Spots news

ယူနိုက်တက်ကို ပြောင်းရွေ့ဖို့ အဆုံးထိ လမ်းဖွင့်ပေးထားလိုက်ပြီ ဖြစ်တဲ့ ဗာရန်း

Unicode Version

စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ပြင်သစ်လက်ရွေးစင် အဓိက နောက်ခံလူ ဗာရန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ လုပ်ခလစာတိုးပေးပြီး စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းဆိုလိုက်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကို သဘောတူလိုက်ပြီ ဖြစ်ကြောင်း စပိန် သတင်းဌာန Marca က ဖော်ပြသွားပါပြီ။

ဗာရန်းဟာ ရီးရဲလ်မက်ဒရစ် အသင်းမှာ တစ်နှစ်လုပ်ခ ယူရို ၅.၅ သန်း ရရှိနေပြီး ယူနိုက်တက်ရဲ့ တစ်နှစ် ယူရို ၁၀ သန်းဖြင့် ကမ်းလှမ်းမှုကို ကြိုတင်လက်ခံပြီး ဖြစ်သဖြင့် မက်ဒရစ်ရဲဲ့ စာချုပ်သစ် ယူရို ၇သန်း အား ပယ်ချထားလိုက်ပြီ ဖြစ်ပါတယ်။

သို့ပေမယ့် ဗာရန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ဆယ်စုနှစ် တစုကြာ ခြေစွမ်းပြ ကစားခဲ့သလို အသင်းနဲ့ ရယူနိုင်တဲ့ ဆုဖလားအစုံ ကို ရယူနိုင်ခဲ့တာကြောင့် စာချုပ်သစ်ကိုငြင်းဆန်မှုဟာ ငွေကြေးကြောင့် မဟုတ်ပဲ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ရန်အတွက် ဖြစ်ကြောင်း Marca သတင်းစာက ဖော်ပြသွားပါတယ်။

သို့ဖြစ်၍ ဗာရန်းဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့တာ ဖြစ်ပြီး စာချုပ်သက်တမ်း ထပ်မံတိုးတော့မှာ မဟုတ်တဲ့ အတွက် လာမယ့်ရာသီမှာ အလွတ်ပြောင်းရွေ့ကြေးနဲ့ လက်လွတ်ရဖွယ်ရှိတာကြောင့် လက်ရှိအချိန်မှာ ပြောင်းရွှေ့ကြေးရဖို့ ရီးရဲလ်မက်ဒရစ် အသင်းက ရောင်းထုတ်တော့မှာ ဖြစ်ပါတယ်။

စပိန်အခြေစိုက် သတင်းစာ Marca ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ ကြားမှာ ဗာရန်းရဲ့ အပြောင်းအရွှေ့ အတွက်
သဘောတူညီမှု ရဖို့နီးစပ်နေကာ ဗာရန်းရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင် ၄၀သန်းကျော် ရှိနိုင်တယ် လို့ ဖော်ပြထားပါတယ်။

လက်ရှိအချိန် ယနေ့ထုတ် Marca သတင်းစာရဲ့ မျက်နှာဖုံးသတင်း‌အနေနဲ့ ရီးရဲလ်နောက်ခံလူ ဗာရန်း အနေဖြင့် ယင်း၏ အနာဂတ်အား ရီးရဲလ်မက်ဒရစ် နှင့် မန်ချက်စတာ ယူနိုက်တက် အသင်းတို့ရဲ့ လက်ထဲသို့ ပုံအပ်လိုက်ပြီဖြစ်ပြီး ၂ သင်း ပြောင်းရွှေ့ကြေး သဘောတူပါက အသင်းပြောင်းရန် အသင့်ဖြစ်နေပြီပါတယ်။

Zawgyi Version

စပိန္လာလီဂါ ထိပ္သီးကလပ္ ရီးရဲလ္မက္ဒရစ္ အသင္းရဲ႕ ျပင္သစ္လက္ေ႐ြးစင္ အဓိက ေနာက္ခံလူ ဗာရန္းဟာ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ လုပ္ခလစာတိုးေပးၿပီး စာခ်ဳပ္သစ္ကမ္းလွမ္းမႈကို ျငင္းဆိုလိုက္ၿပီး မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ကမ္းလွမ္းမႈကို သေဘာတူလိုက္ၿပီ ျဖစ္ေၾကာင္း စပိန္ သတင္းဌာန Marca က ေဖာ္ျပသြားပါၿပီ။

