုင်းတို့ထဲက ကစားသမားတစ်ယောက်နဲ့ အလိုက်ပေး ကမ်းလှမ်းခဲ့ပေမယ့်လည်း ဒေါ့မွန်ဘက်ကနေ ပယ်ချထားခဲ့ပါတယ်။

 

ထို့ကြောင့် ချယ်လ်ဆီးအသင်းဟာ ဟာလန်းအစား ပစ်မှတ်ပြောင်းလဲလိုက်ရပြီး လတ်ရှိအချိန်မှာ အနာဂတ်မတည်ငြိမ်ပဲ ပရီးမီးယားလိဂ်သို့ ပြောင်းလဲ ကစားချင်ကြောင်း‌ ပြောဆိုထားတဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူးလီဝန်ဒေါစကီးကို ပစ်မှတ်ထားလာခဲ့ပါတယ်။

အသက်(၃၂)နှစ် ရှိပြီ ဖြစ်တဲ့ လီဝန်ဒေါစကီးဟာ ဘိုင်ယန်အသင်းရဲ့ အဓိက ဂိုးသွင်းစက် ဖြစ်ပေမယ့် သူကိုယ်တိုင်က အသင်းနဲ့ စာချုပ်သက်တမ်း မပြည့်ခင်မှာ အသင်းကနေ ထွက်ခွာချင်နေပြီး ပရီးမီးယားလိဂ်မှာ အတွေ့အကြုံသစ်တွေကို ရှာဖွေဖို့ စိတ်ဝင်စား‌ နေတာဖြစ်ပါတယ်။

လီဝန်ဒေါစကီးဟာ သူရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝ အချိန်အများစုကို ဂျာမန်ဘွန်ဒစ်လီဂါ ကလပ်အသင်းများမှာပဲ ဖြတ်သန်းခဲ့ရတာဖြစ်လို့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပရီးမီးယားလိဂ်သို့ အနားမယူခင် ပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန် နေတာပဲ ဖြစ်ပါတယ်။

ထို့ကြောင့် လီဝန်ဒေါစကီးအတွက် ချယ်လ်ဆီးအသင်းဘက်ကနေ ပေါင်သန်း(၅၀)နဲ့ စတင်ကမ်းလှမ်းလာဖွယ် ရှိနေပြီး ဘိုင်ယန်ဘက်က အလိုရှိနေတဲ့ အိုဒွိုင်းကို အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ်နဲ့ ထည့်သွင်းကမ်းလှမ်း နိုင်ပါတယ်။

Zawgyi Version

ခ်ယ္လ္ဆီးအသင္းဟာ အသင္းရဲ႕ အဓိကပစ္မွတ္ျဖစ္တဲ့ ေဒါ့မြန္တိုက္စစ္မႉး ဟာလန္းကို ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း အဆင္မေျပတာေၾကာင့္ ဟာလန္းအစား အဘိုင္ယန္ျမဴးနစ္အသင္းက ထြက္ခြာဖို႔ နာမည္ႀကီးေနတဲ့ လီဝန္ေဒါစကီးကိုပဲ ေျပာင္းလဲပစ္မွတ္ထားဖြယ္ ရွိ ေနပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ အားနည္းေနတဲ့ တိုက္စစ္အတြက္ Golden Boy ဆုရွင္ ဟာလန္းကို အလိုရွိေနတာျဖစ္ေပမယ့္ ဟာလန္းအတြက္ ေျပာင္းေ႐ႊ႕ေၾကး အပါအဝင္ ေအဘရာဟမ္ ဒါမွမဟုတ္ အိုဒြိုင္းတို႔ထဲက ကစားသမားတစ္ေယာက္နဲ႕ အလိုက္ေပး ကမ္းလွမ္းခဲ့ေပမယ့္လည္း ေဒါ့မြန္ဘက္ကေန ပယ္ခ်ထားခဲ့ပါတယ္။

ထို႔ေၾကာင့္ ခ်ယ္လ္ဆီးအသင္းဟာ ဟာလန္းအစား ပစ္မွတ္ေျပာင္းလဲလိုက္ရၿပီး လတ္ရွိအခ်ိန္မွာ အနာဂတ္မတည္ၿငိမ္ပဲ ပရီးမီးယားလိဂ္သို႔ ေျပာင္းလဲ ကစားခ်င္ေၾကာင္း‌ ေျပာဆိုထားတဲ့ ဘိုင္ယန္ျမဴးနစ္ တိုက္စစ္မႉးလီဝန္ေဒါစကီးကို ပစ္မွတ္ထားလာခဲ့ပါတယ္။

အသက္(၃၂)ႏွစ္ ရွိၿပီ ျဖစ္တဲ့ လီဝန္ေဒါစကီးဟာ ဘိုင္ယန္အသင္းရဲ႕ အဓိက ဂိုးသြင္းစက္ ျဖစ္ေပမယ့္ သူကိုယ္တိုင္က အသင္းနဲ႕ စာခ်ဳပ္သက္တမ္း မျပည့္ခင္မွာ အသင္းကေန ထြက္ခြာခ်င္ေနၿပီး ပရီးမီးယားလိဂ္မွာ အေတြ႕အႀကဳံသစ္ေတြကို ရွာေဖြဖို႔ စိတ္ဝင္စား‌ ေနတာျဖစ္ပါတယ္။

လီဝန္ေဒါစကီးဟာ သူရဲ႕ ပေရာ္ဖက္ရွင္နယ္ ေဘာလုံးသမားဘဝ အခ်ိန္အမ်ားစုကို ဂ်ာမန္ဘြန္ဒစ္လီဂါ ကလပ္အသင္းမ်ားမွာပဲ ျဖတ္သန္းခဲ့ရတာျဖစ္လို႔ ၿပိဳင္ဆိုင္မႈ ျပင္းထန္တဲ့ ပရီးမီးယားလိဂ္သို႔ အနားမယူခင္ ေျပာင္းေ႐ႊ႕ကစားဖို႔ စိတ္အားထက္သန္ ေနတာပဲ ျဖစ္ပါတယ္။

ထို႔ေၾကာင့္ လီဝန္ေဒါစကီးအတြက္ ခ်ယ္လ္ဆီးအသင္းဘက္ကေန ေပါင္သန္း(၅၀)နဲ႕ စတင္ကမ္းလွမ္းလာဖြယ္ ရွိေနၿပီး ဘိုင္ယန္ဘက္က အလိုရွိေနတဲ့ အိုဒြိုင္းကို အေျပာင္းအေ႐ႊ႕ရဲ႕ တစိတ္တပိုင္းအျဖစ္နဲ႕ ထည့္သြင္းကမ္းလွမ္း နိုင္ပါတယ္။