Spots news

ဗာရန်းကို ခေါ်ယူရင်း ဗင်နီဆီးယက်စ် ဂျူနီယာကို အဆစ်ဝယ်ရမလို ဖြစ်နေတဲ့ ယူနိုက်တက်

Unicode Version

ရီးရဲလ်မက်ဒရစ် အသင်းဟာ သူတို့ရဲ့ဘရာဇီးလူငယ်တိုက်စစ် ကစားသမားဗင်နီစီယက်စ် ဂျူနီယာကို ရောင်းချသွားချင်လို့

မန်ချက်စတာ ယူနိုက်တက် အသင်းကို ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ တိုက်တွန်းခဲ့တယ်လို့ ဗြိတိန် အခြေစိုက်သတင်းစာ The Mirror က ဖော်ပြခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ယူနိုက်တက်အသင်းတာဝန် ရှိသူတွေဟာ လက်ရှိအချိန်မှာ ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဗာရန်းရဲ့အပြောင်းအရွှေ့နဲ့

ပတ်သက်လို့ ဆွေးနွေးနေတာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က ဗာရန်းအပြင် ဗင်နီစီယက်စ်ကိုပါ ခေါ်ယူဖို့ ယူနိုက်တက် အသင်းဆီကမ်းလှမ်းခဲ့ခြင်း ဖြစ်ပါတယ်။

ရီးရဲလ် မက်ဒရစ်အသင်းဟာ ပီအက်စ်ဂျီ အသင်းရဲ့ ပြင်သစ်နာမည်ကျော် တိုက်စစ် ကစားသမားကီလီယန် အမ်ဘာပေကို ခေါ်ယူဖို့အတွက် ယခုနွေရာသီ

အပြောင်းအရွေ့မှာ ကြိုးစားနေပြီး ဘာပေအတွက် ပြောင်းရွှေ့ကြေးရဖို့ ဗာရန်းအပြင် နောက်ထပ် ကစားသမား တစ်ဦးကိုလည်း ရောင်းချရမယ့် အနေအထားပါ။

ထို့ကြောင့် ရီးရဲလ်အသင်းက ဗင်နီစီယက်စ်ကို ပြောင်းရွေ့ကြေး ပေါင် ၆၈.၅ သန်းနဲ့ခေါ်ယူဖို့ ယူနိုက်တက် အသင်းဆီ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ယူနိုက်တက် အသင်းဟာ ဗင်နီစီယက်စ်ကို

ခေါ်ယူလိုပေမယ့် ရီးရဲလ်အသင်း တောင်းဆိုတဲ့ ပမာဏဟာ များပြားလွန်းတဲ့အတွက် မပေးလိုတဲ့အတွက်အငှားနဲ့ခေါ်ယူဖို့ ပိုများတယ်လို့ The Mirror က ဖော်ပြခဲ့ပါတယ်။

အသက် ၂၁ နှစ်အ ရွယ်သာရှိသေးတဲ့ ဗင်နီစီယက်စ်ဟာ အရည်အသွေးရှိတဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်ပေမယ့် ဂိုးသွင်းစွမ်းရည်အားနည်းပြီး

၂၀၁၈-၁၉ ရာသီမှာ ၄ ဂိုး၊ ၂၀၁၉-၂၀ ရာသီမှာ ၅ ဂိုးနဲ့ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ၆ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။

Zawgyi Version









