Spots news

ယူနိုက်တက်ရဲ့ လူငယ်တွေကို သူ့အသင်းကို အငှားလွှတ်ထားလို့ရပါတယ် ဆိုတဲ့ ရွန်းနီ

Unicode Version

ယမန်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ ဝိန်းရဲ့ ဒါဘီအသင်းဟာ ယူနိုက်တက်ကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ပါတယ်။ ပွဲအပြီးမှာတော့ ဒါဘီနည်းပြ ဝိန်းရွန်းနီက တစ်ချိန်ကသူ့ရဲ့

အသင်းဟောင်းဖြစ်တဲ့ ယူနိုက်တက်အသင်းရဲ့ လတ်တလော ကစားသမား အင်အား အခြေအနေတွေအပေါ် သူ့ရဲ့ ထင်မြင်ချက်ကို ပြောပြခဲ့ပါတယ်။

” နည်းပြ ဆိုးလ်ရှားအနေနဲ့ မဖြစ်မနေ စွမ်းဆောင်ပေးရမှာကတော့ ပရိသတ်တွေအတွက် ဝေးကွာနေတဲ့ဆုဖလားအောင်မြင်မှုတွေကို ပြန်လည် ရယူပေးနိုင်ဖို့ပါပဲ ။

ဒါ့ကြောင့် ဆိုးလ်ရှားနဲ့ နည်းပြအဖွဲ့ဝင်တွေမှာ ဖိအားကတော့ရှိနေမှာပဲ။ အိုလေဟာ ယူနိုက်တက် ရေရှည်ကိုင်တွယ်သင့် တဲ့ နည်းပြတစ်ယောက်လို့ ကျွန်တော် ထင်ပါတယ် ”

“ လက်ဂတ်ဟာ ယူနိုက်တက်အတွက် ဒီရာသီမှာ ခြေစွမ်းပြနိုင်မယ်လို့ ယုံကြည်ပါတယ် ။ဝက်စ်ဟမ်းမှာလည်း သူ ခြေစွမ်းကောင်းတွေ ပြသခဲ့တယ်။နောက်ပြီး ဆန်ချိုလို ကစားသမားမျိုးကိုလည်း

ယူနိုက်တက်တို့ ခေါ်ယူနိုင်ခဲ့တယ်။ သိပ်ကောင်းပါတယ်။ ဒီကောင်လေး ဆန်ချိုဟာ ယူနိုက်တက်အတွက် သွင်းဂိုးတွေ ၊ ဂိုးဖန်တီးမှူတွေများစွာနဲ့ အားထားရတဲ့ ကစားသမား တစ်ယောက် ဖြစ်လာမှာပါ။

ယူနိုက်တက်ဟာ ဒီစျေးကွက်မှာ လက်သွက်နေသလို ကစားသမားကောင်းတွေ များများ ထပ်ပြီး ခေါ်ယူစေချင်တယ်။ ဒါမှ အသုံးမတည့်သေးတဲ့ လူငယ် ကစားလေးတွေကို အသင်းမှာ

အချိန်ကုန် နေစေမယ့် အစား ကျွန်တော့်အသင်းကို အငှားလွှတ်ထားလို့ရတာပေါ့ ” လို့ ဒါဘီနည်းပြ ယူနိုက်တက် ဂန္ဓဝင် ရွန်းနီက ပြောပြခဲ့ပါတယ်။

Zawgyi Version

ယမန္ေန႕က ယွဥ္ၿပိဳင္ခဲ့တဲ့ ရာသီႀကိဳေျခစမ္းပြဲမွာ ဝိန္းရဲ႕ ဒါဘီအသင္းဟာ ယူနိုက္တက္ကို ၂-၁ ဂိုးနဲ႕ ရႈံးနိမ့္ပါတယ္။ ပြဲအၿပီးမွာေတာ့ ဒါဘီနည္းျပ ဝိန္း႐ြန္းနီက တစ္ခ်ိန္ကသူ႕ရဲ႕ အသင္းေဟာင္းျဖစ္တဲ့ ယူနိုက္တက္အသင္းရဲ႕ လတ္တေလာ ကစားသမား အင္အား အေျခအေနေတြအေပၚ သူ႕ရဲ႕ ထင္ျမင္ခ်က္ကို ေျပာျပခဲ့ပါတယ္။

” နည္းျပ ဆိုးလ္ရွားအေနနဲ႕ မျဖစ္မေန စြမ္းေဆာင္ေပးရမွာကေတာ့ ပရိသတ္ေတြအတြက္ ေဝးကြာေနတဲ့ဆုဖလားေအာင္ျမင္မႈေတြကို ျပန္လည္ ရယူေပးနိုင္ဖို႔ပါပဲ ။ ဒါ့ေၾကာင့္ ဆိုးလ္ရွားနဲ႕ နည္းျပအဖြဲ႕ဝင္ေတြမွာ ဖိအားကေတာ့ရွိေနမွာပဲ။ အိုေလဟာ ယူနိုက္တက္ ေရရွည္ကိုင္တြယ္သင့္ တဲ့ နည္းျပတစ္ေယာက္လို႔ ကြၽန္ေတာ္ ထင္ပါတယ္ ”

“ လက္ဂတ္ဟာ ယူနိုက္တက္အတြက္ ဒီရာသီမွာ ေျခစြမ္းျပနိုင္မယ္လို႔ ယုံၾကည္ပါတယ္ ။ဝက္စ္ဟမ္းမွာလည္း သူ ေျခစြမ္းေကာင္းေတြ ျပသခဲ့တယ္။ေနာက္ၿပီး ဆန္ခ်ိဳလို ကစားသမားမ်ိဳးကိုလည္း

ယူနိုက္တက္တို႔ ေခၚယူနိုင္ခဲ့တယ္။ သိပ္ေကာင္းပါတယ္။ ဒီေကာင္ေလး ဆန္ခ်ိဳဟာ ယူနိုက္တက္အတြက္ သြင္းဂိုးေတြ ၊ ဂိုးဖန္တီးမႉေတြမ်ားစြာနဲ႕ အားထားရတဲ့ ကစားသမား တစ္ေယာက္ ျဖစ္လာမွာပါ။

ယူနိုက္တက္ဟာ ဒီေစ်းကြက္မွာ လက္သြက္ေနသလို ကစားသမားေကာင္းေတြ မ်ားမ်ား ထပ္ၿပီး ေခၚယူေစခ်င္တယ္။ ဒါမွ အသုံးမတည့္ေသးတဲ့ လူငယ္ ကစားေလးေတြကို အသင္းမွာ အခ်ိန္ကုန္ ေနေစမယ့္ အစား ကြၽန္ေတာ့္အသင္းကို အငွားလႊတ္ထားလို႔ရတာေပါ့ ” လို႔ ဒါဘီနည္းျပ ယူနိုက္တက္ ဂႏၶဝင္ ႐ြန္းနီက ေျပာျပခဲ့ပါတယ္။