Spots news

ငါးစိမ်းမြင် ငါးကင်ပစ်တော့မယ် မန်ချက်စတာ ယူနိုက်တက်

Unicode Version

အသက် ၂၀ အရွယ် သာ ရှိသေးတဲ့ ဒေါ့မွန်  တောင်ပံ ကစားသမား ဆန်ချိုဟာ ပြီးခဲ့ တဲ့ ဘောလုံး ရာသီ မှာ ကမ္ဘာ့ ခြေစွမ်း အကောင်း မွန်ဆုံး လူငယ် သုံးဦး မှာ တစ်ဦး ပါဝင်ခဲ့ သူပါ။ အသင်း ရဲ့ လိုအပ်ချက် အရ ညာတောင်ပံ တိုက်စစ် အတွက် မဖြစ် မနေ အင်အား ဖြည့်ဖို့ လို အပ် နေတဲ့ ယူနိုက်တက် အဖို့ ကွက်တိ လို အပ်တဲ့ ကစားသမား ဖြစ်ခဲ့ ပါတယ်။ ဆန်ချို ရဲ့  အင်္ဂလန် အသင်းဖော် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရပ်ရှ်ဖို့ က ပုဂ္ဂိုလ်ရေး အရ ဆွဲဆောင် ခဲ့ ပြီး ယူနိုက်တက်က ဒေါ့မွန် အသင်း နဲ့ ဆွေးနွေး မှု ပြုလုပ် ခဲ့ပေမယ့် အပြောင်း အရွေ့ ဖြစ်ပေါ် မလာခဲ့ ပါဘူး ။

မန်ချက်စတာ ယူနိုက်တက် အသင်း က ဆန်ချိုကို ပြောင်းရွှေ့ ကြေး ယူရို ၁၀၀ သန်း နဲ့ ထပ်ဆောင်း အပို ဆုကြေး များကို အရစ်ကျ ပေးချေ ရန် ကမ်းလှမ်း ခဲ့ ပေမယ့် ဒေါ့မွန် အသင်း ကတော့ ဆန်ချို အတွက် ပြောင်းရွှေ့ ကြေး ကို ယူရို ၁၂၀သန်း အတိ သာ လိုချင် နေတာ ကြောင့် အပြောင်း အရွှေ့ ဟာ ပျက် ပြယ် ခဲ့ရ တာပါ။

လက်ရှိ ဘောလုံး ရာသီ မှာတော့ ဆန်ချို ရဲ့ ခြေစွမ်း ဟာ အနည်း ငယ် ကျဆင်း နေပြီး အသင်းဖော် ဟာလန်း ရဲ့ လွှမ်းမိုး မှူ အောက်မှာ နစ်မြုပ်  နေ ခဲ့ ရပါ တယ်။ ဆန်ချို ဟာ လက်ရှိ ရာသီမှာ ပြိုင်ပွဲ စုံ ၁၈ပွဲ ပါဝင် ကစားထား ရာ သွင်းဂိုး ၄ ဂိုး သွင်းယူ ထားပြီး ဂိုး ဖန်တီးမှု ၈ကြိမ် အထိ ပြုလုပ် ထားနိုင် ခဲ့ ပေမယ့် ငါးကြီး ကြီး ဖမ်းချင်တဲ့ ယူနိုက်တက် ဟာ ဆန်ချို ကို ခေါ်ယူ ဖို့ ထက် သူ့ရဲ့ အသင်းဖော် တစ်ဦး ဖြစ်သူ ဟာလန်းကိုသာ ခေါ်ယူ ဖို့ စိတ်ဝင် စား လာကြောင်း သိရှိ ရပါတယ်။

