Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းမှာ အနာဂတ် မရေမရာ ဖြစ်လို့နေတဲ့ ပေါ်တူဂီ လူငယ်ကြယ်ပွင့် ညာနောက်ခံလူ ဒါလော့ကို စပိန်ဘီလူး ရီးရဲလ်မက်ဒရစ် အသင်းက ခေါ်ယူရန် စောင့်ကြည့်လျက် ရှိနေပြီး ယခုနွေရာသီမှာ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ စပိန်မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။
အသက် ၂၂ အရွယ်သာရှိသေးတဲ့ ဒါလော့ဟာ ပေါ်တိုလူငယ်အသင်းကနေ ပေါ်ထွက်လာတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ၂၀၁၈ခုနှစ်ကမှ ပေါ်တိုကနေ မန်ချက်စတာ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
သို့ပေမယ့် ယူနိုက်တက်အသင်းက နောက်ခံလူ ဝမ်ဘစ်ဆာကာကို အသင်းဆီ ခေါ်ယူခဲ့ပြီးနောက်မှာ ဒါလော့ရဲ့ ပုံမှန် ပွဲထွက်ကစားခွင့်တွေ ပျောက်ဆုံးလာခဲ့ပြီး မနှစ်က ဘောလုံးရာသီမှာလည်း စီးရီးအေကလပ် အေစီမီလန်အသင်းဆီကို တစ်ရာသီ အငှားစာချုပ်နဲ့ သွားရောက်ကစားခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ဒါလော့ဟာ အေစီမီလန်နဲ့ အငှားစာချုပ်ပြည့်မြောက် သွားပြီဖြစ်ပြီး မိခင်ကလပ် ယူနိုက်တက်ဆီ ပြန်လည်ရောက်ရှိနေပေမယ့်လည်း ယူနိုက်တက်ဘက်က ဒါလော့ကို ပြန်သုံးဖို့ထက် ရောင်းချသွားမယ့် သဘောရှိနေတယ်လို့ သိရပါတယ်။
ထို့ကြောင့် ယခုလို အနာဂတ် မရေမရာ ဖြစ်နေတဲ့ ဒါလော့ကို ပီးခဲ့တဲ့ရာသီက အငှားခေါ်ယူခဲ့တဲ့ အေစီမီလန် အသင်းနဲ့အပြိုင် ရီးရဲလ်မက်ဒရစ်အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ရီးရဲလ်နည်းပြကြီး အန်စလော့တီကိုယ်တိုင်ကပါ ဒါလော့ကို သဘောကျနေတာပါ။
အီတလီလူမျိုး ဝါရင့်နည်းပြ အန်စလော့တီဟာ ပရီးမီးယားလိဂ်မှာ အဲဗာတန်အသင်းကို ကိုင်တွယ်ခဲ့စဉ်ကတည်းက ဒါလော့ကို သူ့အသင်းဆီ ခေါ်ယူချင်ခဲ့တာဖြစ်ပြီး အခု ရီးရဲလ်ကို ကိုင်တွယ်နေစဉ်မှာလည်း ဒါလော့ကို စပိန်မြေက ရီးရဲလ်အသင်းဆီ ခေါ်ဆောင်ချင်နေတာ ဖြစ်ပါတယ်။
လတ်ရှိမှာ မန်ချက်စတာ ယူနိုက်တက်အသင်းဘက်က နောက်ခံလူ ဗာရန်းကို ကမ်းလှမ်းနေတာဖြစ်လို့ ရီးရဲလ်အနေနဲ့ ယူနိုက်တက်ဆီ ဗာရန်းကို ရောင်းချရမှာ အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ်နဲ့ ဒါလော့ကို တောင်းဆိုသွားဖွယ်လည်း ရှိနေပါတယ်။
