Spots news

ဘရူနို နဲ့ ဆိုလ်းရှားကို ပင်နယ်တီ နဲ့ ပတ်သတ်၍ မော်ရင်ညို ပြင်းထန်စွာ ဝေဖန်

Unicode Version

မနေ့ည က လိဒ်စ် ကို ၃-၀ အနိုင် ရရှိ ခဲ့သော ပရီးမီးယား လိဂ် ပွဲစဉ် တွင် စပါး တိုက်စစ်မှုး ဆွန်ယောင်မင် က စပါး အတွက် ဂိုး ၁၀၀ မြောက် သွင်းဂိုး ကို သွင်းယူ ပေးနိုင် ခဲ့ပါတယ်။ စပါးနည်းပြ ဖြစ်သူ မော်ရင်ညိုဟာ ဆွန်ဟောင်မင် ၏  အောင်မြင်မှု ကို ချီးကျူး ပြောဆို သွားခဲ့ပြီး  တစ်ချိန်တည်း မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစား သမား ဘရူနို ဖာနန်ဒက်စ် ကို ဂိုးသွင်း အများဆုံး စာရင်းမှာ မပါဝင် သင့်ကြောင်း ဝေဖန်ခဲ့ ပါတယ်။

လက်ရှိ အချိန်မှာ ဘရူနို ဖာနန်ဒက်စ် ဟာ ပရီးမီးယားလိဂ် ဂိုးသွင်း စာရင်းတွင် တတိယ နေရာ ၌ ရပ်တည် နေပြီး ၁၁ ဂိုး သွင်းယူ ပေးထား နိုင် ပါတယ်။ အဆိုပါ မှတ်တမ်း ဟာ ကွင်းလယ် ကစား သမား တစ်ဦး အတွက် မယုံကြည် နိုင်အောင်  ကောင်းမွန် တဲ့ မှတ်တမ်း တစ်ခု ဖြစ်ပြီး လီဗာပူး တိုက်စစ်မှူး ဆာလာ နှင့် စပါး အသင်းမှ ဆွန်ဟောင်မင် တို့သာ လျှင် ဖာနန်ဒက်စ် ထက် ဂိုး ပိုသွင်း ထားနိုင် တာပါ။ ဘရူနို ဖာနန်ဒက်စ် ရဲ့ သွင်း ဂိုး ၁၁ ဂိုး မှာ ၅ ဂိုး က ပင်နယ်တီ ကနေ တဆင့် သွင်းယူခဲ့ တာလဲ ဖြစ်ပါတယ်။

စပါး နည်းပြ မော်ရင်ညို က မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်စ် ကို ပင်နယ်တီ ဂိုးများ ကန်သွင်း နေသော ကစားသမား သည် ပရီးမီးယားလိဂ် ဂိုး အများဆုံး သွင်းသူ စာရင်း တွင် မပါဝင် သင့်ကြောင်း
ပြောဆို သွားခဲ့ ပါတယ်။

“Puskas ဆု ရထား ပြီး စပါး အတွက် သူ့ရဲ့ ရာပြည့် ဂိုး ကို ပူပူ နွေးနွေး သွင်းထား တဲ့ ဆွန် က  ပင်နယ်တီ မပါဘဲ ဂိုးသွင်း ထားတဲ့ ဒီရာသီ ပရီးမီးယားလိဂ် ရဲ့ ထိပ်တန်း ဂိုးသွင်းရှင် ၃ ဦး  စာရင်း ထဲ မှာ ရှိရင် လည်း ရှိနေ မှာပေါ့ ။တစ်ချို့  ကစားသမား တွေ ကျတော့ ပင်နယ်တီ နဲ့ တစ်ရာသီ ကို ၁၀ ဂိုးလောက် သွင်း ကြတယ်။ ဒါနဲ့ စကားမစပ် ကျနော် အခုပြော နေတာ ဟယ်ရီ ကိန်း အကြောင်း မဟုတ်ဘူး နော် ” ဟု မော်ရင်ညိုက ပြောဆို ခဲ့ပါတယ်။

