Spots news

နားရက်ကိုလျော့ချကာ အသင်းဟောင်းဆီအလည်သွားရင်း trainingဆင်းနေတဲ့ ဘရူနို

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ဟာ သူ့ရဲ့ရာသီကြို အပန်းဖြေ အားလပ်ရက်တွေကို လျှော့ချလိုက်ပြီး ပေါ်တူဂီမှာပဲ လေ့ကျင့်ခန်းတွေ ပြန်လည်ပြုလုပ်နေပြီ ဖြစ်ပါတယ်။

ပေါ်တူဂီ သတင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဖာနန်ဒက်စ်ဟာ သူ့ရဲ့ အသင်းဟောင်း ဘိုအာဗစ္စတာလေ့ကျင့်ရေးကွင်းမှာ သွားရောက်လေ့ကျင့်နေတာဖြစ်ပြီး ဒီအကြောင်းကိုလည်း ဘူရူနိုရဲ့ အသင်းဟောင်းက တွစ်တာကနေ ဖော်ပြခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ် ပေါ်တူဂီကွင်းလယ်လူဟာ ကလပ်အသင်းက ခြေစွမ်းမျိုး ယူရိုပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိဘဲ ပေါ်တူဂီ အသင်းကလည်း ၁၆ သင်းအဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဖာနန်ဒက်စ်ကတော့ အားလပ်ရက်တွေ ရရှိနေပေမယ့် အပန်း‌ဖြေမယ့် ရက်တွေကို လျှော့ချလိုက်ကာ စောစောစီးစီး ပြန်လည်လေ့ကျင့်နေပြီး ယူနိုက်တက် နဲ့ပူးပေါင်းခြင်းတော့မရှိသေးဘူးလို့ သိရပါတယ်။

ဘူနိုလေ့ကျင့်နေတဲ့ အသင်းဟောင်း ဘိုအာဗစ္စတာအသင်းကလည်း သူတို့ရဲ့တွစ်တာကနေ “စိတ်မပူပါနဲ့ မန်ယူနိုက်တက်၊ ပိုပြီးကောင်းတဲ့ ဖာနန်ဒက်စ်အဖြစ်နဲ့ ပြန်ရောက်လာပါလိမ့်မယ်” လို့ ရေးသားပြောဆိုခဲ့ပါတယ်။

ဖာနန်ဒက်စ်နဲ့အတူ နောက်ထပ် ကစား‌ဖော်တစ်ဦးက ပူးတွဲလေ့ကျင့်ပေးနေပြီး အပေါ့စားလေ့ကျင့်ခန်းတွေအပြင် အခြားသောလေ့ကျင့်မှုတွေကိုပါ ပြုလုပ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အတွက် ၂၈ ဂိုးအထိသွင်းယူကာ အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့တဲ့ ဖာနန်ဒက်စ်ဟာ ပေါ်တူဂီ အသင်းနဲ့ ယူရိုပြိုင်ပွဲမှာတော့ ထူးထူးခြားခြားလုပ်ပြနိုင်ခဲ့ခြင်းမရှိပါဘူး။

ဒါပေမယ့် ဖာနန်ဒက်စ်ဟာ ယူနိုက်တက်မှာ‌တော့ အချိန်တိုအတွင်း အသင်းရဲ့အရေးအပါဆုံးကစားသမားဖြစ်ခဲ့ပြီး နည်းပြဆိုးလ်ရှားရဲ့ ယုံကြည်မှုကို အပြည့်အဝရရှိခဲ့ကာ တစ်ရာသီခွဲအတွင်း ပွဲပေါင်း ၈၀ အထိ ကစားပေးခဲ့ရပြီး ဂိုးပေါင်း ၄၀ အထိ ရရှိထားခဲ့ပြီးဖြစ်ပါတယ်။

Zawgyi Version