နော်ဝေ အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဟာလန်းဟာ လက်ရှိ အချိန်မှာ ကမ္ဘာ့ အကောင်းဆုံး လူငယ် တိုက်စစ်မှူး တစ်ဦး အဖြစ် သတ်မှတ် ခံထား ရသူ ဖြစ်ပြီး သူဟာ အသက် ၂၀ အရွယ်သာ ရှိသေး ပေမယ့် ဒေါ့မွန်အသင်းရဲ့ အဓိက ကစား သမား အဖြစ် သတ်မှတ် ခံ ထား ရသူပါ။ ဟာလန်း ဟာ လက်ရှိ ဘောလုံး ရာသီ ပြိုင်ပွဲ စုံမှာ ၁၄ ပွဲ ပါဝင် ကစား ထားပြီး သွင်းဂိုး ၁၇ ဂိုး သွင်းယူ ထားကာ ဂိုး ဖန်တီးမှု ၃ကြိမ် အထိ ပြုလုပ် ထားနိုင် ပါတယ်။

လက်ရှိ မှာ ဟာလန်း ကို ခေါ်ယူ ဖို့ အတွက် ဥရောပ အသင်းကြီး အတော် များများ က စိတ်ဝင်စား နေကြ ပြီး ပရီးမီးယားလိဂ် အသင်း ကြီးများ ဖြစ်တဲ့ ချဲဆီး မန်စီးတီး အသင်းတို့ အပါ အဝင် ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်း ကတော့ ဟာလန်း နဲ့ နည်းပြ ဆိုးလ်ရှား ကြားထဲမှာ ရှိနေ တဲ့ ဆက်ဆံရေးကို အသုံး ချပြီး ခေါ်ယူဖို့ ကြိုးစား လာမှာ ဖြစ်ပြီး လာမယ့် နွေရာသီ အပြောင်း အရွှေ့ မတိုင် မီ ဟာလန်း ကို ကမ်းလှမ်း သွားဖို့ စဉ်းစား နေကြောင်း Mirror သတင်းစာ မှ ဖော်ပြ သွားပါတယ်။

Zawgyi Version

အသက္ ၂၀ အ႐ြယ္ သာ ရွိေသးတဲ့ ေဒါ့မြန္ ေတာင္ပံ ကစားသမား ဆန္ခ်ိဳဟာ ၿပီးခဲ့တဲ့ ေဘာလုံး ရာသီ မွာ ကမာၻ႔ ေျခစြမ္း အေကာင္း မြန္ဆုံး လူငယ္ သုံးဦးမွာ တစ္ဦး ပါဝင္ခဲ့ သူပါ။ အသင္း ရဲ႕ လိုအပ္ခ်က္ အရ ညာေတာင္ပံ တိုက္စစ္ အတြက္ မျဖစ္မေန အင္အား ျဖည့္ဖို႔ လို အပ္ ေနတဲ့ ယူနိုက္တက္ အဖို႔ ကြက္တိ လို အပ္တဲ့ ကစားသမား ျဖစ္ခဲ့ ပါတယ္။ ဆန္ခ်ိဳ ရဲ႕ အဂၤလန္ အသင္းေဖာ္ မန္ခ်က္စတာ ယူနိုက္တက္ တိုက္စစ္မႉး မားကပ္ ရပ္ရွ္ဖို႔ က ပုဂၢိဳလ္ေရး အရ ဆြဲေဆာင္ ခဲ့ ၿပီး ယူနိုက္တက္က ေဒါ့မြန္ အသင္း နဲ႕ ေဆြးေႏြးမႈ ျပဳလုပ္ ခဲ့ေပမယ့္ အေျပာင္း အေ႐ြ႕ ျဖစ္ေပၚ မလာခဲ့ ပါဘူး ။

မန္ခ်က္စတာ ယူနိုက္တက္ အသင္း က ဆန္ခ်ိဳကို ေျပာင္းေ႐ႊ႕ ေၾကး ယူရို ၁၀၀ သန္း နဲ႕ ထပ္ေဆာင္း အပို ဆုေၾကး မ်ားကို အရစ္က် ေပးေခ်ရန္ ကမ္းလွမ္း ခဲ့ေပမယ့္ ေဒါ့မြန္ အသင္း ကေတာ့ ဆန္ခ်ိဳ အတြက္ ေျပာင္းေ႐ႊ႕ ေၾကး ကို ယူရို ၁၂၀သန္း အတိ သာ လိုခ်င္ ေနတာ ေၾကာင့္ အေျပာင္း အေ႐ႊ႕ ဟာ ပ်က္ ျပယ္ ခဲ့ရ တာပါ။

