Spots news

ဗင်နီစီယက်စ် ဂျုနီယာကို မန်ချက်စတာ ယူနိုက်တက်သို့ ရောင်းချနေတဲ့ ရီးရဲလ်မက်ဒရစ်

Unicode Version

ရီးရဲလ်မက်ဒရစ် အသင်းဟာ အသင်းရဲ့ လူငယ်ဘရာဇီးလ် တိုက်စစ်ကစားသမား ဗင်နီစီယက်စ် ဂျူနီယာကို ယခု‌ နွေရာသီညအပြောင်းအရွေ့ ကာလအတွင်းမှာ အသင်းကနေ ‌ ရောင်းထုတ်သွားဖို့ ကြိုးစားနေကြောင်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့လူငယ်ကစားသမား ဗင်နီစီယက်စ်ကို ခေါ်ယူရန် အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းထံ ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ယူနိုက်တက်အသင်းတာဝန် ရှိသူတွေဟာ လက်ရှိအချိန်မှာ ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဗာရန်းရဲ့အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ ဆွေးနွေးနေတာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က ဗာရန်းအပြင် ဗင်နီစီယက်စ်ကိုပါ ခေါ်ယူဖို့ ယူနိုက်တက် အသင်းဆီကမ်းလှမ်းခဲ့ခြင်း ဖြစ်ပါတယ်။

ရီးရဲလ် မက်ဒရစ်အသင်းဟာ ပီအက်စ်ဂျီ အသင်းရဲ့ ပြင်သစ်နာမည်ကျော် တိုက်စစ် ကစားသမားကီလီယန် အမ်ဘာပေကို ခေါ်ယူဖို့အတွက် ကြိုးစားနေပြီး ဘာပေအတွက် ပြောင်းရွှေ့ကြေးရဖို့ ဗာရန်းအပြင် နောက်ထပ် ကစားသမား တစ်ဦးကိုလည်း ရောင်းချရမယ့် အနေအထားပါ။

သို့သော် ရီးရဲလ်မက်ဒရစ် အသင်းက ဗင်နီစီယက်စ် ရဲ့ပြောင်းရွေ့ကြေးကို ယူရိုသန်း ၇၀ ဝန်းကျင်သတ်မှတ်ထားတာ ဖြစ်တဲ့ အတွက် မန်ယူနိုက်တက် အသင်းက ယခုနွေရာသီမှာ အငှားဖြင့်သာ ခေါ်ယူလို လျက်ရှိနေပြီး လာမည့်ရာသီမှသာ အပြီးသတ်ခေါ်ယူလိုကြောင်း သိရပါတယ်။

အသက် ၂၁ နှစ်အရွယ် ဗင်နီစီယက်စ်ဟာ အရည်အသွေးရှိတဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်ပေမယ့် ဂိုးသွင်းစွမ်းရည်အားနည်းပြီး
၂၀၁၈-၁၉ ရာသီမှာ ၄ ဂိုး၊ ၂၀၁၉-၂၀ ရာသီမှာ ၅ ဂိုးနဲ့ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ၆ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။

Zawgyi Version

ရီးရဲလ္မက္ဒရစ္ အသင္းဟာ အသင္းရဲ႕ လူငယ္ဘရာဇီးလ္ တိုက္စစ္ကစားသမား ဗင္နီစီယက္စ္ ဂ်ဴနီယာကို ယခု‌ ေႏြရာသီညအေျပာင္းအေ႐ြ႕ ကာလအတြင္းမွာ အသင္းကေန ‌ ေရာင္းထုတ္သြားဖို႔ ႀကိဳးစားေနေၾကာင္း သိရပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ အသင္းရဲ႕လူငယ္ကစားသမား ဗင္နီစီယက္စ္ကို ေခၚယူရန္ အတြက္ မန္ခ်က္စတာ ယူနိုက္တက္ အသင္းထံ ကမ္းလွမ္းမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း စပိန္မီဒီယာမ်ားက ေဖာ္ျပေနၾကပါတယ္။

ရီးရဲလ္မက္ဒရစ္ အသင္းနဲ႕ ယူနိုက္တက္အသင္းတာဝန္ ရွိသူေတြဟာ လက္ရွိအခ်ိန္မွာ ျပင္သစ္ လက္ေ႐ြးစင္ ေနာက္ခံလူ ဗာရန္းရဲ႕အေျပာင္းအေ႐ႊ႕နဲ႕ ပတ္သက္လို႔ ေဆြးေႏြးေနတာ ျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္က ဗာရန္းအျပင္ ဗင္နီစီယက္စ္ကိုပါ ေခၚယူဖို႔ ယူနိုက္တက္ အသင္းဆီကမ္းလွမ္းခဲ့ျခင္း ျဖစ္ပါတယ္။

ရီးရဲလ္ မက္ဒရစ္အသင္းဟာ ပီအက္စ္ဂ်ီ အသင္းရဲ႕ ျပင္သစ္နာမည္ေက်ာ္ တိုက္စစ္ ကစားသမားကီလီယန္ အမ္ဘာေပကို ေခၚယူဖို႔အတြက္ ႀကိဳးစားေနၿပီး ဘာေပအတြက္ ေျပာင္းေ႐ႊ႕ေၾကးရဖို႔ ဗာရန္းအျပင္ ေနာက္ထပ္ ကစားသမား တစ္ဦးကိုလည္း ေရာင္းခ်ရမယ့္ အေနအထားပါ။

သို႔ေသာ္ ရီးရဲလ္မက္ဒရစ္ အသင္းက ဗင္နီစီယက္စ္ ရဲ႕ေျပာင္းေ႐ြ႕ေၾကးကို ယူရိုသန္း ၇၀ ဝန္းက်င္သတ္မွတ္ထားတာ ျဖစ္တဲ့ အတြက္ မန္ယူနိုက္တက္ အသင္းက ယခုေႏြရာသီမွာ အငွားျဖင့္သာ ေခၚယူလို လ်က္ရွိေနၿပီး လာမည့္ရာသီမွသာ အၿပီးသတ္ေခၚယူလိုေၾကာင္း သိရပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ ဗင္နီစီယက္စ္ဟာ အရည္အေသြးရွိတဲ့ လူငယ္ကစားသမားတစ္ဦးျဖစ္ေပမယ့္ ဂိုးသြင္းစြမ္းရည္အားနည္းၿပီး
၂၀၁၈-၁၉ ရာသီမွာ ၄ ဂိုး၊ ၂၀၁၉-၂၀ ရာသီမွာ ၅ ဂိုးနဲ႕ၿပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းက ၆ ဂိုးသာသြင္းယူနိုင္ခဲ့ပါတယ္။