Spots news

လူငယ်အင်အားတောင့်တင်းကြောင်း ဒါဘီနဲ့ ပွဲမှာ အနိုင်ယူပြီး ပြသခဲ့တဲ့ ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မနေ့ညနေ က ယှဥ်ပြိုင်ခဲ့တဲ့ ဒါဘီအသင်းနဲ့ ရာသီကြို ခြေစမ်းပွဲစဥ်မှာ လူငယ်ကစားသမားများရဲ့ ခြေစွမ်းပြမှုနဲ့ ၂−၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ကစားသွားခဲ့ပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးလ်ရှားဟာ အသင်းဖော်ဟောင်း ယူနိုက်တက်ပရိတ်သတ်‌ တွေရဲ့ အချစ်တော် ဝိန်းရွန်းနီက နည်းပြအဖြစ် ကိုင်တွယ်နေတဲ့ ဒါဘီအသင်းကို လူငယ် ကစားသမားအများစုနဲ့သာ ယှဥ်ပြိုင်အနိုင်ယူခဲ့ တာပါ။

နည်းပြဆိုးလ်ရှားဟာ ဒီပွဲမှာ ပထမပိုင်း နဲ့ ဒုတိယပိုင်းကို ကစားသမား အပြောင်းအလဲတွေ အများအပြား ပြုလုပ်ပြီး လူငယ် အသင်း နှစ်သင်းနဲ့ ယှဥ်ပြိုင်သွားခဲ့ပါတယ်။ ပထမပိုင်းမှာတော့ ဂိုးသမား အဖြစ် ရောက်ရှိလာတဲ့ တွမ်ဟီတန်၊

နောက်တန်းမှာ ဝမ်ဘစ်စကာ၊ လူငယ်ကစားသမားတွေ ဖြစ်တဲ့ တွမ်ဇီဘီ၊ မန်ဂီနဲ့ ဘရန်ဒန်ဝီလျံ တို့ကို အသုံးပြုခဲ့ပါတယ်။ကွင်းလယ်နဲ့ ရှေ့တန်းမှာတော့ ဝါရင့်ကွင်းလယ်လူ မာတာ၊ ဂါနာ၊ လီဗစ်၊ တာဟစ်ချောင်၊ အီလန်ဂါ နဲ့ ဂရင်းဝုဒ် တို့ကို ပွဲထွက် ကစားသမားအဖြစ် ပွဲထွက်စေခဲ့ပါတယ်။

ပထမပိုင်း ၁၈ မိနစ်မှာတော့ လာမယ့်ရာသီ ဘာမင်ဂမ်အသင်းမှာ အငှားထွက် ကစားမယ့် လူငယ် ကစားသမား တာဟစ်ချောင်က ဒါဘီအသင်းရဲ့နောက်ခံလူတွေရဲ့ အမှားကတဆင့် ယူနိုက်တက် အတွက် ဦးဆောင်ဂိုးကို နှစ်ဆင့် ကန်သွင်းပြီး ရယူသွားခဲ့ပါတယ်။

ဒီပွဲစဥ်ရဲ့ ပထမပိုင်းမှာ ယူနိုက်တက် အသင်းကို တကျော့ ပြန်လည်ရောက်ရှိလာတဲ့ ဝါရင့် ဂိုးသမားကြီး တွမ်ဟီတန်ရဲ့ လက်စွမ်းကလည်း အားရ ကျေနပ်စရာကောင်းပြီး အရေးပါတဲ့ ကာကွယ်မှုတွေ ပြုလုပ်ကာ လက်စွမ်းပြခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ လူစားလဲမှုအဖြစ် ဂိုးသမားနေရာမှာ လီဂရန့် ၊ ခံစစ်နေရာမှာ အဲလက်စ် တဲလက်စ် ၊ ဖစ်ရှ် ၊ ကွင်းလယ်မှာ မာတစ် ၊ ပါရဲရား ၊ လင်ဂတ် ၊ ရှောတိုင်ယာ ၊ ပယ်လီစထရီတို့ ဝင်ရောက် ကစား လာခဲ့ပြီး တိုက်စစ်မှာတော့ ယူနိုက်တက် U-23 အသင်းက ဟူဂေးလ် ဝင်ရောက်လာခဲ့ပါတယ်။

