Spots news

ယူနိုက်တက်ကို ပြောင်းရွေ့လာတော့မှာ ဖြစ်တဲ့ နောက်ခံလူ ဗာရန်းရဲ့ သတင်းအနှစ်ချုပ်

Unicode Version

ရာဖေးလ်ဗာရန်းနဲ့ အေးဂျင့်ဖြစ်သူဟာ အတွေ့အကြုံသစ်တွေ ရှာဖွေဖို့အတွက် ပရီးမီးယားလိဂ်မှာ ကစားလိုကြောင်း ရီးရဲလ်မက်ဒရစ်ကို အတည်ပြု ပြောပြထားပြီးဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ ရီးရဲလ်တို့နှစ်သင်းကြား သဘောတူညီမှု ရရှိမယ့်အချိန်ကို ဗာရန်းက လေးလေးစားစားနဲ့ စောင့်နေပါတယ်။ ဒါပေမယ့် သူဟာ စိန်ခေါ်မှုအသစ်တွေကိုရင်ဆိုင်ဖို့ ယူနိုက်တက်သို့ ပြောင်းလိုပါတယ်။

ဗာရန်းဟာ ရီးရဲလ်မက်ဒရစ်ကို လေးစားသူဖြစ်ပြီး အသင်းကို ဖိအားပေးမှုတွေ ပြုလုပ်သွားမှာမဟုတ်ပါဘူး။ စာချုပ်သက်တမ်းလည်း ၁၀ လသာ ကျန်ပါတော့တယ်။

နှစ်သင်းကြား သဘောတူညီမှု ရရှိမယ့်အချိန်ကိုသာ သူက စောင့်နေပါတယ်။ မကြာခင် စားပွဲပေါ်သို့ တရားဝင်ကမ်းလှမ်းမှုတစ်ကြိမ် ရောက်ရှိလာမှာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ကစားသမားကို အသင်းမှာဆက်နေဖို့ နောက်တစ်ကြိမ် ကြိုးစားဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် ဗာရန်းနဲ့ အေးဂျင့်ဖြစ်သူဟာ ရီးရဲလ်မက်ဒရစ်နဲ့ သဘောတူညီမှု ရရှိပါက ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ

သက်တမ်းရှိတဲ့ စာချုပ် ချုပ်ဆိုသွားဖို့ ယူနိုက်တက်ကို ကတိပေးထားပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ပုဂ္ဂိုလ်ရေးအရ ယူနိုက်တက်နဲ့ သဘောတူညီမှု ရရှိထားပြီး ယင်းအချက်မှာ ပြဿနာမဟုတ်ပါဘူး။

ဗာရန်းဟာ ရီးရဲလ်မက်ဒရစ် အသင်းမှာ တစ်နှစ်လုပ်ခ ယူရို ၅.၅ သန်း ရရှိနေပြီး ယူနိုက်တက်ရဲ့ တစ်နှစ် ယူရို ၁၀ သန်းဖြင့် ကမ်းလှမ်းမှုကို ကြိုတင်လက်ခံပြီး ဖြစ်သဖြင့် မက်ဒရစ်ရဲဲ့ စာချုပ်သစ် ယူရို ၇သန်း အား ပယ်ချထားလိုက်ပြီ ဖြစ်ပါတယ်။

Zawgyi Version

ရာေဖးလ္ဗာရန္းနဲ႕ ေအးဂ်င့္ျဖစ္သူဟာ အေတြ႕အႀကဳံသစ္ေတြ ရွာေဖြဖို႔အတြက္ ပရီးမီးယားလိဂ္မွာ ကစားလိုေၾကာင္း ရီးယဲလ္မက္ဒရစ္ကို အတည္ျပဳ ေျပာျပထားၿပီးျဖစ္ပါတယ္။

ယူနိုက္တက္နဲ႕ ရီးရဲလ္တို႔ႏွစ္သင္းၾကား သေဘာတူညီမႈ ရရွိမယ့္အခ်ိန္ကို ဗာရန္းက ေလးေလးစားစားနဲ႕ ေစာင့္ေနပါတယ္။ ဒါေပမယ့္ သူဟာ စိန္ေခၚမႈအသစ္ေတြကိုရင္ဆိုင္ဖို႔ ယူနိုက္တက္သို႔ ေျပာင္းလိုပါတယ္။

ဗာရန္းဟာ ရီးရဲလ္မက္ဒရစ္ကို ေလးစားသူျဖစ္ၿပီး အသင္းကို ဖိအားေပးမႈေတြ ျပဳလုပ္သြားမွာမဟုတ္ပါဘူး။ စာခ်ဳပ္သက္တမ္းလည္း ၁၀ လသာ က်န္ပါေတာ့တယ္။

ႏွစ္သင္းၾကား သေဘာတူညီမႈ ရရွိမယ့္အခ်ိန္ကိုသာ သူက ေစာင့္ေနပါတယ္။ မၾကာခင္ စားပြဲေပၚသို႔ တရားဝင္ကမ္းလွမ္းမႈတစ္ႀကိမ္ ေရာက္ရွိလာမွာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ ကစားသမားကို အသင္းမွာဆက္ေနဖို႔ ေနာက္တစ္ႀကိမ္ ႀကိဳးစားဦးမွာျဖစ္ပါတယ္။ ဒါေပမယ့္ ဗာရန္းနဲ႕ ေအးဂ်င့္ျဖစ္သူဟာ ရီးရဲလ္မက္ဒရစ္နဲ႕ သေဘာတူညီမႈ ရရွိပါက ၂၀၂၆ ခုႏွစ္၊ ဇြန္လအထိ

သက္တမ္းရွိတဲ့ စာခ်ဳပ္ ခ်ဳပ္ဆိုသြားဖို႔ ယူနိုက္တက္ကို ကတိေပးထားၿပီးျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းကတည္းက ပုဂၢိဳလ္ေရးအရ ယူနိုက္တက္နဲ႕ သေဘာတူညီမႈ ရရွိထားၿပီး ယင္းအခ်က္မွာ ျပႆနာမဟုတ္ပါဘူး။

ဗာရန္းဟာ ရီးရဲလ္မက္ဒရစ္ အသင္းမွာ တစ္ႏွစ္လုပ္ခ ယူရို ၅.၅ သန္း ရရွိေနၿပီး ယူနိုက္တက္ရဲ႕ တစ္ႏွစ္ ယူရို ၁၀ သန္းျဖင့္ ကမ္းလွမ္းမႈကို ႀကိဳတင္လက္ခံၿပီး ျဖစ္သျဖင့္ မက္ဒရစ္ရဲဲ့ စာခ်ဳပ္သစ္ ယူရို ၇သန္း အား ပယ္ခ်ထားလိုက္ၿပီ ျဖစ္ပါတယ္။