Spots news

စပါးက လိုချင်နေတဲ့ အင်ဆစ်ဂနီအတွက် ပြောင်းရွေ့ကြေး သတ်မှတ်လိုက်တဲ့ နာပိုလီ

Unicode Version

အီတလီထိပ်သီး ကလပ်အသင်းများအပြင် ပရီးမီးယားလိဂ်က စပါးအသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ တိုက်စစ်ကစားသမား အင်ဆစ်ဂနီကို နာပိုလီအသင်းကနေ သူတို့ရဲ့ ကစားသမား အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ သတ်မှတ်ထားတယ်လို့ ဖော်ပြလာခဲ့ပါတယ်။

အီတလီလက်ရွေးစင် တိုက်စစ်ကစားသမား အင်ဆစ်ဂနီဟာ ၂၀၀၆ခုနှစ်ကတည်းက နာပိုလီ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး အသင်းကြီးအတွက် ပွဲထွက်မကစားရခင် အီတလီ ကလပ်အသင်း ၃ သင်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့ပါတယ်။

လက်ရှိ အသက် ၃၀ အရွယ် ရှိပြီ ဖြစ်တဲ့ အင်ဆစ်ဂနီဟာ ၂၀၁၂ခုနှစ်နောက်ပိုင်း နာပိုလီအသင်းကြီးမှာ ပါဝင်ကစားခဲ့ရပြီး လက်ရှိအချိန်မှာ အသင်းရဲ့ မရှိမဖြစ် ကစားသမားတစ်ယောက်လည်း ဖြစ်ပြီး နာပိုလီ အသင်းခေါင်းဆောင်တာဝန်ကိုပါ ရယူထားနိုင်တာဖြစ်ပါတယ်။

နာပိုလီအသင်းနဲ့အတူ ကိုပါအီတလီယာဖလား၂ ကြိမ် အီတလီစူပါဖလား ၁ ကြိမ် ရယူနိုင်ခဲ့တဲ့ အင်ဆစ်ဂနီဟာ မကြာသေးမီကပဲ အီတလီလက်ရွေးစင်အသင်းနဲ့အတူ ယူရို-၂၀၂ဝ ပြိုင်ပွဲရဲ့ ချန်ပီယံ အသင်း ဖြစ်လာခဲ့ပြီး လက်ရှိမှာ ကလပ်အသင်းများစွာရဲ့ စိတ်ဝင်စားခြင်း ခံနေရပါတယ်။

အင်ဆစ်ဂနီဟာ နစာချုပ်သက်တမ်းက ၁ နှစ်ပဲ ကျန်ရှိနေတာကြောင့် အသင်းက သက်တမ်းတိုးချင်နေပေမယ့် အင်ဆစ်ဂနီကတော့ ကစားသမား အနားမယူခင်မှာ ဆယ်စုနှစ်တစ်ခုကျော် ဖြတ်သန်းခဲ့တဲ့ နာပိုလီအသင်း ကနေ ထွက်ခွာပြီး စိန်ခေါ်မှုအသစ်တွေကို ရှာဖွေချင်နေပါတယ်။

လက်ရှိမှာ နာပိာလီအသင်းနဲ့ အနာဂတ်မရေရာနေတဲ့ အင်ဆစ်ဂနီကို လာဇီယို အေစီမီလန် အင်တာမီလန်တို့လို စီးရီးအေ ထိပ်သ ကလပ်အသင်းတွေကနေ စိတ်ဝင်စားနေသလို ပရီးမီးယားလိဂ် ထိပ်သီးကလပ် စပါးအသင်းကပါ ပစ်မှတ်ထား ခေါ်ယူချင်နေပါတယ်။

ထို့ကြောင့် နာပိုလီအသင်းက သူတို့ရဲ့ အဓိက ကစားသမားကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ ဝန်းကျင် သတ်မှတ်ထားပြီး နာပိုလီဘက်က ဒေသတွင်း စီးရီးအေ ပြိုင်ဘက်တွေထက် စပါးလို ပြည်ပလိဂ်က ကလပ်အသင်းတွေဆီကိုပဲ ရောင်းချသွားချင်နေပါတယ်။

