Spots news

သူချစ်တဲ့ ယူနိုက်တက်ပရိတ်သတ်တွေကို နှုတ်မဆက်ခဲ့တဲ့အကြောင်း ရှင်းပြခဲ့တဲ့ ရွန်းနီ

Unicode Version

မနေ့ညကတော့ ဒါဘီ ကောင်တီ နဲ့ ယူနိုက်တက် တို့ရဲ့ ရာသီကိုခြေစမ်းပွဲမှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒါဘီအသင်းကို လူငယ်ကစားသမားများရဲ့ ခြေစွမ်းပြမှုနဲ့ ၂−၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ကစားသွားခဲ့ပါတယ်။

လူငယ်အများစုနဲ့ သာပွဲထွက်ခဲ့ပြီး ယူနိုက်တက် အသင်းအတွက် တာဟစ်ချောင် ၊ ပယ်လီစထရီ တို့ဟာ ဂိုးသွင်းယူ ပေးခဲ့ကြပါတယ်။ ဒါဘီ ကောင်တီ အသင်း အတွက် တစ်လုံးတည်းသော သွင်းဂိုးကို ကာဇင် ရစ်ချက် က သွင်းယူပေးခဲ့ ပါတယ် ။

ဒါဟာ ယူနိုက်တက် ဂန္တဝင် တိုက်စစ်မှူးဟောင်း ဝိန်း ရွန်းနီ အတွက် ဒါဘီ နည်းပြ ဘဝ အသင်းဟောင်းနဲ့ ပထမဆုံး ရင်ဆိုင်ရတဲ့ ပွဲစဥ် ဖြစ်ပါတယ်။ သို့ပေမယ့် မနေ့ညကပွဲမှာ ရွန်းနီဟာ အသင်းဟောင်း ယူနိုက်တက်ရဲ့ ပရိသတ်တွေကို လက်ပြ နှုတ်ဆက်မှု မပြုလုပ်ခဲ့ပါဘူး ။

သူ့ကိုချစ်မြတ်နိုးတဲ့ ယူနိုက်တက်ပရိတ်သတ်‌ တွေကို မနှုတ်ဆက်ခဲ့ခြင်းကို ရွန်းနီက ” ယူနိုက်တက်ကို ပြန်လာရတာ တကယ့်ကို စပါယ်ရှယ် ခံစားချက်ပါပဲ ။ ကျွန်တော် ဒီမှာ 13နှစ် နေခဲ့ပါတယ် ။ အခုလို မိတ်ဆွေဟောင်း ၊ သူငယ်ချင်းဟောင်းတွေကို ပြန်တွေ့ရတာ အရမ်းကို ကောင်းလှ ပါတယ် “

 

” ဒီပွဲကတော့ ပွဲကောင်း ၊ ပြိုင်ဆိုင်မှု ​ကောင်းတဲ့ပွဲ တစ်ပွဲ ဖြစ်ခဲ့ရ ပါတယ် ။ အသင်းသားတွေရဲ့ ကြံ့ခိုင်မှု အနေအထားတွေကို မြင်ခဲ့ရ ပါတယ် ။ ဒီပွဲက အပေါင်း လက္ခဏာ ဆောင်တဲ့ အခိုက်အတန့်တွေ မြင်တွေ့ခဲ့ရတဲ့ အတွက် ကျွန်တော် ကျေနပ်ပါတယ် “

”ကျွန်တော် မန်ချက်စတာ ယူနိုက်တက် အသင်းကို လေးစားပါတယ် ။ ဒီအသင်းကို ချစ်လည်း ချစ်လှပါတယ် ။ ကျွန်တော်ဟာယူနိုက်တက် ပရိသတ် တစ်ဦး အဖြစ်နဲ့ ယူနိုက်တက် အသင်းရဲ့ ပွဲစဥ် တွေကို ကြည့်ခဲ့ပေါင်းလည်း မနည်းခဲ့ရ ပါဘူး “

” ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်တော်က နည်းပြဖြစ်နေလို့ ဒါဘီ ကောင်တီ အသင်း နဲ့ အသင်းသားတွေ အပေါ်မှာ သစ္စာ ရှိရပါတော့မယ် ။ ကျွန်တော့် အသင်း အပေါ်မှာပဲ အာရုံစိုက် ရပါတော့မယ် ” လို့ ရွန်းနီ က ယူနိုက်တက် ပရိသတ်တွေကို ဘာလို့ နှုတ်မဆက်ခဲ့တာလဲ ဆိုတာ ရှင်းပြ သွားခဲ့ပါတယ် ။

