Spots news

ယူနိုက်တက်ရဲ့ ပစ်မှတ် ကာဗာဗင်ဂါကို အပြိုင်ကမ်းလှမ်းမှုလုပ်လာတဲ့ ချယ်လ်ဆီး

Unicode Version

ချယ်လ်ဆီးအသင်းဟာ နွေစျေးကွက်အတွင်း ကစားသမားသစ် အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေပြီး လက်ရှိမှာ ပြိုင်ဘက် ယူနိုက်တက်အသင်းရဲ့ ပစ်မှတ် ရန်းနက်စ်အသင်းရဲ့ လူငယ်ကွင်းလယ်ကစားသမားလေး ကာမာဗင်ဂါကို ခေါ်ယူနိုင်ဖို့အတွက် အပြိုင်အဆိုင် ကြိုးပမ်းလာပါတယ်။

အသက်(၁၈)နှစ် အရွယ်သာရှိသေးတဲ့ ဆယ်ကျော်သက် လူငယ်ကစားသမားလေး ကာမာဗင်ဂါဟာ ရန်းနက်စ်လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး ၂၀၁၉ခုနှစ်မှာပဲ ရန်းနက်စ်စီနီယာအသင်းကြီးနဲ့ ပွဲထွက်ခွင့်ရခဲ့သလို တစ်နှစ်အကြာမှာပဲ ပြင်သစ်လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံခဲ့ရပါတယ်။

ကာမာဗင်ဂါဟာ လက်ရှိမှာတော့ ရန်းနက်စ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက တစ်နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး ကစားသမား ဘက်ကလည်း အသင်းနဲ့ သက်တမ်းတိုးတော့မှာ မဟုတ်တဲ့အတွက် ဒီနွေစျေးကွက် အတွင်းမှာပဲ အသင်းကနေ ရောင်းထုတ် သွားရတော့မှာဖြစ်ပါတယ်။

လူငယ်ကစားသမား‌လေး ကာမာဗင်ဂါကို စိတ်ဝင်စားပြီး ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်က ထိပ်ဆုံးကနေ ကြိုးစားနေပါတယ်။ ကာမာဗင်ဂါနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ကြားမှာ အပြောင်းအရွေ့ သတင်းတွေ

ဆက်တိုက်ထွက်ပေါ်နေပေမယ့် ချယ်လ်ဆီးအသင်းက‌‌တော့ ကာမာဗင်ဂါကို ယူနိုက်တက်နဲ့ အပြိုင် ခေါ်ယူသွားဖို့ ကြားဝင်ကြိုးစားလာခဲ့ပြီး ရန်းနက်စ်နဲ့ပါ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။

ချယ်လ်ဆီးနဲ့ ရန်းနက်စ်အသင်းတို့ဟာ ဆက်ဆံရေးကောင်းတွေ ပိုင်ဆိုင်ထားကြပြီး လက်ရှိ ချယ်လ်ဆီးအသင်းရဲ့ အားကစားဒါရိုက်တာ ပီတာချက်က သူရဲ့ကစားသမားဘဝကို ရန်းစ်အသင်းမှာ စတင်ခဲ့တာဖြစ်လို့ ချက်ရဲ့အကူအညီနဲ့ ဂိုးသမားအက်ဒွါမန်ဒီကိုပါ ပြီးခဲ့တဲ့ရာသီက ခေါ်ယူထားတာပါ။

အခုလည်း ကာမာဗင်ဂါကို ခေါ်ယူဖို့ပါ ယူနိုက်တက်နဲ့ အပြိုင်ကြိုးပမ်းလာပြီး အခြေအနေကောင်းလျက်ရှိကြောင်း သိရပါတယ်။ သို့ပေမယ့် ချယ်လ်ဆီးအသင်းရဲ့ အဓိကပစ်မှတ်ဟာ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းဖြစ်ပြီး ဟာလန်းကို ခေါ်ယူဖို့ အသင်းရဲ့ကစားသမားတချို့ကို ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။

Zawgyi Version

ခ်ယ္လ္ဆီးအသင္းဟာ ေႏြေစ်းကြက္အတြင္း ကစားသမားသစ္ အင္အားျဖည့္တင္းမႈေတြ လုပ္ေဆာင္ဖို႔ ျပင္ဆင္ေနၿပီး လက္ရွိမွာ ၿပိဳင္ဘက္ ယူနိုက္တက္အသင္းရဲ႕ ပစ္မွတ္ ရန္းနက္စ္အသင္းရဲ႕ လူငယ္ကြင္းလယ္ကစားသမားေလး ကာမာဗင္ဂါကို ေခၚယူနိုင္ဖို႔အတြက္ အၿပိဳင္အဆိုင္ ႀကိဳးပမ္းလာပါတယ္။