Zawgyi Version

အီတလီထိပ္သီး ကလပ္အသင္းမ်ားအျပင္ ပရီးမီးယားလိဂ္က စပါးအသင္းတို႔က ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ တိုက္စစ္ကစားသမား အင္ဆစ္ဂနီကို နာပိုလီအသင္းကေန သူတို႔ရဲ႕ ကစားသမားအတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူရိုသန္း ၃၀ သတ္မွတ္ထားတယ္လို႔ ေဖာ္ျပလာခဲ့ပါတယ္။

အီတလီလက္ေ႐ြးစင္ တိုက္စစ္ကစားသမား အင္ဆစ္ဂနီဟာ ၂၀၀၆ခုႏွစ္ကတည္းက နာပိုလီ လူငယ္အကယ္ဒမီကေန ေပၚထြက္လာခဲ့တာျဖစ္ၿပီး အသင္းႀကီးအတြက္ ပြဲထြက္မကစားရခင္ အီတလီ ကလပ္အသင္း ၃ သင္းမွာ အငွားနဲ႕ သြားေရာက္ကစားခဲ့ပါတယ္။

လက္ရွိ အသက္ ၃၀ အ႐ြယ္ ရွိၿပီ ျဖစ္တဲ့ အင္ဆစ္ဂနီဟာ ၂၀၁၂ခုႏွစ္ေနာက္ပိုင္း နာပိုလီအသင္းႀကီးမွာ ပါဝင္ကစားခဲ့ရၿပီး လက္ရွိအခ်ိန္မွာ အသင္းရဲ႕ မရွိမျဖစ္ ကစားသမားတစ္ေယာက္လည္း ျဖစ္ၿပီး နာပိုလီ အသင္းေခါင္းေဆာင္တာဝန္ကိုပါ ရယူထားနိုင္တာျဖစ္ပါတယ္။

နာပိုလီအသင္းနဲ႕အတူ ကိုပါအီတလီယာဖလား၂ ႀကိမ္ အီတလီစူပါဖလား ၁ ႀကိမ္ ရယူနိုင္ခဲ့တဲ့ အင္ဆစ္ဂနီဟာ မၾကာေသးမီကပဲ အီတလီလက္ေ႐ြးစင္အသင္းနဲ႕အတူ ယူရို-၂၀၂ဝ ၿပိဳင္ပြဲရဲ႕ ခ်န္ပီယံ အသင္း ျဖစ္လာခဲ့ၿပီး လက္ရွိမွာ ကလပ္အသင္းမ်ားစြာရဲ႕ စိတ္ဝင္စားျခင္း ခံေနရပါတယ္။

အင္ဆစ္ဂနီဟာ နစာခ်ဳပ္သက္တမ္းက ၁ ႏွစ္ပဲ က်န္ရွိေနတာေၾကာင့္ အသင္းက သက္တမ္းတိုးခ်င္ေနေပမယ့္ အင္ဆစ္ဂနီကေတာ့ ကစားသမား အနားမယူခင္မွာ ဆယ္စုႏွစ္တစ္ခုေက်ာ္ ျဖတ္သန္းခဲ့တဲ့ နာပိုလီအသင္း ကေန ထြက္ခြာၿပီး စိန္ေခၚမႈအသစ္ေတြကို ရွာေဖြခ်င္ေနပါတယ္။

လက္ရွိမွာ နာပိာလီအသင္းနဲ႕ အနာဂတ္မေရရာေနတဲ့ အင္ဆစ္ဂနီကို လာဇီယို ေအစီမီလန္ အင္တာမီလန္တို႔လို စီးရီးေအ ထိပ္သ ကလပ္အသင္းေတြကေန စိတ္ဝင္စားေနသလို ပရီးမီးယားလိဂ္ ထိပ္သီးကလပ္ စပါးအသင္းကပါ ပစ္မွတ္ထား ေခၚယူခ်င္ေနပါတယ္။

ထို႔ေၾကာင့္ နာပိုလီအသင္းက သူတို႔ရဲ႕ အဓိက ကစားသမားကို ေျပာင္းေ႐ႊ႕ေၾကး ယူရိုသန္း ၃၀ ဝန္းက်င္ သတ္မွတ္ထားၿပီး နာပိုလီဘက္က ေဒသတြင္း စီးရီးေအ ၿပိဳင္ဘက္ေတြထက္ စပါးလို ျပည္ပလိဂ္က ကလပ္အသင္းေတြဆီကိုပဲ ေရာင္းခ်သြားခ်င္ေနပါတယ္။