မော်ရင်ညို သည် ဖာနန်ဒက်စ် ၏ ပင်နယ်တီ ဂိုး များ နှင့် ပတ်သက် ၍ ယခင်က လည်း ဝေဖန်ပြောဆို မှုများ ပြုလုပ် ခဲ့သူ ဖြစ် ပါတယ်။ “ ဘရူနို ဖာနန်ဒက်စ်ဟာ ပင်နယ်တီ ကန်ကောင်း တဲ့သူပါ။ ကမ္ဘာ့ အကောင်းဆုံး လို့တောင် ပြောလို့ ရ တယ်။ ဘာလို့လဲ ဆိုတော့ သူက တစ်ရာသီ ကို ပင်နယ်တီ အလုံး ၂၀ လောက် ကန် သွင်းခွင့် ရနေ လို့ပါ”ဟု မော်ရင်ညိုက ပြော ဆိုခဲ့ ပါတယ်။

စပါး အသင်း မန်နေဂျာ မော်ရင်ညိုက မန်ယူ မန်နေဂျာ ဆိုးရှား ကိုလည်း ပင်နယ်တီ ဧရိယာကို ဂရုစိုက် တတ်သူ ဖြစ်ကြောင်း ဝေဖန်ခဲ့ပါသေးတယ်။ “ နည်းပြ ဆိုးလ်ရှား အနေနဲ့ ပင်နယ်တီ ဧရိယာ ၁၈ ကိုက် အပြည့်ရှိ နေမှ သဘောကျမယ် ထင် ပါတယ်။ ၂၂ ကိုက် လောက် ရှိနေမယ် ဆိုရင် သူ အကြိုက်ဆုံး ပေါ့ဗျာ။ ဒါမှ ပင်နယ်တီ များများ ရရှိ မှာ ကို ”

Zawgyi Version

မေန႕ည က လိဒ္စ္ ကို ၃-၀ အနိုင္ ရရွိ ခဲ့ေသာ ပရီးမီးယား လိဂ္ ပြဲစဥ္ တြင္ စပါး တိုက္စစ္မႈး ဆြန္ေယာင္မင္ က စပါး အတြက္ ဂိုး ၁၀၀ ေျမာက္ သြင္းဂိုး ကို သြင္းယူ ေပးနိုင္ ခဲ့ပါတယ္။ စပါးနည္းျပ ျဖစ္သူ ေမာ္ရင္ညိုဟာ ဆြန္ေဟာင္မင္ ၏ ေအာင္ျမင္မႈ ကို ခ်ီးက်ဴး ေျပာဆို သြားခဲ့ၿပီး တစ္ခ်ိန္တည္း မန္ခ်က္စတာ ယူနိုက္တက္ ကြင္းလယ္ ကစား သမား ဘ႐ူနို ဖာနန္ဒက္စ္ ကို ဂိုးသြင္း အမ်ားဆုံး စာရင္းမွာ မပါဝင္ သင့္ေၾကာင္း ေဝဖန္ခဲ့ ပါတယ္။

လက္ရွိ အခ်ိန္မွာ ဘ႐ူနို ဖာနန္ဒက္စ္ ဟာ ပရီးမီးယားလိဂ္ ဂိုးသြင္း စာရင္းတြင္ တတိယ ေနရာ ၌ ရပ္တည္ ေနၿပီး ၁၁ ဂိုး သြင္းယူ ေပးထား နိုင္ပါတယ္။ အဆိုပါ မွတ္တမ္း ဟာ ကြင္းလယ္ ကစား သမား တစ္ဦး အတြက္ မယုံၾကည္ နိုင္ေအာင္ ေကာင္းမြန္ တဲ့ မွတ္တမ္း တစ္ခု ျဖစ္ၿပီး
လီဗာပူး တိုက္စစ္မႉး ဆာလာ ႏွင့္ စပါး အသင္းမွ ဆြန္ေဟာင္မင္ တို႔သာ လွ်င္ ဖာနန္ဒက္စ္ ထက္ ဂိုး ပိုသြင္း ထားနိုင္ တာပါ။ ဘ႐ူနို ဖာနန္ဒက္စ္ ရဲ႕ သြင္း ဂိုး ၁၁ ဂိုး မွာ ၅ ဂိုး က ပင္နယ္တီ ကေန တဆင့္ သြင္းယူခဲ့ တာလဲ ျဖစ္ပါတယ္။

