Spots news

စစ်တမ်းတွေအရ ကမ္ဘာ့တန်ကြေး အမြင့်ဆုံး ကွင်းလယ်လူဖြစ်လာတဲ့ ဘရူနိုဖာနန်ဒက်စ်

Unicode Version

နာမည်ကျော် ဘောလုံး ဝက်ဘ်ဆိုဒ် Football Transferနဲ့ ဘောလုံးနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို ထုတ်ပြန်လေ့ ရှိတဲ့ SciSports ဝက်ဘ်ဆိုဒ်တို့ရဲ့ မှတ်တမ်းများ အရ

၂၀၂၁ခုနှစ်ရဲ့ တန်ကြေးအမြင့်ဆုံး ကွင်းလယ်လူစာရင်းမှာတော့ မန်ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်ဟာ ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

Football Transferနဲ့ SciSportsတို့ဟာ ကွင်းလယ်လူတွေရဲ့ အသက် ၊ ခြေစွမ်း ၊ စာချုပ်သက်တမ်း ၊ အကျိုးသက်ရောက်မှု စတဲ့ အချက်တွေ အပေါ်

မူတည်ကာ သတ်မှတ်ပေးခဲ့ပြီး ယူနိုက်တက် နဲ့ ပေါ်တူဂီ ကွင်းလယ်လူ ဖာနန်ဒက်ဟာယူရို ၁၀၂သန်းနဲ့ တန်ကြေးအမြင့်ဆုံး ကွင်းလယ်လူဖြစ်ခဲ့ပါတယ်။

ဒုတိယနေရာမှာ ပီအက်စ်ဂျီနဲ့ ဘရာဇီးတို့ရဲ့ ကွင်းလယ် ကစားသမား မာကွင်ဟိုက ယူရို ၉၅.၅သန်းနဲ့ ရပ်တည်နေပြီး တတိယနေရာကတော့ ဘာစီလိုနာအသင်းနဲ့ နယ်သာလန်အသင်းတို့ရဲ့ ကွင်းလယ်ကစားသမား ဒီဂျောင်က ယူရို ၉၁.၂သန်းနဲ့ ရပ်တည်‌ နေပါတယ်။

ဘိုင်ယန်မြူးနစ် နဲ့ ဂျာမဏီတို့ရဲ့ အဓိက ကွင်းလယ်လူ ကင်းမစ်ချ်က ယူရို ၈၄.၅သန်းနဲ့ စတုတ္ထနေရာမှာ ရှိနေခဲ့ပြီး မန်စီးတီးအသင်းနဲ့ ဘယ်လ်ဂျီယံအသင်းတို့ရဲ့ ကွင်းလယ်လူ ဒီဘရိုင်းကတော့ ယူရို ၇၂.၈သန်းနဲ့ ပဥ္စမနေရာမှာရှိ နေခဲ့ပါတယ်။

လက်ရှိအချိန်မှာ အသက် ၃၀အရွယ် ရှိနေပြီ ဖြစ်တဲ့ ဒီဘရိုင်းဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ များထဲမှ တဦးအဖြစ်ပေမယ့် သူ့ရဲ့ လက်ရှိ အသက်အရွယ်ကြောင့် ဒီစာရင်းမှာ ပဥ္စမနေရာအထိ ရောက်ရှိခဲ့ခြင်း ဖြစ်ပါတယ်။

ဒီဘရိုင်းရဲ့ အနောက်မှာတော့ ဟားဗက် ယူရို ၇၁.၃သန်း ၊ ရိုဒရီ ယူရို ၇၀.၈သန်း ၊ ကတ်စမဲရိုး ယူရို ၇၀.၇သန်း ၊ ပီဒရီ ယူရို ၆၉.၉သန်း ၊ ဘာနာဒို ဆေးလ်ဗား ယူရို ၆၉သန်း တို့က အစဉ်လိုက် ရပ်တည်နေကြပါတယ်။

