Unicode Version
ပီအက်စ်ဂျီအသင်းရဲ့ ပူပူနွေးနွေး နောက်ခံလူ ဆာဂျီယို ရာမို့စ်ကတော့ ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားစဉ်က သူ့ရဲ့ မဟာပြိုင်ဘက်
ဖြစ်ခဲ့သူ ဘာစီလိုနာအသင်းရဲ့ အဓိက တိုက်စစ်မှူး မက်ဆီကို ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့လာဖို့ တိုက်တွန်းသွားပါတယ်။
ဝါရင့် စပိန်နောက်ခံလူ ရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့
ပြောင်းရွှေ့လာသူ ဖြစ်ပြီး ပီအက်စ်ဂျီအသင်းနဲ့ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်ကို ချုပ်ဆိုထားသူဖြစ်ပါတယ်။
ဘာစီလိုနာနဲ့ အာဂျင်တီးနားတို့ရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကတော့ ဇူလိုင်လ ၁ရက်နေ့ထဲက ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တဲ့
ကစားသမား တဦး ဖြစ်ပြီး ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ပုဂ္ဂိုလ်ရေး အားဖြင့် သဘောတူညီမှု ရယူထားနိုင်တဲ့ ကစားသမားပဲ ဖြစ်ပါတယ်။
သို့ပေမယ့် ဘာစီလိုနာအသင်းဟာ လက်ရှိမှာ ဆိုးရွားတဲ့ ဘဏ္ဍာရေး ကြပ်တည်းမှုနဲ့ ရင်ဆိုင်နေရပြီး မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့နဲ့ အသစ် ခေါ်ယူထားတဲ့ ကစားသမားတွေကို
ကစားသမားစာရင်းမှာ ထည့်သွင်းနိုင်ဖို့ အတွက် အသင်းမှာရှိတဲ့ ကစားသမားတွေထဲက ၈ဦးခန့်ကို ရောင်းထုတ်ဖို့ လိုအပ်နေပါတယ်။
ထို့ကြောင့် ပီအက်စ်ဂျီအသင်းဟာ မက်ဆီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စောင့်ကြည့်နေပြီး ဘာစီလိုနာအသင်းကသာ လာမယ့် ရာသီသစ်
မစတင်မီ အထိ မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်း မရှိပါက မက်ဆီကို ခေါ်ယူဖို့ ကြိုးစားမယ့် ပုံစံမှာရှိနေပါတယ်။
ဆာဂျီယို ရာမို့စ်ကလည်း သူဟာ ပီအက်စ်ဂျီအသင်းမှာ မက်ဆီနဲ့အတူ တွဲကစားချင်ကြောင်းနဲ့ မက်ဆီကို ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့လာဖို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မီဒီယာတွေကို ဖြေကြားသွားခဲ့ပါတယ်။
ရာမို့စ်က“ကျွန်တော်က မက်ဆီကို ပီအက်စ်ဂျီအသင်းဆီ လာကစား စေချင်ပါတယ်။ ကျွန်တော်က အကောင်းဆုံး ကစားသမားနဲ့
တွဲဖက် ကစားချင်ပါတယ်။ မက်ဆီက အကောင်းတကာ့ အကောင်းဆုံး ကစားသမားတွေထဲက တဦးပါ” လို့ ပြောကြားခဲ့ပါတယ်။
Zawgyi Version