လက္ရွိ ေဘာလုံး ရာသီ မွာေတာ့ ဆန္ခ်ိဳ ရဲ႕ ေျခစြမ္း ဟာ အနည္းငယ္ က်ဆင္း ေနၿပီး အသင္းေဖာ္ ဟာလန္း ရဲ႕ လႊမ္းမိုး မႉ ေအာက္မွာ နစ္ျမဳပ္ ေနခဲ့ ရပါ တယ္။ ဆန္ခ်ိဳ ဟာ လက္ရွိ ရာသီမွာ ၿပိဳင္ပြဲ စုံ ၁၈ပြဲ ပါဝင္ ကစားထား ရာ သြင္းဂိုး ၄ ဂိုး သြင္းယူ ထားၿပီး ဂိုး ဖန္တီးမႈ ၈ႀကိမ္ အထိ ျပဳလုပ္ ထားနိုင္ ခဲ့ ေပမယ့္ ငါးႀကီး ႀကီး ဖမ္းခ်င္တဲ့ ယူနိုက္တက္ ဟာ ဆန္ခ်ိဳ ကို ေခၚယူ ဖို႔ ထက္ သူ႕ရဲ႕ အသင္းေဖာ္ တစ္ဦး ျဖစ္သူ ဟာလန္းကိုသာ ေခၚယူဖို႔ စိတ္ဝင္ စား လာေၾကာင္း သိရွိ ရပါတယ္။

ေနာ္ေဝ အသင္းရဲ႕ လူငယ္ တိုက္စစ္မႉး ဟာလန္းဟာ လက္ရွိ အခ်ိန္မွာ ကမာၻ႔ အေကာင္းဆုံး လူငယ္ တိုက္စစ္မႉး တစ္ဦး အျဖစ္ သတ္မွတ္ ခံထား ရသူ ျဖစ္ၿပီး သူဟာ အသက္ ၂၀ အ႐ြယ္သာ ရွိေသး ေပမယ့္ ေဒါ့မြန္အသင္းရဲ႕ အဓိက ကစား သမား အျဖစ္ သတ္မွတ္ ခံ ထား ရသူပါ။ ဟာလန္း ဟာ လက္ရွိ ေဘာလုံး ရာသီ ၿပိဳင္ပြဲ စုံမွာ ၁၄ ပြဲ ပါဝင္ ကစား ထားၿပီး သြင္းဂိုး ၁၇ ဂိုး သြင္းယူ ထားကာ ဂိုး ဖန္တီးမႈ ၃ႀကိမ္ အထိ ျပဳလုပ္ ထားနိုင္ ပါတယ္။

လက္ရွိ မွာ ဟာလန္း ကို ေခၚယူ ဖို႔ အတြက္ ဥေရာပ အသင္းႀကီး အေတာ္ မ်ားမ်ား က စိတ္ဝင္စား ေနၾက ၿပီး ပရီးမီးယားလိဂ္ အသင္း ႀကီးမ်ား ျဖစ္တဲ့ ခ်ဲဆီး မန္စီးတီး အသင္းတို႔ အပါ အဝင္ ျဖစ္ပါတယ္။ မန္ခ်က္စတာ ယူနိုက္တက္ အသင္း ကေတာ့ ဟာလန္း နဲ႕ နည္းျပ ဆိုးလ္ရွား ၾကားထဲမွာ ရွိေန တဲ့ ဆက္ဆံေရးကို အသုံး ခ်ၿပီး ေခၚယူဖို႔ ႀကိဳးစား လာမွာ ျဖစ္ၿပီး လာမယ့္ ေႏြရာသီ အေျပာင္း အေ႐ႊ႕ မတိုင္ မီ ဟာလန္း ကို ကမ္းလွမ္း သြားဖို႔ စဥ္းစား ေနေၾကာင္း Mirror သတင္းစာ မွ ေဖာ္ျပ သြားပါတယ္။