ပွဲချိန် ၅၉ မိနစ်မှာ လူငယ်ကစားသမား ရှောတိုင်ယာရဲ့ ပေးပို့မှုကနေတဆင့် လာမယ့်ရာသီမှာ အငှားထွက်ကစားမယ့် ပယ်လီစထရီက ဂိုးသမာ’ကိုပါ လိမ်ခေါက်ပြီး လှလှပပ ကန်သွင်းယူသွားခဲ့ပါတယ်။ ပွဲချိန် မိနစ် (၇၀) မှာတော့ ဒါဘီအသင်း ချေပဂိုး ပြန်လည်ရရှိခဲ့ ပါတယ်။

အဲ့ဒီနောက် ယူနိုက်တက်အသင်းက ပြန်လည် ဖိအားပေး ကစားခဲ့ပေမယ့် ကွင်းလယ်ကစားသမား လင်ဂတ်ရဲ့ လှပတဲ့ ကန်ချက် တိုင်ထိသွားခဲ့လို့ နောက်ထပ် ဦးဆောင်ဂိုးရမယ့်အခွင့်အရေး နစ်နာသွားခဲ့ရပါတယ်။

ပွဲအပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒါဘီ အသင်းကို ၂−၁ ဂိုး ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ယူနိုက်တက် အသင်းဟာ အခုလ၂၄ ရက်မှာ ဒုတိယမြောက် ခြေစမ်းပွဲအဖြစ် ကျုပီအာ အသင်းနဲ့ ခြေစမ်းပွဲ ထပ်မံ ကစားသွားမှာ ဖြစ်ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ မေန႕ညေန က ယွဥ္ၿပိဳင္ခဲ့တဲ့ ဒါဘီအသင္းနဲ႕ ရာသီႀကိဳ ေျခစမ္းပြဲစဥ္မွာ လူငယ္ကစားသမားမ်ားရဲ႕ ေျခစြမ္းျပမႈနဲ႕ ၂−၁ ဆိုတဲ့ ရလဒ္နဲ႕ အနိုင္ကစားသြားခဲ့ပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးလ္ရွားဟာ အသင္းေဖာ္ေဟာင္း ယူနိုက္တက္ပရိတ္သတ္‌ ေတြရဲ႕ အခ်စ္ေတာ္ ဝိန္း႐ြန္းနီက နည္းျပအျဖစ္ ကိုင္တြယ္ေနတဲ့ ဒါဘီအသင္းကို လူငယ္ ကစားသမားအမ်ားစုနဲ႕သာ ယွဥ္ၿပိဳင္အနိုင္ယူခဲ့ တာပါ။

နည္းျပဆိုးလ္ရွားဟာ ဒီပြဲမွာ ပထမပိုင္း နဲ႕ ဒုတိယပိုင္းကို ကစားသမား အေျပာင္းအလဲေတြ အမ်ားအျပား ျပဳလုပ္ၿပီး လူငယ္ အသင္း ႏွစ္သင္းနဲ႕ ယွဥ္ၿပိဳင္သြားခဲ့ပါတယ္။ ပထမပိုင္းမွာေတာ့ ဂိုးသမား အျဖစ္ ေရာက္ရွိလာတဲ့ တြမ္ဟီတန္၊

ေနာက္တန္းမွာ ဝမ္ဘစ္စကာ၊ လူငယ္ကစားသမားေတြ ျဖစ္တဲ့ တြမ္ဇီဘီ၊ မန္ဂီနဲ႕ ဘရန္ဒန္ဝီလ်ံ တို႔ကို အသုံးျပဳခဲ့ပါတယ္။ကြင္းလယ္နဲ႕ ေရွ႕တန္းမွာေတာ့ ဝါရင့္ကြင္းလယ္လူ မာတာ၊ ဂါနာ၊ လီဗစ္၊ တာဟစ္ေခ်ာင္၊ အီလန္ဂါ နဲ႕ ဂရင္းဝုဒ္ တို႔ကို ပြဲထြက္ ကစားသမားအျဖစ္ ပြဲထြက္ေစခဲ့ပါတယ္။