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္အသင္းမွာ အနာဂတ္ မေရမရာ ျဖစ္လို႔ေနတဲ့ ေပၚတူဂီ လူငယ္ၾကယ္ပြင့္ ညာေနာက္ခံလူ ဒါေလာ့ကို စပိန္ဘီလူး ရီးရဲလ္မက္ဒရစ္ အသင္းက ေခၚယူရန္ ေစာင့္ၾကည့္လ်က္ ရွိေနၿပီး ယခုေႏြရာသီမွာ ေခၚယူသြားဖို႔ စိတ္ဝင္စားေနတယ္လို႔ စပိန္မီဒီယာေတြကေန ေဖာ္ျပလာခဲ့ပါတယ္။
အသက္ ၂၂ အ႐ြယ္သာရွိေသးတဲ့ ဒါေလာ့ဟာ ေပၚတိုလူငယ္အသင္းကေန ေပၚထြက္လာတဲ့ ကစားသမားတစ္ေယာက္ျဖစ္ၿပီး ၂၀၁၈ခုႏွစ္ကမွ ေပၚတိုကေန မန္ခ်က္စတာ ယူနိုက္တက္အသင္းဆီကို ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ပါတယ္။
သို႔ေပမယ့္ ယူနိုက္တက္အသင္းက ေနာက္ခံလူ ဝမ္ဘစ္ဆာကာကို အသင္းဆီ ေခၚယူခဲ့ၿပီးေနာက္မွာ ဒါေလာ့ရဲ႕ ပုံမွန္ ပြဲထြက္ကစားခြင့္ေတြ ေပ်ာက္ဆုံးလာခဲ့ၿပီး မႏွစ္က ေဘာလုံးရာသီမွာလည္း စီးရီးေအကလပ္ ေအစီမီလန္အသင္းဆီကို တစ္ရာသီ အငွားစာခ်ဳပ္နဲ႕ သြားေရာက္ကစားခဲ့ပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ ဒါေလာ့ဟာ ေအစီမီလန္နဲ႕ အငွားစာခ်ဳပ္ျပည့္ေျမာက္ သြားၿပီျဖစ္ၿပီး မိခင္ကလပ္ ယူနိုက္တက္ဆီ ျပန္လည္ေရာက္ရွိေနေပမယ့္လည္း ယူနိုက္တက္ဘက္က ဒါေလာ့ကို ျပန္သုံးဖို႔ထက္ ေရာင္းခ်သြားမယ့္ သေဘာရွိေနတယ္လို႔ သိရပါတယ္။
ထို႔ေၾကာင့္ ယခုလို အနာဂတ္ မေရမရာ ျဖစ္ေနတဲ့ ဒါေလာ့ကို ပီးခဲ့တဲ့ရာသီက အငွားေခၚယူခဲ့တဲ့ ေအစီမီလန္ အသင္းနဲ႕အၿပိဳင္ ရီးရဲလ္မက္ဒရစ္အသင္းကလည္း ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး ရီးရဲလ္နည္းျပႀကီး အန္စေလာ့တီကိုယ္တိုင္ကပါ ဒါေလာ့ကို သေဘာက်ေနတာပါ။
အီတလီလူမ်ိဳး ဝါရင့္နည္းျပ အန္စေလာ့တီဟာ ပရီးမီးယားလိဂ္မွာ အဲဗာတန္အသင္းကို ကိုင္တြယ္ခဲ့စဥ္ကတည္းက ဒါေလာ့ကို သူ႕အသင္းဆီ ေခၚယူခ်င္ခဲ့တာျဖစ္ၿပီး အခု ရီးရဲလ္ကို ကိုင္တြယ္ေနစဥ္မွာလည္း ဒါေလာ့ကို စပိန္ေျမက ရီးရဲလ္အသင္းဆီ ေခၚေဆာင္ခ်င္ေနတာ ျဖစ္ပါတယ္။
လတ္ရွိမွာ မန္ခ်က္စတာ ယူနိုက္တက္အသင္းဘက္က ေနာက္ခံလူ ဗာရန္းကို ကမ္းလွမ္းေနတာျဖစ္လို႔ ရီးရဲလ္အေနနဲ႕ ယူနိုက္တက္ဆီ ဗာရန္းကို ေရာင္းခ်ရမွာ အေျပာင္းအေ႐ႊ႕ရဲ႕ တစိတ္တပိုင္းအျဖစ္နဲ႕ ဒါေလာ့ကို ေတာင္းဆိုသြားဖြယ္လည္း ရွိေနပါတယ္။