Spots news

ဂရီးလစ် နဲ့ ဟယ်ရီကိန်း နှစ်ဦးလုံးကို ဗြိတိန်စံချိန်တင် ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူမယ့် မန်စီးတီး

Unicode Version

ပရီးမီးယားလိဂ် ချန်ပီယံအသင်းဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းဟာ အက်စတွန်ဗီလာအသင်းရဲ့ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ဂရီးလစ်ရှ် နဲ့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းတို့အားခေါ်ယူနိုင်ရန် ဗြိတိန်စံချိန်တင်ကြေးဖြင့် ကမ်းလှမ်းသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

 

လက်ရှိမှာ အင်္ဂလန်ကလပ်အသင်းများထဲ၌ ပြောင်းရွှေ့ကြေးစံချိန်တင် ထားသူမှာ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာဖြစ်ပြီး ၂၀၁၆ ခုနှစ်က ဂျူဗင်တပ်စ် အသင်းထံမှ ပြောင်းရွှေ့ကြေး ပေါင် (၈၉)သန်းဖြင့် ခေါ်ယူထားခြင်းဖြစ်ကာ ထိုစဉ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ ကြေး ဖြစ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ မန်စီးတီးအသင်းဟာ အသင်းရဲ့ ကာလရှည်ပစ်မှတ် ဂရီးလစ်ရှ် အား ခေါ်ယူနိုင်ရန် အတွက် ပြောင်းရွှေကြေးပေါင်သန်း (၉၀)ဖြင့် စတင်ကမ်းလှမ်းပြီး အက်စတွန်ဗီလာ အသင်းတာဝန်ရှိသူ များနဲ့ ဆွေးနွေးမှုပြုလုပ်ရန် စီစဉ်နေကြောင်း သိရှိရပါတယ်။

မန်ချက်စတာ စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်ပြီး လွဲချော်ခဲ့တဲ့ ချန်ပီယံလိဂ်ဖလားကို ပြန်လည်စိန်ခေါ်ဖို့ ပြင်ဆင်နေပါတယ်။ မန်စီးတီးဟာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကိုလဲ ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ ကြေးပေးပြီး ခေါ်ယူဖို့ ယခုနွေရာသီ အပြောင်း အရွေ့မှာ ကြိုးစားနေပေမယ့်

စပါးအသင်းရဲ့ အကြီးအကဲ လီဗိုင်းက ဟယ်ရီကိန်းရဲ့ တန်ကြေးကို ဈေးကိုင်နေတဲ့ အတွက် မန်စီးတီး အသင်းဟာ နောက်ဆုတ်လာဖွယ်ရာ ရှိနေပါတယ်။ မန်ချက်စတာ စီးတီး အနေနဲ့ အသင်းရဲ့ တိုက်စစ်မှူး အဂူရိုရဲ့ နေရာအတွက် အစားထိုးဖို့ လိုအပ်နေပြီး အသင်းကို တိုက်စစ်အင်အား ဖြည့်တင်းမှု

မဖြစ်မနေ လုပ်ဆောင်ရမှာ ဖြစ်တဲ့ အတွက် အသင်းရဲ့ အဓိက ပစ်မှတ်ကို ပြောင်းလဲ ချိန်ရွယ် လာဖွယ်ရာ ရှိပါတယ်။ လက်ရှိအချိန်မှာ မန်စီးတီးက ဟယ်ရီကိန်းကို မခေါ်ယူနိုင်ဘူးဆိုရင် ဘာစီလိုနာ အသင်းက ရောင်းချဖွယ်ရှိနေတဲ့ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး ဂရဇ်မန်းကို အစားထိုး ခေါ်ယူဖွယ် ရှိနေပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ ခ်န္ပီယံအသင္းျဖစ္တဲ့ မန္ခ်က္စတာ စီးတီးအသင္းဟာ အက္စတြန္ဗီလာအသင္းရဲ႕ အဂၤလန္လက္ေ႐ြးစင္ကြင္းလယ္လူ ဂရီးလစ္ရွ္ နဲ႕ စပါးတိုက္စစ္မႉး ဟယ္ရီကိန္းတို႔အားေခၚယူနိုင္ရန္ ၿဗိတိန္စံခ်ိန္တင္ေၾကးျဖင့္ ကမ္းလွမ္းသြားမည္ျဖစ္ေၾကာင္း သိရွိရပါတယ္။

