Spots news

လီဗာပူးနဲ့ ဘာစီတို့ကို ငြင်းဆိုပြီး ယူနိုက်တက်ကို ပြောင်းရွေ့ကစားဖို့ဆွေးနွေးနေတဲ့ ဆာအူလ်

Unicode Version

အက်သလက်တီကိုအသင်းရဲ့ ကွင်းလယ်လူ ဆာအူလ်ဟာ ယခု နွေရာသီမှာ အက်သလက်တီကို မက်ဒရစ်အသင်းကို စွန့်ခွာမယ့် ကစားသမား တဦး ဖြစ်ပြီး လက်ရှိမှာတော့ သူ့ကို ခေါ်ယူဖို့ ဥရောပ အသင်းကြီး အတော်များများက စိတ်ဝင်စား နေကြပါတယ်။

စပိန်ကွင်းလယ်လူ ဆာအူလ်ဟာ လာလီဂါရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တဦး ဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ နည်းပြကြီး ဆီမြွန်နီနဲ့ ဆက်ဆံရေး အဆင်မပြေခဲ့တာကြောင့် ပုံမှန် ပွဲထွက်ခွင့် မရရှိတဲ့ ကစားသမားပါ။

ထို့ကြောင့် ဆာအူလ်ဟာ ယခုနှစ် နွေရာသီမှာ အက်သလက်တီကို အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ပြိုင်ဘက် ဘာစီလိုနာအသင်းနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့ဟာ ပြင်သစ်ကွင်းလယ်လူ ဂရစ်ဇ်မန်းနဲ့ ဆာအူလ်တို့ကို အလဲအထပ် လုပ်ဖို့ ပြောဆိုနေကြပါတယ်။

သို့ပေမယ့် ဆာအူလ်ကတော့ လာလီဂါကလပ် ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖို့ စိတ်မဝင်စားပဲ အင်္ဂလန် ပရီးမီးယားလိဂ်ထံ ပြောင်းရွှေ့ ကစားဖို့သာ ဆန္ဒရှိနေပြီး သူ့ရဲ့ အေးဂျင့်ဖြစ်သူကိုလည်း ပရီးမီးယားလိဂ် ကလပ်တွေထံ ပြောင်းရွှေ့နိုင်အောင် ကြိုးစားပေးဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။

ဆာအူလ်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ လီဗာပူးအသင်းတို့ဟာ စိတ်ဝင်စား နေပေမယ့် ထွက်ပေါ်လာတဲ့ သတင်းတွေ ကတော့ ဆာအူလ်ဟာ လီဗာပူးအသင်းနဲ့ ဘာစီလိုနာအသင်းတို့ထက် မန်ချက်စတာ ယူနိုက်တက်ဆီသာ ပြောင်းရွှေ့ချင်နေကြောင်း သိရပါတယ်။

သတင်းတွေအရ ဆာအူလ်ရဲ့ အေးဂျင့်ဖြစ်သူ ဂျိုနသန် ဘားနက်ဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ယူနိုက်တက်အသင်းကလည်း သူတို့ရဲ့ ကာလရှည် ပစ်မှတ် ကစားသမား ဖြစ်တဲ့ ဆာအူလ်ကို ပေါင် ၃၅သန်း ဝန်းကျင်နဲ့ ရရှိပါက ခေါ်ယူချင်နေကြောင်း ဖော်ပြထားပါတယ်။

Zawgyi Version

အက္သလက္တီကိုအသင္းရဲ႕ ကြင္းလယ္လူ ဆာအူလ္ဟာ ယခု ေႏြရာသီမွာ အက္သလက္တီကို မက္ဒရစ္အသင္းကို စြန႔္ခြာမယ့္ ကစားသမား တဦး ျဖစ္ၿပီး လက္ရွိမွာေတာ့ သူ႕ကို ေခၚယူဖို႔ ဥေရာပ အသင္းႀကီး အေတာ္မ်ားမ်ားက စိတ္ဝင္စား ေနၾကပါတယ္။

စပိန္ကြင္းလယ္လူ ဆာအူလ္ဟာ လာလီဂါရဲ႕ အေကာင္းဆုံး ကြင္းလယ္လူေတြထဲက တဦး ျဖစ္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာေတာ့ အက္သလက္တီကို မက္ဒရစ္အသင္းရဲ႕ နည္းျပႀကီး ဆီႁမြန္နီနဲ႕ ဆက္ဆံေရး အဆင္မေျပခဲ့တာေၾကာင့္ ပုံမွန္ ပြဲထြက္ခြင့္ မရရွိတဲ့ ကစားသမားပါ။

ထို႔ေၾကာင့္ ဆာအူလ္ဟာ ယခုႏွစ္ ေႏြရာသီမွာ အက္သလက္တီကို အသင္းကေန ထြက္ခြာဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ၿပိဳင္ဘက္ ဘာစီလိုနာအသင္းနဲ႕ အက္သလက္တီကို မက္ဒရစ္အသင္းတို႔ဟာ ျပင္သစ္ကြင္းလယ္လူ ဂရစ္ဇ္မန္းနဲ႕ ဆာအူလ္တို႔ကို အလဲအထပ္ လုပ္ဖို႔ ေျပာဆိုေနၾကပါတယ္။

သို႔ေပမယ့္ ဆာအူလ္ကေတာ့ လာလီဂါကလပ္ ဘာစီလိုနာအသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ စိတ္မဝင္စားပဲ အဂၤလန္ ပရီးမီးယားလိဂ္ထံ ေျပာင္းေ႐ႊ႕ ကစားဖို႔သာ ဆႏၵရွိေနၿပီး သူ႕ရဲ႕ ေအးဂ်င့္ျဖစ္သူကိုလည္း ပရီးမီးယားလိဂ္ ကလပ္ေတြထံ ေျပာင္းေ႐ႊ႕နိုင္ေအာင္ ႀကိဳးစားေပးဖို႔ ေတာင္းဆိုထားေၾကာင္း သိရပါတယ္။

ဆာအူလ္ကို ေခၚယူဖို႔ ပရီးမီးယားလိဂ္ကလပ္ မန္ခ်က္စတာ ယူနိုက္တက္အသင္းနဲ႕ လီဗာပူးအသင္းတို႔ဟာ စိတ္ဝင္စား ေနေပမယ့္ ထြက္ေပၚလာတဲ့ သတင္းေတြ ကေတာ့ ဆာအူလ္ဟာ လီဗာပူးအသင္းနဲ႕ ဘာစီလိုနာအသင္းတို႔ထက္ မန္ခ်က္စတာ ယူနိုက္တက္ဆီသာ ေျပာင္းေ႐ႊ႕ခ်င္ေနေၾကာင္း သိရပါတယ္။

သတင္းေတြအရ ဆာအူလ္ရဲ႕ ေအးဂ်င့္ျဖစ္သူ ဂ်ိဳနသန္ ဘားနက္ဟာ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနၿပီး ယူနိုက္တက္အသင္းကလည္း သူတို႔ရဲ႕ ကာလရွည္ ပစ္မွတ္ ကစားသမား ျဖစ္တဲ့ ဆာအူလ္ကို ေပါင္ ၃၅သန္း ဝန္းက်င္နဲ႕ ရရွိပါက ေခၚယူခ်င္ေနေၾကာင္း ေဖာ္ျပထားပါတယ္။