Spots news

ရီနာတိုဆန်းချက်စ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတဲ့ ဘာစီလိုနာ

Unicode Version

ပေါ်တူဂီ ကွင်းလယ်ကြယ်ပွင့် ကစားသမား ရီနာတိုဆန်းချက်စ်ဟာ ယူရို-၂၀၂ဝပြိုင်ပွဲ မပြီးဆုံးခင်ကတည်းက ကလပ်အသင်းများစွာရဲ့ စိတ်ဝင်စားမှုကို ရပြီး

လက်ရှိမှာလည်း ဒီကစားသမားကို စပိန်ထိပ်သီးကလပ် ဘာစီလိုနာ အသင်းကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေ ကြောင်း သတင်းတွေ ထွက်လာခဲ့ပါတယ်။

အသက်၂၃ နှစ်သာ ရှိသေးတဲ့ ရီနာတိုဆန်းချက်စ်ဟာ ယူရို-၂၀၂ဝပြိုင်ပွဲမှာ ပေါ်တူဂီအသင်းအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်တာကြောင့် သူရဲ့အသင်းဟောင်း ဘိုင်ယန်မြူးနစ် အပါအဝင် ထိပ်တန်းကလပ်အသင်း များစွာကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့ပါတယ်။

ဒီ ကလပ် အသင်းတွေထဲမှာ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာအသင်းလည်း ပါဝင်လာခဲ့ပြီး အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် ဆန်းချက်စ်လို အရည်အသွေးမြင့် ကစားသမားတစ်ဦးကို အလိုရှိ လာခဲ့ပါတယ်။

ဆန်းချက်စ်ဟာ ပေါ်တူဂီအသင်းနဲ့အတူ ယူရိုပြိုင်ပွဲမှာ ဖလားရရှိခဲ့ပြီး ၂၀၁၆ခုနှစ်မှာ ဘင်ဖီကာအသင်းကနေ ဘိုင်ယန်မြူးနစ်ဆီကို ပေါင် ၆၈သန်းနဲ့ ရောက်ရှိလာခဲ့ပါတယ်

ဘိုင်ယန်မှာ ပွဲထွက်ခွင့်တွေ မရရှိခဲ့တာကြောင့် ဆွမ်ဆီးအသင်းဆီ တစ်ရာသီအငှားနဲ့ သွားရောက်ကစားခဲ့ပြီး ၂၀၁၉ခုနှစ်မှာတော့ လိုင်လီအသင်းဆီကိုပါ အပြီးသတ် ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ရီနာဆိုဆန်းချက်စ်ကို ခေါ်ယူချင်နေတဲ့ ဘာစီလိုနာအသင်းဟာ လက်ရှိမှာ ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး ဆန်းချက်စ်ကို အပြီးသတ် ခေါ်ယူနိုင်မှာ မဟုတ်တာကြောင့် တစ်ရာသီအငှား + အပြီးသတ်ခေါ်ယူခွင့်နဲ့ ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။

Zawgyi Version

ေပၚတူဂီ ကြင္းလယ္ၾကယ္ပြင့္ ကစားသမား ရီနာတိုဆန္းခ်က္စ္ဟာ ယူရို-၂၀၂ဝၿပိဳင္ပြဲ မၿပီးဆုံးခင္ကတည္းက ကလပ္အသင္းမ်ားစြာရဲ႕ စိတ္ဝင္စားမႈကို ရၿပီး လက္ရွိမွာလည္း ဒီကစားသမားကို စပိန္ထိပ္သီးကလပ္ ဘာစီလိုနာ အသင္းကေန ေခၚယူသြားဖို႔ စိတ္ဝင္စားေန ေၾကာင္း သတင္းေတြ ထြက္လာခဲ့ပါတယ္။

အသက္၂၃ ႏွစ္သာ ရွိေသးတဲ့ ရီနာတိုဆန္းခ်က္စ္ဟာ ယူရို-၂၀၂ဝၿပိဳင္ပြဲမွာ ေပၚတူဂီအသင္းအတြက္ အေကာင္းဆုံး စြမ္းေဆာင္နိုင္ခဲ့သူ ျဖစ္တာေၾကာင့္ သူရဲ႕အသင္းေဟာင္း ဘိုင္ယန္ျမဴးနစ္ အပါအဝင္ ထိပ္တန္းကလပ္အသင္း မ်ားစြာကေန ေခၚယူသြားဖို႔ စိတ္ဝင္စားလာခဲ့ပါတယ္။

ဒီ ကလပ္ အသင္းေတြထဲမွာ လာလီဂါထိပ္သီးကလပ္ ဘာစီလိုနာအသင္းလည္း ပါဝင္လာခဲ့ၿပီး အသင္းရဲ႕ ကြင္းလယ္ပိုင္းကို အင္အားျဖည့္တင္းဖို႔အတြက္ ဆန္းခ်က္စ္လို အရည္အေသြးျမင့္ ကစားသမားတစ္ဦးကို အလိုရွိ လာခဲ့ပါတယ္။

ဆန္းခ်က္စ္ဟာ ေပၚတူဂီအသင္းနဲ႕အတူ ယူရိုၿပိဳင္ပြဲမွာ ဖလားရရွိခဲ့ၿပီး ၂၀၁၆ခုႏွစ္မွာ ဘင္ဖီကာအသင္းကေန ဘိုင္ယန္ျမဴးနစ္ဆီကို ေပါင္ ၆၈သန္းနဲ႕ ေရာက္ရွိလာခဲ့ပါတယ္

ဘိုင္ယန္မွာ ပြဲထြက္ခြင့္ေတြ မရရွိခဲ့တာေၾကာင့္ ဆြမ္ဆီးအသင္းဆီ တစ္ရာသီအငွားနဲ႕ သြားေရာက္ကစားခဲ့ၿပီး ၂၀၁၉ခုႏွစ္မွာေတာ့ လိုင္လီအသင္းဆီကိုပါ အၿပီးသတ္ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

ရီနာဆိုဆန္းခ်က္စ္ကို ေခၚယူခ်င္ေနတဲ့ ဘာစီလိုနာအသင္းဟာ လက္ရွိမွာ ဘ႑ာေရး အက်ပ္အတည္းေတြနဲ႕ ရင္ဆိုင္ေနရၿပီး ဆန္းခ်က္စ္ကို အၿပီးသတ္ ေခၚယူနိုင္မွာ မဟုတ္တာေၾကာင့္ တစ္ရာသီအငွား + အၿပီးသတ္ေခၚယူခြင့္နဲ႕ ကမ္းလွမ္းသြားဖြယ္ ရွိေနပါတယ္။