Zawgyi Version

နာမည္ေက်ာ္ ေဘာလုံး ဝက္ဘ္ဆိုဒ္ Football Transferနဲ႕ ေဘာလုံးနဲ႕ ပတ္သတ္တဲ့ အခ်က္အလက္ေတြကို ထုတ္ျပန္ေလ့ ရွိတဲ့ SciSports ဝက္ဘ္ဆိုဒ္တို႔ရဲ႕ မွတ္တမ္းမ်ား အရ

၂၀၂၁ခုႏွစ္ရဲ႕ တန္ေၾကးအျမင့္ဆုံး ကြင္းလယ္လူစာရင္းမွာေတာ့ မန္ယူနိုက္တက္အသင္းရဲ႕ ကြင္းလယ္လူ ဘ႐ူနို ဖာနန္ဒက္ဟာ ထိပ္ဆုံးေနရာမွာ ရပ္တည္နိုင္ခဲ့ပါတယ္။

Football Transferနဲ႕ SciSportsတို႔ဟာ ကြင္းလယ္လူေတြရဲ႕ အသက္ ၊ ေျခစြမ္း ၊ စာခ်ဳပ္သက္တမ္း ၊ အက်ိဳးသက္ေရာက္မႈ စတဲ့ အခ်က္ေတြ အေပၚ

မူတည္ကာ သတ္မွတ္ေပးခဲ့ၿပီး ယူနိုက္တက္ နဲ႕ ေပၚတူဂီ ကြင္းလယ္လူ ဖာနန္ဒက္ဟာယူရို ၁၀၂သန္းနဲ႕ တန္ေၾကးအျမင့္ဆုံး ကြင္းလယ္လူျဖစ္ခဲ့ပါတယ္။

ဒုတိယေနရာမွာ ပီအက္စ္ဂ်ီနဲ႕ ဘရာဇီးတို႔ရဲ႕ ကြင္းလယ္ ကစားသမား မာကြင္ဟိုက ယူရို ၉၅.၅သန္းနဲ႕ ရပ္တည္ေနၿပီး တတိယေနရာကေတာ့ ဘာစီလိုနာအသင္းနဲ႕ နယ္သာလန္အသင္းတို႔ရဲ႕ ကြင္းလယ္ကစားသမား ဒီေဂ်ာင္က ယူရို ၉၁.၂သန္းနဲ႕ ရပ္တည္‌ ေနပါတယ္။

ဘိုင္ယန္ျမဴးနစ္ နဲ႕ ဂ်ာမဏီတို႔ရဲ႕ အဓိက ကြင္းလယ္လူ ကင္းမစ္ခ်္က ယူရို ၈၄.၅သန္းနဲ႕ စတုတၳေနရာမွာ ရွိေနခဲ့ၿပီး မန္စီးတီးအသင္းနဲ႕ ဘယ္လ္ဂ်ီယံအသင္းတို႔ရဲ႕ ကြင္းလယ္လူ ဒီဘရိုင္းကေတာ့ ယူရို ၇၂.၈သန္းနဲ႕ ပၪၥမေနရာမွာရွိ ေနခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ အသက္ ၃၀အ႐ြယ္ ရွိေနၿပီ ျဖစ္တဲ့ ဒီဘရိုင္းဟာ လက္ရွိ ကမာၻ႔အေကာင္းဆုံး ကြင္းလယ္လူ မ်ားထဲမွ တဦးအျဖစ္ေပမယ့္ သူ႕ရဲ႕ လက္ရွိ အသက္အ႐ြယ္ေၾကာင့္ ဒီစာရင္းမွာ ပၪၥမေနရာအထိ ေရာက္ရွိခဲ့ျခင္း ျဖစ္ပါတယ္။

ဒီဘရိုင္းရဲ႕ အေနာက္မွာေတာ့ ဟားဗက္ ယူရို ၇၁.၃သန္း ၊ ရိုဒရီ ယူရို ၇၀.၈သန္း ၊ ကတ္စမဲရိုး ယူရို ၇၀.၇သန္း ၊ ပီဒရီ ယူရို ၆၉.၉သန္း ၊ ဘာနာဒို ေဆးလ္ဗား ယူရို ၆၉သန္း တို႔က အစဥ္လိုက္ ရပ္တည္ေနၾကပါတယ္။