အသက္(၁၈)ႏွစ္ အ႐ြယ္သာရွိေသးတဲ့ ဆယ္ေက်ာ္သက္ လူငယ္ကစားသမားေလး ကာမာဗင္ဂါဟာ ရန္းနက္စ္လူငယ္အသင္းကေန ေပၚထြက္လာခဲ့တာျဖစ္ၿပီး ၂၀၁၉ခုႏွစ္မွာပဲ ရန္းနက္စ္စီနီယာအသင္းႀကီးနဲ႕ ပြဲထြက္ခြင့္ရခဲ့သလို တစ္ႏွစ္အၾကာမွာပဲ ျပင္သစ္လက္ေ႐ြးစင္အသင္းမွာပါ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

ကာမာဗင္ဂါဟာ လက္ရွိမွာေတာ့ ရန္းနက္စ္အသင္းနဲ႕ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္းက တစ္ႏွစ္သာ က်န္ရွိေတာ့တာျဖစ္ၿပီး ကစားသမား ဘက္ကလည္း အသင္းနဲ႕ သက္တမ္းတိုးေတာ့မွာ မဟုတ္တဲ့အတြက္ ဒီေႏြေစ်းကြက္ အတြင္းမွာပဲ အသင္းကေန ေရာင္းထုတ္ သြားရေတာ့မွာျဖစ္ပါတယ္။

လူငယ္ကစားသမား‌ေလး ကာမာဗင္ဂါကို စိတ္ဝင္စားၿပီး ေခၚယူဖို႔ မန္ခ်က္စတာယူနိုက္တက္က ထိပ္ဆုံးကေန ႀကိဳးစားေနပါတယ္။ ကာမာဗင္ဂါနဲ႕ ယူနိုက္တက္အသင္းတို႔ရဲ႕ၾကားမွာ အေျပာင္းအေ႐ြ႕ သတင္းေတြ

ဆက္တိုက္ထြက္ေပၚေနေပမယ့္ ခ်ယ္လ္ဆီးအသင္းက‌‌ေတာ့ ကာမာဗင္ဂါကို ယူနိုက္တက္နဲ႕ အၿပိဳင္ ေခၚယူသြားဖို႔ ၾကားဝင္ႀကိဳးစားလာခဲ့ၿပီး ရန္းနက္စ္နဲ႕ပါ ေဆြးေႏြးမႈေတြ လုပ္ေဆာင္ေနပါတယ္။

ခ်ယ္လ္ဆီးနဲ႕ ရန္းနက္စ္အသင္းတို႔ဟာ ဆက္ဆံေရးေကာင္းေတြ ပိုင္ဆိုင္ထားၾကၿပီး လက္ရွိ ခ်ယ္လ္ဆီးအသင္းရဲ႕ အားကစားဒါရိုက္တာ ပီတာခ်က္က သူရဲ႕ကစားသမားဘဝကို ရန္းစ္အသင္းမွာ စတင္ခဲ့တာျဖစ္လို႔ ခ်က္ရဲ႕အကူအညီနဲ႕ ဂိုးသမားအက္ဒြါမန္ဒီကိုပါ ၿပီးခဲ့တဲ့ရာသီက ေခၚယူထားတာပါ။

အခုလည္း ကာမာဗင္ဂါကို ေခၚယူဖို႔ပါ ယူနိုက္တက္နဲ႕ အၿပိဳင္ႀကိဳးပမ္းလာၿပီး အေျခအေနေကာင္းလ်က္ရွိေၾကာင္း သိရပါတယ္။ သို႔ေပမယ့္ ခ်ယ္လ္ဆီးအသင္းရဲ႕ အဓိကပစ္မွတ္ဟာ ေဒါ့မြန္တိုက္စစ္မႉး ဟာလန္းျဖစ္ၿပီး ဟာလန္းကို ေခၚယူဖို႔ အသင္းရဲ႕ကစားသမားတခ်ိဳ႕ကို ေရာင္းထုတ္သြားဖြယ္ ရွိေနပါတယ္။