Spots news

မက်ဆီနဲ့အတူ စီနီယာကစားသမားတွေ လုပ်ခလစာလျော့ယူပေးဖို့ တောင်းဆိုနေတဲ့ ဘာစီလိုနာ

Unicode Version

စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ငွေကြေးအကြပ်အတည်းကြောင့် စီနီယာ ကစားသမား အချို့ကို လုပ်ခ လစာ လျော့ယူကြဖို့ ညှိနှိုင်း ဆောင်ရွက် နေတယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းရဲ့ အားကစား ဒါရိုက်တာ မက်သရူး အယ်လီမန်နီက အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့  ပီကေး၊ရော်ဘတ်တို၊ဘတ်စ်ကွက်ဇ်တို့ရဲ့ အေးဂျင့်တွေနဲ့ တွေ့ဆုံပြီး လစာလျော့ချနိုင်ရေး အတွက် ညှိုနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။

ဘာစီလိုနာအသင်းကတော့ တတ်နိုင်သမျှ အသင်းရဲ့ လုပ်ခငွေတွေကို လျော့ချနိုင်မယ်လို့ မျှော်လင့်ထားပြီး ၂၀၂၁-၂၂ ဘော လုံး ရာသီမှာ လာလီဂါရဲ့ ဘဏ္ဍာရေး ဆိုင်ရာ စည်းမျဥ်း မချိုးဖောက်မိနိုင်စေဖို့ အဓိကထား လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

ဒီလိုအခြေအနေကို အောင်မြင်စွာ ကျော်လွှားဖို့ ဆိုရင်တော့ လက်ရှိ အသင်းမှာ ပေးချေနေတဲ့ လုပ်ခ လစာငွေတွေထဲက စုစု ပေါင်း ပေါင် ၁၅၆သန်းလောက်ကို ဘာစီလိုနာအသင်းရဲ့ တာဝန်ရှိသူတွေ အနေနဲ့ လျော့ချနိုင်ဖို့ လိုအပ်နေတာပါ။

ပြီးခဲ့တဲ့ ဘောလုံးရာသီက အသင်းရဲ့ လစာ အကန့်အသတ်က ပေါင် ၂၉၆သန်း ရှိခဲ့ပြီး ယခုနှစ်မှာတော့ ၁၃၆သန်းအထိ လျော့ကျ သွားပါတယ်။

လက်ရှိအချိန်မှာ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ကစားသမား တစ်ဦးချင်းစီကို အီးလ်မေးတွေ ပေးပို့နေပြီး လက်ရှိ ကလပ် ကြုံတွေ့နေရတဲ့ ဘဏ္ဍာငွေ အခက်အခဲကို လစာငွေ လျော့ယူ ပေးဖို့ ညှိနှိုင်းနေတာပဲ ဖြစ်ပါတယ်။

မကြာသေးခင်ကလည်း အသင်းက ထွက်ခွာမယ်လို့ သတင်းထွက်ခဲ့တဲ့ အသင်းရဲ့ အဓိက  ကစားသမား အသင်းခေါင်းဆောင် မက်ဆီဟာ အသင်းမှာ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့ပြီး သူ့ရဲ့
ပုံမှန် ရနေတဲ့ လုပ်ခ လစာကိုလည်း တစ်ဝက်တိတိ လျော့ယူပေးလိုက်ပါတယ်။

ဒါဟာ ဘာစီလိုနာအတွက်တော့ အင်မတန်မှ အခက်အခဲတွေကို ပြေလည်နိုင်စေခဲ့တဲ့ သဘောတူညီမှူ ဖြစ်လာခဲ့ပြီး မက်‌ဆီနည်းတူ နောက်ထပ်လည်း စီနီယာ ကစားသမားတွေက လစာ လျော့ယူပေးကြမယ်လို့ ဘာစီလိုနာအသင်းက မျှော်လင့် နေတာပါ။

ကလပ်အသင်းအနေနဲ့ ကစးသမားတွေကို လစာလျော့ယူပေးကြဖို့ တောင်းဆိုနေပေမယ့်လည်း အသင်းအတွက် လိုအပ်တဲ့ ကစားသမား ဖြည့်တင်းမှုတွေကိုတော့ လုပ်ဆောင်နေပြီး
အဂူရို၊ဒီပေး၊ဂါစီယာနဲ့အီမာဆင်ရွိုင်ရယ်တို့ကို ခေါ်ယူထားပါတယ်။

Zawgyi Version

စပိန္လာလီဂါ အင္အားႀကီးကလပ္ ဘာစီလိုနာအသင္းဟာ အသင္းရဲ႕ ေငြေၾကးအၾကပ္အတည္းေၾကာင့္ စီနီယာ ကစားသမား အခ်ိဳ႕ကို လုပ္ခ လစာ ေလ်ာ့ယူၾကဖို႔ ညွိႏွိုင္း ေဆာင္႐ြက္ ေနတယ္လို႔ သိရပါတယ္။

