Spots news

ရီးရဲလ်ရဲ့ ၇သန်းတန်စာချုပ်ကို ဗာရန်းငြင်းဆိုပြီး ယူနိုက်တက်နဲ့ ယူရို၁၀ သန်းဖြင့် သဘောတူ

Unicode Version

စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ပြင်သစ်လက်ရွေးစင် နောက်ခံလူ ဗာရန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ လုပ်ခလစာတိုးပေးပြီး

စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းဆိုလိုက်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကို သဘောတူညီပြီ ဖြစ်ကြောင်း စပိန် သတင်းဌာနများက ဖော်ပြသွားပါပြီ။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လိုအက်နေတဲ့ နောက်ခံလူအင်အား  အတွက် ကြိုးပမ်းနေပြီး ရီးရဲလ်မက်ဒရစ် နောက်ခံလူ ဗာရန်း အပြင် အက်သလက်တီကို အသင်းရဲ့ နောက်ခံလူ ထရစ်ပီယာတို့ကို အရယူနိုင်ဖို့ အတွက် ကြိူးစားလျက် ရှိကြောင်းသိရပါတယ်။

ဗာရန်းဟာ လက်ရှိ ရီးရဲလ်မက်ဒရစ် အသင်းမှာ တစ်နှစ်လုပ်ခ ယူရို ၅.၅ သန်း ရရှိနေပြီး ယူနိုက်တက်ရဲ့ တစ်နှစ် ယူရို ၁၀ သန်းဖြင့် ကမ်းလှမ်းမှုကို ကြိုတင်လက်ခံပြီး ဖြစ်သဖြင့် မက်ဒရစ်ရဲဲ့ စာချုပ်သစ် ယူရို ၇သန်း အား အကြောင်းပြန်ကြားခြင်း မရှိတော့ပါဘူး။

သို့ပေမယ့် ဗာရန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ဆယ်စုနှစ် တစုကြာ ခြေစွမ်းပြ ကစားခဲ့သလို အသင်းနဲ့ ရယူနိုင်တဲ့ ဆုဖလားအစုံ ကို ရယူနိုင်ခဲ့တာကြောင့် စာချုပ်သစ်ကိုငြင်းဆန်မှုဟာ ငွေကြေးကြောင့် မဟုတ်ပဲ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ရန်အတွက် ဖြစ်ကြောင်း Marca သတင်းစာက ဖော်ပြသွားပါတယ်။

သို့ဖြစ်၍ ဗာရန်းဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့တာ ဖြစ်ပြီး စာချုပ်သက်တမ်း ထပ်မံတိုးတော့မှာ မဟုတ်တဲ့ အတွက် လာမယ့်ရာသီမှာ

အလွတ်ပြောင်းရွေ့ကြေးနဲ့ လက်လွတ်ရဖွယ်ရှိတာကြောင့် လက်ရှိအချိန်မှာ ပြောင်းရွှေ့ကြေးရဖို့ ရီးရဲလ်မက်ဒရစ် အသင်းက ရောင်းထုတ်တော့မှာ ဖြစ်ပါတယ်။

ခိုင်မာတဲ့ စပိန်အခြေစိုက် သတင်းဌာန Marca ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ ကြားမှာ ဗာရန်းရဲ့

အပြောင်းအရွှေ့ အတွက် သဘောတူညီမှု ရဖို့နီးစပ်နေကာ ဗာရန်းရဲ့ ပြောင်းရွှေ့ကြေးဟာ စုစုပေါင်း ပေါင် ၄၀သန်း ဝန်းကျင် ရှိနိုင်တယ် လို့ ဖော်ပြထားပါတယ်။

Zawgyi Version


မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လိုအက်နေတဲ့ နောက်ခံလူအင်အား  အတွက် ကြိုးပမ်းနေပြီး ရီးရဲလ်မက်ဒရစ် နောက်ခံလူ ဗာရန်း အပြင် အက်သလက်တီကို အသင်းရဲ့ နောက်ခံလူ ထရစ်ပီယာတို့ကို အရယူနိုင်ဖို့ အတွက် ကြိုးစားလျက် ရှိကြောင်းသိရပါတယ်။

ဗာရန်းဟာ လက်ရှိ ရီးရဲလ်မက်ဒရစ် အသင်းမှာ တစ်နှစ်လုပ်ခ ယူရို ၅.၅ သန်း ရရှိနေပြီး ယူနိုက်တက်ရဲ့ တစ်နှစ် ယူရို ၁၀ သန်းဖြင့် ကမ်းလှမ်းမှုကို ကြိုတင်လက်ခံပြီး ဖြစ်သဖြင့် မက်ဒရစ်ရဲ့ စာချုပ်သစ် ယူရို ၇သန်း အား အကြောင်းပြန်ကြားခြင်း မရှိတော့ပါဘူး။