လက္ရွိမွာ အဂၤလန္ကလပ္အသင္းမ်ားထဲ၌ ေျပာင္းေ႐ႊ႕ေၾကးစံခ်ိန္တင္ ထားသူမွာ ယူနိုက္တက္ ကြင္းလယ္လူ ေပါ့ဘာျဖစ္ၿပီး ၂၀၁၆ ခုႏွစ္က ဂ်ဴဗင္တပ္စ္ အသင္းထံမွ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ (၈၉)သန္းျဖင့္ ေခၚယူထားျခင္းျဖစ္ကာ ထိုစဥ္က ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ ေၾကး ျဖစ္ခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ မန္စီးတီးအသင္းဟာ အသင္းရဲ႕ ကာလရွည္ပစ္မွတ္ ဂရီးလစ္ရွ္ အား ေခၚယူနိုင္ရန္ အတြက္ ေျပာင္းေ႐ႊေၾကးေပါင္သန္း (၉၀)ျဖင့္ စတင္ကမ္းလွမ္းၿပီး အက္စတြန္ဗီလာ အသင္းတာဝန္ရွိသူ မ်ားနဲ႕ ေဆြးေႏြးမႈျပဳလုပ္ရန္ စီစဥ္ေနေၾကာင္း သိရွိရပါတယ္။

မန္ခ်က္စတာ စီးတီးအသင္းဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ကာကြယ္ၿပီး လြဲေခ်ာ္ခဲ့တဲ့ ခ်န္ပီယံလိဂ္ဖလားကို ျပန္လည္စိန္ေခၚဖို႔ ျပင္ဆင္ေနပါတယ္။ မန္စီးတီးဟာ စပါးတိုက္စစ္မႉး ဟယ္ရီကိန္းကိုလဲ ၿဗိတိန္ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ ေၾကးေပးၿပီး ေခၚယူဖို႔ ယခုေႏြရာသီ အေျပာင္း အေ႐ြ႕မွာ ႀကိဳးစားေနေပမယ့္

စပါးအသင္းရဲ႕ အႀကီးအကဲ လီဗိုင္းက ဟယ္ရီကိန္းရဲ႕ တန္ေၾကးကို ေဈးကိုင္ေနတဲ့ အတြက္ မန္စီးတီး အသင္းဟာ ေနာက္ဆုတ္လာဖြယ္ရာ ရွိေနပါတယ္။ မန္ခ်က္စတာ စီးတီး အေနနဲ႕ အသင္းရဲ႕ တိုက္စစ္မႉး အဂူရိုရဲ႕ ေနရာအတြက္ အစားထိုးဖို႔ လိုအပ္ေနၿပီး အသင္းကို တိုက္စစ္အင္အား ျဖည့္တင္းမႈ

မျဖစ္မေန လုပ္ေဆာင္ရမွာ ျဖစ္တဲ့ အတြက္ အသင္းရဲ႕ အဓိက ပစ္မွတ္ကို ေျပာင္းလဲ ခ်ိန္႐ြယ္ လာဖြယ္ရာ ရွိပါတယ္။ လက္ရွိအခ်ိန္မွာ မန္စီးတီးက ဟယ္ရီကိန္းကို မေခၚယူနိုင္ဘူးဆိုရင္ ဘာစီလိုနာ အသင္းက ေရာင္းခ်ဖြယ္ရွိေနတဲ့ ျပင္သစ္ လက္ေ႐ြးစင္ တိုက္စစ္မႉး ဂရဇ္မန္းကို အစားထိုး ေခၚယူဖြယ္ ရွိေနပါတယ္။