ပီအက္စ္ဂ်ီအသင္းရဲ႕ ပူပူေႏြးေႏြး ေနာက္ခံလူ ဆာဂ်ီယို ရာမို႔စ္ကေတာ့ ရီးရဲလ္မက္ဒရစ္အသင္းမွာ ကစားစဥ္က သူ႕ရဲ႕ မဟာၿပိဳင္ဘက္ ျဖစ္ခဲ့သူ ဘာစီလိုနာအသင္းရဲ႕ အဓိက တိုက္စစ္မႉး မက္ဆီကို ပီအက္စ္ဂ်ီအသင္းထံ ေျပာင္းေ႐ႊ႕လာဖို႔ တိုက္တြန္းသြားပါတယ္။
ဝါရင့္ စပိန္ေနာက္ခံလူ ရာမို႔စ္ဟာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ကုန္ဆုံးခဲ့တာေၾကာင့္ ပီအက္စ္ဂ်ီအသင္းထံ အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေျပာင္းေ႐ႊ႕လာသူ ျဖစ္ၿပီး ပီအက္စ္ဂ်ီအသင္းနဲ႕ ၂ႏွစ္ သက္တမ္း ရွိတဲ့ စာခ်ဳပ္တရပ္ကို ခ်ဳပ္ဆိုထားသူျဖစ္ပါတယ္။
ဘာစီလိုနာနဲ႕ အာဂ်င္တီးနားတို႔ရဲ႕ အသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီကေတာ့ ဇူလိုင္လ ၁ရက္ေန႕ထဲက ဘာစီလိုနာအသင္းနဲ႕ စာခ်ဳပ္သက္တမ္း ကုန္ဆုံးခဲ့တဲ့ ကစားသမား တဦး ျဖစ္ၿပီး ဘာစီလိုနာအသင္းနဲ႕ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ပုဂၢိဳလ္ေရး အားျဖင့္ သေဘာတူညီမႈ ရယူထားနိုင္တဲ့ ကစားသမားပဲ ျဖစ္ပါတယ္။
သို႔ေပမယ့္ ဘာစီလိုနာအသင္းဟာ လက္ရွိမွာ ဆိုး႐ြားတဲ့ ဘ႑ာေရး ၾကပ္တည္းမႈနဲ႕ ရင္ဆိုင္ေနရၿပီး မက္ဆီကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုနိုင္ဖို႔နဲ႕ အသစ္ ေခၚယူထားတဲ့ ကစားသမားေတြကို ကစားသမားစာရင္းမွာ ထည့္သြင္းနိုင္ဖို႔ အတြက္ အသင္းမွာရွိတဲ့ ကစားသမားေတြထဲက ၈ဦးခန႔္ကို ေရာင္းထုတ္ဖို႔ လိုအပ္ေနပါတယ္။
ထို႔ေၾကာင့္ ပီအက္စ္ဂ်ီအသင္းဟာ မက္ဆီကို အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေခၚယူဖို႔ ေစာင့္ၾကည့္ေနၿပီး ဘာစီလိုနာအသင္းကသာ လာမယ့္ ရာသီသစ္ မစတင္မီ အထိ မက္ဆီကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုနိုင္ျခင္း မရွိပါက မက္ဆီကို ေခၚယူဖို႔ ႀကိဳးစားမယ့္ ပုံစံမွာရွိေနပါတယ္။
ဆာဂ်ီယို ရာမို႔စ္ကလည္း သူဟာ ပီအက္စ္ဂ်ီအသင္းမွာ မက္ဆီနဲ႕အတူ တြဲကစားခ်င္ေၾကာင္းနဲ႕ မက္ဆီကို ပီအက္စ္ဂ်ီအသင္းထံ ေျပာင္းေ႐ႊ႕လာဖို႔ ေနာက္ဆုံး ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ မီဒီယာေတြကို ေျဖၾကားသြားခဲ့ပါတယ္။
ရာမို႔စ္က“ကြၽန္ေတာ္က မက္ဆီကို ပီအက္စ္ဂ်ီအသင္းဆီ လာကစား ေစခ်င္ပါတယ္။ ကြၽန္ေတာ္က အေကာင္းဆုံး ကစားသမားနဲ႕ တြဲဖက္ ကစားခ်င္ပါတယ္။ မက္ဆီက အေကာင္းတကာ့ အေကာင္းဆုံး ကစားသမားေတြထဲက တဦးပါ” လို႔ ေျပာၾကားခဲ့ပါတယ္။