Spots news

မန်ယူနဲ့ မန်စီးတီးတို့ရဲ့ ကမ်းလှမ်းမှုကို စောင့်မျှော်နေတဲ့ တိုက်စစ်မှူး ဒန်နီအင့်စ်

Unicode Version

ဆောက်သမ်တန်အသင်းရဲ့ စာချုပ်သစ်ကို ငြင်းပယ်ထားတဲ့ တိုက်စစ်မှူး ဒန်နီအင့်စ်ဟာ လက်ရှိမှာ ထိပ်သီး ကလပ်အသင်းများနဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့်

ကစားသမားကိုယ်တိုင်က အခြားအသင်းတွေထက် မန်စီးတီး သို့ မန်ယူနိုက်တက် တို့ရဲ့ ကမ်းလှမ်းမှုတွေကို စောင့်ဆိုင်းနေတယ်လို့ talkSPORT ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွှယ်ရှိပြီ ဖြစ်တဲ့ အင်္ဂလန်တိုက်စစ်ကစားသမား ဒန်နီအင့်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆောက်သမ်တန်

အသင်းအတွက် ပရီးမီးယားလိဂ် သွင်းဂိုး ၁၂ ဂိုးအထိ သွင်းယူထားပေးနိုင်ခဲ့တဲ့ အသင်းရဲ့ အဓိက ကစားသမား တစ်ယောက် ဖြစ်ပါတယ်။

သို့ပေမယ့် အင့်စ်နဲ့ အသင်းကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကတော့ သက်တမ်းတစ်နှစ်ပဲ ကျန်ရှိနေတော့တဲ့ အင့်စ်ကို ဆောက်သမ်တန်ဘက်‌နေ သက်တမ်းတိုးချင်

နေပေမယ့် ကစားသမားဘက်က ပယ်ချထားခဲ့တာကြောင့် ဒအလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွတ်ရဖို့အတွက် ဒီနွေမှာပဲ ရောင်းချသွားဖွယ်ရှိပါတယ်။

ဒီလို အနာဂတ် မရေမရာ ဖြစ်လို့နေရတဲ့ ဒန်နီအင့်စ်ကို စပါးအသင်းက စိတ်ဝင်အစားဆုံး ဖြစ်လို့နေပြီး အဂူရိုရဲ့ နေရာကို အစားထိုး အင်အား

ဖြည့်တင်းသွားဖို့ လိုအပ်နေတဲ့ မန်စီးတီးအသင်းနဲ့လည်း အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လို့နေတာ ဖြစ်ပါတယ်။

သို့ပေမယ့် မန်စီးတီးအသင်းဟာ အသင်းရဲ့တိုက်စစ်ပိုင်းအတွက် စပါးတိုက်စစ်မှူး ဟယ်ရီကိန်း၊ ဒေါ့မွန်လူငယ် တိုက်စစ်မှူး ဟာလန်းနဲ့ ဘိုင်ယန်တိုက်စစ်မှူး

လီဝန်ဒေါစကီးတို့ကို အဓိကပစ်မှတ်ထားနေတာဖြစ်ပြီး ဒီကစားသမားတွေကို မခေါ်ယူနိုင်မှသာ ဒန်နီအင့်စ်ကို ကမ်းလှမ်းဖွယ် ရှိနေပါတယ်။

ကစားသမား ကိုယ်တိုင်ကလည်း တော့တင်ဟမ်ဟော့ စပါးအသင်းထက် ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့

အဆင့် ၁ နဲ့ ၂ နေရာတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ မန်စီးတီးနဲ့ ယူနိုက်တက်အသင်းတွေက ကမ်းလှမ်းမှုတွေကိုသာ အလိုရှိနေတာဖြစ်ပါတယ်။

လီဗာပူးနဲ့ ဘန်လေအသင်းတို့ရဲ့ တိုက်စစ်ကစားသမားဟောင်း တစ်ယောက် ဖြစ်တဲ့ ဒန်နီအင့်စ်ဟာ ဆောက်သမ်တန်နဲ့ ဘောလုံးရာသီ ၃ရာသီကို

ဖြတ်သန်းခဲ့ပြီး အဆိုပါ ၃ ရာသီအတွင်း ဆောက်သမ်တန်အတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၄၁ ဂိုးအထိကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

Zawgyi Version