ပထမပိုင္း ၁၈ မိနစ္မွာေတာ့ လာမယ့္ရာသီ ဘာမင္ဂမ္အသင္းမွာ အငွားထြက္ ကစားမယ့္ လူငယ္ ကစားသမား တာဟစ္ေခ်ာင္က ဒါဘီအသင္းရဲ႕ေနာက္ခံလူေတြရဲ႕ အမွားကတဆင့္ ယူနိုက္တက္ အတြက္ ဦးေဆာင္ဂိုးကို ႏွစ္ဆင့္ ကန္သြင္းၿပီး ရယူသြားခဲ့ပါတယ္။

ဒီပြဲစဥ္ရဲ႕ ပထမပိုင္းမွာ ယူနိုက္တက္ အသင္းကို တေက်ာ့ ျပန္လည္ေရာက္ရွိလာတဲ့ ဝါရင့္ ဂိုးသမားႀကီး တြမ္ဟီတန္ရဲ႕ လက္စြမ္းကလည္း အားရ ေက်နပ္စရာေကာင္းၿပီး အေရးပါတဲ့ ကာကြယ္မႈေတြ ျပဳလုပ္ကာ လက္စြမ္းျပခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ လူစားလဲမႈအျဖစ္ ဂိုးသမားေနရာမွာ လီဂရန႔္ ၊ ခံစစ္ေနရာမွာ အဲလက္စ္ တဲလက္စ္ ၊ ဖစ္ရွ္ ၊ ကြင္းလယ္မွာ မာတစ္ ၊ ပါရဲရား ၊ လင္ဂတ္ ၊ ေရွာတိုင္ယာ ၊ ပယ္လီစထရီတို႔ ဝင္ေရာက္ ကစား လာခဲ့ၿပီး တိုက္စစ္မွာေတာ့ ယူနိုက္တက္ U-23 အသင္းက ဟူေဂးလ္ ဝင္ေရာက္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၅၉ မိနစ္မွာ လူငယ္ကစားသမား ေရွာတိုင္ယာရဲ႕ ေပးပို႔မႈကေနတဆင့္ လာမယ့္ရာသီမွာ အငွားထြက္ကစားမယ့္ ပယ္လီစထရီက ဂိုးသမာ’ကိုပါ လိမ္ေခါက္ၿပီး လွလွပပ ကန္သြင္းယူသြားခဲ့ပါတယ္။ ပြဲခ်ိန္ မိနစ္ (၇၀) မွာေတာ့ ဒါဘီအသင္း ေခ်ပဂိုး ျပန္လည္ရရွိခဲ့ ပါတယ္။

အဲ့ဒီေနာက္ ယူနိုက္တက္အသင္းက ျပန္လည္ ဖိအားေပး ကစားခဲ့ေပမယ့္ ကြင္းလယ္ကစားသမား လင္ဂတ္ရဲ႕ လွပတဲ့ ကန္ခ်က္ တိုင္ထိသြားခဲ့လို႔ ေနာက္ထပ္ ဦးေဆာင္ဂိုးရမယ့္အခြင့္အေရး နစ္နာသြားခဲ့ရပါတယ္။

ပြဲအၿပီးမွာေတာ့ မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ဒါဘီ အသင္းကို ၂−၁ ဂိုး ရလဒ္နဲ႕ အနိုင္ရခဲ့ပါတယ္။ ယူနိုက္တက္ အသင္းဟာ အခုလ၂၄ ရက္မွာ ဒုတိယေျမာက္ ေျခစမ္းပြဲအျဖစ္ က်ဳပီအာ အသင္းနဲ႕ ေျခစမ္းပြဲ ထပ္မံ ကစားသြားမွာ ျဖစ္ပါတယ္။