Zawgyi Version

မေန႕ညကေတာ့ ဒါဘီ ေကာင္တီ နဲ႕ ယူနိုက္တက္ တို႔ရဲ႕ ရာသီကိုေျခစမ္းပြဲမွာ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ဒါဘီအသင္းကို လူငယ္ကစားသမားမ်ားရဲ႕ ေျခစြမ္းျပမႈနဲ႕ ၂−၁ ဆိုတဲ့ ရလဒ္နဲ႕ အနိုင္ကစားသြားခဲ့ပါတယ္။

လူငယ္အမ်ားစုနဲ႕ သာပြဲထြက္ခဲ့ၿပီး ယူနိုက္တက္ အသင္းအတြက္ တာဟစ္ေခ်ာင္ ၊ ပယ္လီစထရီ တို႔ဟာ ဂိုးသြင္းယူ ေပးခဲ့ၾကပါတယ္။ ဒါဘီ ေကာင္တီ အသင္း အတြက္ တစ္လုံးတည္းေသာ သြင္းဂိုးကို ကာဇင္ ရစ္ခ်က္ က သြင္းယူေပးခဲ့ ပါတယ္ ။

ဒါဟာ ယူနိုက္တက္ ဂႏၲဝင္ တိုက္စစ္မႉးေဟာင္း ဝိန္း ႐ြန္းနီ အတြက္ ဒါဘီ နည္းျပ ဘဝ အသင္းေဟာင္းနဲ႕ ပထမဆုံး ရင္ဆိုင္ရတဲ့ ပြဲစဥ္ ျဖစ္ပါတယ္။ သို႔ေပမယ့္ မေန႕ညကပြဲမွာ ႐ြန္းနီဟာ အသင္းေဟာင္း ယူနိုက္တက္ရဲ႕ ပရိသတ္ေတြကို လက္ျပ ႏႈတ္ဆက္မႈ မျပဳလုပ္ခဲ့ပါဘူး ။

သူ႕ကိုခ်စ္ျမတ္နိုးတဲ့ ယူနိုက္တက္ပရိတ္သတ္‌ ေတြကို မႏႈတ္ဆက္ခဲ့ျခင္းကို ႐ြန္းနီက ” ယူနိုက္တက္ကို ျပန္လာရတာ တကယ့္ကို စပါယ္ရွယ္ ခံစားခ်က္ပါပဲ ။ ကြၽန္ေတာ္ ဒီမွာ 13ႏွစ္ ေနခဲ့ပါတယ္ ။ အခုလို မိတ္ေဆြေဟာင္း ၊ သူငယ္ခ်င္းေဟာင္းေတြကို ျပန္ေတြ႕ရတာ အရမ္းကို ေကာင္းလွ ပါတယ္ “

” ဒီပြဲကေတာ့ ပြဲေကာင္း ၊ ၿပိဳင္ဆိုင္မႈ ​ေကာင္းတဲ့ပြဲ တစ္ပြဲ ျဖစ္ခဲ့ရ ပါတယ္ ။ အသင္းသားေတြရဲ႕ ႀကံ့ခိုင္မႈ အေနအထားေတြကို ျမင္ခဲ့ရ ပါတယ္ ။ ဒီပြဲက အေပါင္း လကၡဏာ ေဆာင္တဲ့ အခိုက္အတန့္ေတြ ျမင္ေတြ႕ခဲ့ရတဲ့ အတြက္ ကြၽန္ေတာ္ ေက်နပ္ပါတယ္ “

”ကြၽန္ေတာ္ မန္ခ်က္စတာ ယူနိုက္တက္ အသင္းကို ေလးစားပါတယ္ ။ ဒီအသင္းကို ခ်စ္လည္း ခ်စ္လွပါတယ္ ။ ကြၽန္ေတာ္ဟာယူနိုက္တက္ ပရိသတ္ တစ္ဦး အျဖစ္နဲ႕ ယူနိုက္တက္ အသင္းရဲ႕ ပြဲစဥ္ ေတြကို ၾကည့္ခဲ့ေပါင္းလည္း မနည္းခဲ့ရ ပါဘူး “

” ဒါေပမဲ့ အဲဒီအခ်ိန္မွာ ကြၽန္ေတာ္က နည္းျပျဖစ္ေနလို႔ ဒါဘီ ေကာင္တီ အသင္း နဲ႕ အသင္းသားေတြ အေပၚမွာ သစၥာ ရွိရပါေတာ့မယ္ ။ ကြၽန္ေတာ့္ အသင္း အေပၚမွာပဲ အာ႐ုံစိုက္ ရပါေတာ့မယ္ ” လို႔ ႐ြန္းနီ က ယူနိုက္တက္ ပရိသတ္ေတြကို ဘာလို႔ ႏႈတ္မဆက္ခဲ့တာလဲ ဆိုတာ ရွင္းျပ သြားခဲ့ပါတယ္ ။