ဘာစီလိုနာအသင္းရဲ႕ အားကစား ဒါရိုက္တာ မက္သ႐ူး အယ္လီမန္နီက အသင္းရဲ႕ အဓိက ကစားသမားေတြ ျဖစ္တဲ့  ပီေကး၊ေရာ္ဘတ္တို၊ဘတ္စ္ကြက္ဇ္တို႔ရဲ႕ ေအးဂ်င့္ေတြနဲ႕ ေတြ႕ဆုံၿပီး လစာေလ်ာ့ခ်နိဳင္ေရး အတြက္ ညွိုႏွိုင္းမႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း သိရပါတယ္။

ဘာစီလိုနာအသင္းကေတာ့ တတ္နိုင္သမွ် အသင္းရဲ႕ လုပ္ခေငြေတြကို ေလ်ာ့ခ်နိဳင္မယ္လို႔ ေမွ်ာ္လင့္ထားၿပီး ၂၀၂၁-၂၂ ေဘာ လုံး ရာသီမွာ လာလီဂါရဲ႕ ဘ႑ာေရး ဆိုင္ရာ စည္းမ်ဥ္း မခ်ိဳးေဖာက္မိနိုင္ေစဖို႔ အဓိကထား လုပ္ေဆာင္ေနတာပဲ ျဖစ္ပါတယ္။

ဒီလိုအေျခအေနကို ေအာင္ျမင္စြာ ေက်ာ္လႊားဖို႔ ဆိုရင္ေတာ့ လက္ရွိ အသင္းမွာ ေပးေခ်ေနတဲ့ လုပ္ခ လစာေငြေတြထဲက စုစု ေပါင္း ေပါင္ ၁၅၆သန္းေလာက္ကို ဘာစီလိုနာအသင္းရဲ႕ တာဝန္ရွိသူေတြ အေနနဲ႕ ေလ်ာ့ခ်နိဳင္ဖို႔ လိုအပ္ေနတာပါ။

ၿပီးခဲ့တဲ့ ေဘာလုံးရာသီက အသင္းရဲ႕ လစာ အကန႔္အသတ္က ေပါင္ ၂၉၆သန္း ရွိခဲ့ၿပီး ယခုႏွစ္မွာေတာ့ ၁၃၆သန္းအထိ ေလ်ာ့က် သြားပါတယ္။

လက္ရွိအခ်ိန္မွာ ဘာစီလိုနာအသင္းဟာ အသင္းရဲ႕ ကစားသမား တစ္ဦးခ်င္းစီကို အီးလ္ေမးေတြ ေပးပို႔ေနၿပီး လက္ရွိ ကလပ္ ႀကဳံေတြ႕ေနရတဲ့ ဘ႑ာေငြ အခက္အခဲကို လစာေငြ ေလ်ာ့ယူ ေပးဖို႔ ညွိႏွိုင္းေနတာပဲ ျဖစ္ပါတယ္။

မၾကာေသးခင္ကလည္း အသင္းက ထြက္ခြာမယ္လို႔ သတင္းထြက္ခဲ့တဲ့ အသင္းရဲ႕ အဓိက  ကစားသမား အသင္းေခါင္းေဆာင္ မက္ဆီဟာ အသင္းမွာ ဆက္ရွိေနဖို႔ ဆုံးျဖတ္ခဲ့ၿပီး သူ႕ရဲ႕
ပုံမွန္ ရေနတဲ့ လုပ္ခ လစာကိုလည္း တစ္ဝက္တိတိ ေလ်ာ့ယူေပးလိုက္ပါတယ္။

ဒါဟာ ဘာစီလိုနာအတြက္ေတာ့ အင္မတန္မွ အခက္အခဲေတြကို ေျပလည္နိုင္ေစခဲ့တဲ့ သေဘာတူညီမႉ ျဖစ္လာခဲ့ၿပီး မက္‌ဆီနည္းတူ ေနာက္ထပ္လည္း စီနီယာ ကစားသမားေတြက လစာ ေလ်ာ့ယူေပးၾကမယ္လို႔ ဘာစီလိုနာအသင္းက ေမွ်ာ္လင့္ ေနတာပါ။

ကလပ္အသင္းအေနနဲ႕ ကစးသမားေတြကို လစာေလ်ာ့ယူေပးၾကဖို႔ ေတာင္းဆိုေနေပမယ့္လည္း အသင္းအတြက္ လိုအပ္တဲ့ ကစားသမား ျဖည့္တင္းမႈေတြကိုေတာ့ လုပ္ေဆာင္ေနၿပီး
အဂူရို၊ဒီေပး၊ဂါစီယာနဲ႕အီမာဆင္႐ြိုင္ရယ္တို႔ကို ေခၚယူထားပါတယ္။