Unicode Version
မန်ချက်စတာ ယူနိုက်တက်ရဲ့ ဥရုဂွေး လူငယ်ကြယ်ပွင့် ပယ်လီစထရီဟာ ယခုနွေရာသီမှာ ပြီးခဲ့တဲ့ ရာသီက
အငှားသွားရောက် ကစားခဲ့တဲ့ လာလီဂါကလပ် အလာဗတ်အသင်းထံ အငှားပြောင်းရွေ့ဖို့ အလားအလာများ နေသူဖြစ်ပါတယ်။
အသက်(၁၉)နှစ်အရွယ် ပယ်လီစထရီဟာ ၂၀၂၀ ခုနှစ်ကမှ ယူနိုက်တက်အကယ်ဒမီကို ရောက်ရှိခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက အသင်းကြီးအတွက်
ခေါ်ယူခံခဲ့ရပါတယ်။ သို့ပေမယ့် ရာသီဝက်မှာ အလာဗတ်အသင်းဆီ အတွေ့အကြုံရစေဖို့ အငှားနဲ့သွားရောက် ကစားခဲ့ရပါတယ်။
သို့ပေမယ့် ဥရုဂွေး လူငယ် ဆယ်ကျော်သက် တောင်ပံကစားသမား ပယ်လီစထရီဟာ မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ယူနိုက်တက် ဂန္ဓဝင်ကစားသမား ဝိန်းရွန်းနီရဲ့
ဒါဘီကောင်တီအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပထမဆုံး ရာသီကြိုပွဲစဉ်မှာ ယူနိုက်တက် ကစားအဖြစ် ပါဝင် ခြေစွမ်းပြခဲ့ပါတယ်။
ယူနိုက်တက် လူငယ်ကြယ်ပွင့် တာဟစ်ချောင်က ပထမပိုင်းမှာ ယူနိုက်တက်အတွက် ဒါဘီဘက်ကို ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီးနောက်
ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ဒုတိယပိုင်းမှာ ကစားသမား အပြောင်းအလဲများစွာ ပြုလုပ်ခဲ့ပါတယ်။
ဥရုဂွေး ကြယ်ပွင့် ပယ်လီထရီကလည်း အဆိုပါ
လူစားဝင် ကစားသမားတွေထဲမှာ ပါဝင်ခဲ့ပြီး ဒုတိယပိုင်းစတင်ပြီး မကြာခင်မှာပဲ
ယူနိုက်တက်အတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို လှလှပပ သွင်းယူပေးနိုင်ခဲ့ပြီး နည်းပြဆိုးလ်ရှားကို သဘောကျစေခဲ့ပါတယ်။
သရဲနီလူငယ်တွေဟာ ခြေစွမ်းပြခဲ့ပြီး ပထမပိုင်းအပြီးမှာ လူစားဝင်ကစားခွင့်ရခဲ့တဲ့ လူငယ် ရှောတိုင်ယာက တိကျတဲ့ ဖန်တီးပေးပို့မှုပြုလုပ်ခဲ့ပြီး
ပယ်လီစထရီက ဘောလုံးကို တည်တည်ငြိမ်ငြိမ် အရယူကာ ဒါဘီဂိုးသမားကို တည်ငြိမ်စွာဖြတ်ကျော်ခဲ့ပြီး လှလှပပ သွင်းယူခဲ့တာပါ။
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ ဥ႐ုေဂြး လူငယ္ၾကယ္ပြင့္ ပယ္လီစထရီဟာ ယခုေႏြရာသီမွာ ၿပီးခဲ့တဲ့ ရာသီက
အငွားသြားေရာက္ ကစားခဲ့တဲ့ လာလီဂါကလပ္ အလာဗတ္အသင္းထံ အငွားေျပာင္းေ႐ြ႕ဖို႔ အလားအလာမ်ား ေနသူျဖစ္ပါတယ္။
အသက္(၁၉)ႏွစ္အ႐ြယ္ ပယ္လီစထရီဟာ ၂၀၂၀ ခုႏွစ္ကမွ ယူနိုက္တက္အကယ္ဒမီကို ေရာက္ရွိခဲ့တာ ျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီတုန္းက အသင္းႀကီးအတြက္
ေခၚယူခံခဲ့ရပါတယ္။ သို႔ေပမယ့္ ရာသီဝက္မွာ အလာဗတ္အသင္းဆီ အေတြ႕အႀကဳံရေစဖို႔ အငွားနဲ႕သြားေရာက္ ကစားခဲ့ရပါတယ္။
သို႔ေပမယ့္ ဥ႐ုေဂြး လူငယ္ ဆယ္ေက်ာ္သက္ ေတာင္ပံကစားသမား ပယ္လီစထရီဟာ မေန႕ညက ယွဥ္ၿပိဳင္ခဲ့တဲ့ ယူနိုက္တက္ ဂႏၶဝင္ကစားသမား ဝိန္း႐ြန္းနီရဲ႕
ဒါဘီေကာင္တီအသင္းနဲ႕ ယွဥ္ၿပိဳင္ခဲ့တဲ့ ပထမဆုံး ရာသီႀကိဳပြဲစဥ္မွာ ယူနိုက္တက္ ကစားအျဖစ္ ပါဝင္ ေျခစြမ္းျပခဲ့ပါတယ္။
ယူနိုက္တက္ လူငယ္ၾကယ္ပြင့္ တာဟစ္ေခ်ာင္က ပထမပိုင္းမွာ ယူနိုက္တက္အတြက္ ဒါဘီဘက္ကို ဦးေဆာင္ဂိုး သြင္းယူေပးခဲ့ၿပီးေနာက္
ယူနိုက္တက္ နည္းျပ ဆိုးလ္ရွားက ဒုတိယပိုင္းမွာ ကစားသမား အေျပာင္းအလဲမ်ားစြာ ျပဳလုပ္ခဲ့ပါတယ္။
ဥ႐ုေဂြး ၾကယ္ပြင့္ ပယ္လီထရီကလည္း အဆိုပါ
လူစားဝင္ ကစားသမားေတြထဲမွာ ပါဝင္ခဲ့ၿပီး ဒုတိယပိုင္းစတင္ၿပီး မၾကာခင္မွာပဲ
ယူနိုက္တက္အတြက္ ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို လွလွပပ သြင္းယူေပးနိုင္ခဲ့ၿပီး နည္းျပဆိုးလ္ရွားကို သေဘာက်ေစခဲ့ပါတယ္။
သရဲနီလူငယ္ေတြဟာ ေျခစြမ္းျပခဲ့ၿပီး ပထမပိုင္းအၿပီးမွာ လူစားဝင္ကစားခြင့္ရခဲ့တဲ့ လူငယ္ ေရွာတိုင္ယာက တိက်တဲ့ ဖန္တီးေပးပို႔မႈျပဳလုပ္ခဲ့ၿပီး
ပယ္လီစထရီက ေဘာလုံးကို တည္တည္ၿငိမ္ၿငိမ္ အရယူကာ ဒါဘီဂိုးသမားကို တည္ၿငိမ္စြာျဖတ္ေက်ာ္ခဲ့ၿပီး လွလွပပ သြင္းယူခဲ့တာပါ။