Spots news

နာပိုလီအသင်းခေါင်းဆောင် အင်ဆစ်ဂ်နီကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားတဲ့ စပါး

Unicode Version

ပရီးမီးယားလိဂ် နာမည်ကြီး ထိပ်သီးကလပ် စပါးအသင်းဟာ အီတလီအသင်းနဲ့ ပူပူနွေးနွေး ယူရို-၂၀၂၀ ချန်ပီယံ ရရှိထားတဲ့ နာပိုလီအသင်းရဲ့

တိုက်စစ် ကစားသမား အင်ဆစ်ဂ်နီကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း အီတလီ အခြေစိုက် အားကစား သတင်းဌာနတွေက ဖော်ပြသွားပါတယ်

အသက် ၃၀အရွယ် ရှိပြီဖြစ်တဲ့ တောင်ပံတိုက်စစ် ကစားသမား အင်ဆစ်ဂ်နီဟာ နာပိုလီအသင်းရဲ့ လူငယ်အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်သလို

အသင်း ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား တဦးလည်း ဖြစ်ပေမယ့် ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းပြောင်းဖို့ စဉ်းစားနေသူပါ။

လက်ရှိမှာ နာပိုလီအသင်းရဲ့ နည်းပြဟောင်း ဆာရီ ကိုင်တွယ်နေတဲ့ လာဇီယိုအသင်းဟာ အင်ဆစ်ဂ်နီကို ခေါ်ယူဖို့ ကြိုးစားနေပြီး

နာပိုလီအသင်းကလည်း သူတို့လိုချင်တဲ့ ပြောင်းရွှေ့ကြေးကို ရရှိပါက အင်ဆစ်ဂ်နီကို ရောင်းထုတ်ဖို့ အဆင်သင့် ရှိနေကြောင်း သိရပါတယ်။

အီတလီ သတင်းထောက် ပါဂါနီနီကလည်း လာဇီယိုအသင်းဟာ အင်ဆစ်ဂ်နီကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်းကို အတည်ပြု သွားခဲ့ပါတယ်။ “အီတလီမှာတော့ လာဇီယိုအသင်းက

အင်ဆစ်ဂ်နီကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ ဆာရီက အင်ဆစ်ဂ်နီ ၊ အင်မိုဘိုင်းလီ ၊ အန်ဒါဆန်တို့ အတွဲကို သုံးချင်နေတာပါ” လို့ ပြောကြားထားပါတယ်။

ဆက်လက်ပြီး ပါဂါနီနီက လာဇီယိုအသင်းအပြင် ပရီးမီးယားလိဂ်ကလပ် စပါးအသင်းကလည်း အင်ဆစ်ဂ်နီကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း

ပြောကြားခဲ့ပါတယ်။စပါးအသင်းဟာ အင်ဆစ်ဂ်နီအတွက် ချိတ်ဆက်မှုတွေ စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

နာပိုလီအသင်း ကတော့ ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ အင်ဆစ်ဂ်နီ ၊ ကူလီဘလီ စတဲ့ ကစားသမားတွေကို ရောင်းထုတ်ဖို့ စဉ်းစားထားပြီး

အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ အင်ဆစ်ဂ်နီကို ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင် ရရှိရင် ရောင်းချဖို့ ရှိကြောင်း သိရပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ နာမည္ႀကီး ထိပ္သီးကလပ္ စပါးအသင္းဟာ အီတလီအသင္းနဲ႕ ပူပူေႏြးေႏြး ယူရို-၂၀၂၀ ခ်န္ပီယံ ရရွိထားတဲ့ နာပိုလီအသင္းရဲ႕

တိုက္စစ္ ကစားသမား အင္ဆစ္ဂ္နီကို ေခၚယူဖို႔ ႀကိဳးပမ္းေနေၾကာင္း အီတလီ အေျခစိုက္ အားကစား သတင္းဌာနေတြက ေဖာ္ျပသြားပါတယ္။

အသက္ ၃၀အ႐ြယ္ ရွိၿပီျဖစ္တဲ့ ေတာင္ပံတိုက္စစ္ ကစားသမား အင္ဆစ္ဂ္နီဟာ နာပိုလီအသင္းရဲ႕ လူငယ္အကယ္ဒမီထြက္ ကစားသမား တဦး ျဖစ္သလို

အသင္း ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ကစားသမား တဦးလည္း ျဖစ္ေပမယ့္ ယခုႏွစ္ ေႏြေဈးကြက္ အတြင္းမွာ အသင္းေျပာင္းဖို႔ စဥ္းစားေနသူပါ။

လက္ရွိမွာ နာပိုလီအသင္းရဲ႕ နည္းျပေဟာင္း ဆာရီ ကိုင္တြယ္ေနတဲ့ လာဇီယိုအသင္းဟာ အင္ဆစ္ဂ္နီကို ေခၚယူဖို႔ ႀကိဳးစားေနၿပီး

နာပိုလီအသင္းကလည္း သူတို႔လိုခ်င္တဲ့ ေျပာင္းေ႐ႊ႕ေၾကးကို ရရွိပါက အင္ဆစ္ဂ္နီကို ေရာင္းထုတ္ဖို႔ အဆင္သင့္ ရွိေနေၾကာင္း သိရပါတယ္။

အီတလီ သတင္းေထာက္ ပါဂါနီနီကလည္း လာဇီယိုအသင္းဟာ အင္ဆစ္ဂ္နီကို ေခၚယူဖို႔ ႀကိဳးပမ္းေနေၾကာင္းကို အတည္ျပဳ သြားခဲ့ပါတယ္။ “အီတလီမွာေတာ့ လာဇီယိုအသင္းက

အင္ဆစ္ဂ္နီကို ေခၚယူဖို႔ ႀကိဳးပမ္းေနပါတယ္။ ဆာရီက အင္ဆစ္ဂ္နီ ၊ အင္မိုဘိုင္းလီ ၊ အန္ဒါဆန္တို႔ အတြဲကို သုံးခ်င္ေနတာပါ” လို႔ ေျပာၾကားထားပါတယ္။

ဆက္လက္ၿပီး ပါဂါနီနီက လာဇီယိုအသင္းအျပင္ ပရီးမီးယားလိဂ္ကလပ္ စပါးအသင္းကလည္း အင္ဆစ္ဂ္နီကို ေခၚယူဖို႔ ႀကိဳးပမ္းေနေၾကာင္း

ေျပာၾကားခဲ့ပါတယ္။စပါးအသင္းဟာ အင္ဆစ္ဂ္နီအတြက္ ခ်ိတ္ဆက္မႈေတြ စတင္ ျပဳလုပ္ေနၿပီ ျဖစ္ေၾကာင္း သိရပါတယ္။

နာပိုလီအသင္း ကေတာ့ ယခုႏွစ္ ေႏြေဈးကြက္ အတြင္းမွာ အသင္းရဲ႕ အဓိက ကစားသမားေတြ ျဖစ္တဲ့ အင္ဆစ္ဂ္နီ ၊ ကူလီဘလီ စတဲ့ ကစားသမားေတြကို ေရာင္းထုတ္ဖို႔ စဥ္းစားထားၿပီး

အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ေတာ့တဲ့ အင္ဆစ္ဂ္နီကို ေျပာင္းေ႐ႊ႕ေၾကး ယူရို ၂၀သန္း ဝန္းက်င္ ရရွိရင္ ေရာင္းခ်ဖိဳ႕ ရွိေၾကာင္း သိရပါတယ္။