ဗာရန္းဟာ ရီးရဲလ္မက္ဒရစ္ အသင္းမွာ တစ္ႏွစ္လုပ္ခ ယူရို ၅.၅ သန္း ရရွိေနၿပီး ယူနိုက္တက္ရဲ႕ တစ္ႏွစ္ ယူရို ၁၀ သန္းျဖင့္ ကမ္းလွမ္းမႈကို ႀကိဳတင္လက္ခံၿပီး ျဖစ္သျဖင့္ မက္ဒရစ္ရဲဲ့ စာခ်ဳပ္သစ္ ယူရို ၇သန္း အား ပယ္ခ်ထားလိုက္ၿပီ ျဖစ္ပါတယ္။

သို႔ေပမယ့္ ဗာရန္းဟာ ရီးရဲလ္မက္ဒရစ္အသင္းမွာ ဆယ္စုႏွစ္ တစုၾကာ ေျခစြမ္းျပ ကစားခဲ့သလို အသင္းနဲ႕ ရယူနိုင္တဲ့ ဆုဖလားအစုံ ကို ရယူနိုင္ခဲ့တာေၾကာင့္ စာခ်ဳပ္သစ္ကိုျငင္းဆန္မႈဟာ ေငြေၾကးေၾကာင့္ မဟုတ္ပဲ စိန္ေခၚမႈအသစ္ေတြကို ရင္ဆိုင္ရန္အတြက္ ျဖစ္ေၾကာင္း Marca သတင္းစာက ေဖာ္ျပသြားပါတယ္။

သို႔ျဖစ္၍ ဗာရန္းဟာ ရီးရဲလ္မက္ဒရစ္ အသင္းနဲ႕ စာခ်ဳပ္သက္တမ္း တစ္ႏွစ္သာ က်န္ေတာ့တာ ျဖစ္ၿပီး စာခ်ဳပ္သက္တမ္း ထပ္မံတိုးေတာ့မွာ မဟုတ္တဲ့ အတြက္ လာမယ့္ရာသီမွာ အလြတ္ေျပာင္းေ႐ြ႕ေၾကးနဲ႕ လက္လြတ္ရဖြယ္ရွိတာေၾကာင့္ လက္ရွိအခ်ိန္မွာ ေျပာင္းေ႐ႊ႕ေၾကးရဖို႔ ရီးရဲလ္မက္ဒရစ္ အသင္းက ေရာင္းထုတ္ေတာ့မွာ ျဖစ္ပါတယ္။

စပိန္အေျခစိုက္ သတင္းစာ Marca ရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာ ယူနိုက္တက္အသင္းနဲ႕ ရီးရဲလ္မက္ဒရစ္အသင္းတို႔ ၾကားမွာ ဗာရန္းရဲ႕ အေျပာင္းအေ႐ႊ႕ အတြက္
သေဘာတူညီမႈ ရဖို႔နီးစပ္ေနကာ ဗာရန္းရဲ႕ ေျပာင္းေ႐ႊ႕ေၾကးဟာ ေပါင္ ၄၀သန္းေက်ာ္ ရွိနိုင္တယ္ လို႔ ေဖာ္ျပထားပါတယ္။

လက္ရွိအခ်ိန္ ယေန႕ထုတ္ Marca သတင္းစာရဲ႕ မ်က္ႏွာဖုံးသတင္း‌အေနနဲ႕ ရီးရဲလ္ေနာက္ခံလူ ဗာရန္း အေနျဖင့္ ယင္း၏ အနာဂတ္အား ရီးရဲလ္မက္ဒရစ္ ႏွင့္ မန္ခ်က္စတာ ယူနိုက္တက္ အသင္းတို႔ရဲ႕ လက္ထဲသို႔ ပုံအပ္လိုက္ၿပီျဖစ္ၿပီး ၂ သင္း ေျပာင္းေ႐ႊ႕ေၾကး သေဘာတူပါက အသင္းေျပာင္းရန္ အသင့္ျဖစ္ေနၿပီပါတယ္။