စပါး နည္းျပ ေမာ္ရင္ညို က မန္ခ်က္စတာ ယူနိုက္တက္ ကြင္းလယ္ ကစားသမား ဘ႐ူနို ဖာနန္ဒက္စ္ကို ပင္နယ္တီ ဂိုးမ်ား ကန္သြင္း ေနေသာ ကစားသမား သည္ ပရီးမီးယားလိဂ္ ဂိုး အမ်ားဆုံး သြင္းသူ စာရင္း တြင္ မပါဝင္ သင့္ေၾကာင္း
ေျပာဆို သြားခဲ့ ပါတယ္။

“Puskas ဆု ရထား ၿပီး စပါး အတြက္ သူ႕ရဲ႕ ရာျပည့္ ဂိုး ကို ပူပူ ေႏြးေႏြး သြင္းထား တဲ့ ဆြန္ က ပင္နယ္တီ မပါဘဲ ဂိုးသြင္း ထားတဲ့ ဒီရာသီ ပရီးမီးယားလိဂ္ ရဲ႕ ထိပ္တန္း ဂိုးသြင္းရွင္ ၃ ဦး စာရင္း ထဲ မွာ ရွိရင္ လည္း ရွိေန မွာေပါ့ ။တစ္ခ်ိဳ႕ ကစားသမား ေတြ က်ေတာ့ ပင္နယ္တီ နဲ႕တစ္ရာသီ ကို ၁၀ ဂိုးေလာက္ သြင္း ၾကတယ္။ ဒါနဲ႕ စကားမစပ္ က်ေနာ္ အခုေျပာ ေနတာ ဟယ္ရီ ကိန္း အေၾကာင္း မဟုတ္ဘူး ေနာ္ ” ဟု ေမာ္ရင္ညိုက ေျပာဆို ခဲ့ပါတယ္။

ေမာ္ရင္ညို သည္ ဖာနန္ဒက္စ္ ၏ ပင္နယ္တီဂိုး မ်ားႏွင့္ ပတ္သက္ ၍ ယခင္က လည္း ေဝဖန္ေျပာဆို မႈမ်ား ျပဳလုပ္ ခဲ့သူ ျဖစ္ပါတယ္။ “ ဘ႐ူနို ဖာနန္ဒက္စ္ဟာ ပင္နယ္တီ ကန္ေကာင္း တဲ့သူပါ။ ကမာၻ႔ အေကာင္းဆုံး လို႔ေတာင္ ေျပာလို႔ ရ တယ္။ ဘာလို႔လဲ ဆိုေတာ့ သူက တစ္ရာသီ ကို ပင္နယ္တီ အလုံး ၂၀ ေလာက္ ကန္ သြင္းခြင့္ ရေန လို႔ပါ”ဟု ေမာ္ရင္ညိုက ေျပာ ဆိုခဲ့ ပါတယ္။

စပါး အသင္း မန္ေနဂ်ာ ေမာ္ရင္ညိုက မန္ယူ မန္ေနဂ်ာ ဆိုးရွား ကိုလည္း ပင္နယ္တီ ဧရိယာကို ဂ႐ုစိုက္ တတ္သူ ျဖစ္ေၾကာင္း ေဝဖန္ခဲ့ပါေသးတယ္။ “ နည္းျပ ဆိုးလ္ရွား အေနနဲ႕ ပင္နယ္တီ ဧရိယာ ၁၈ ကိုက္ အျပည့္ရွိ ေနမွ သေဘာက်မယ္ ထင္ ပါတယ္။ ၂၂ ကိုက္ ေလာက္ ရွိေနမယ္ ဆိုရင္ သူ အႀကိဳက္ဆုံး ေပါ့ဗ်ာ။ ဒါမွ ပင္နယ္တီမ်ားမ်ား ရရွိမွာ ကို ”