Unicode Version
အေစီမီလန်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့တဲ့ မန်ယူနိုက်တက် နောက်ခံအစွန်လူ ဒီယေဂိုဒါလော့ကို နောက်ထပ်တစ်ရာသီ
ထပ်မံအငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့အတွက် ကမ်းလှမ်းမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပြီး တစ်ရာသီ အငှား + အပြီးသတ်ခေါ်ယူခွင့် ဖြင့် ကမ်းလှမ်းမာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဝမ်ဘစ်ဆာခါကို ခေါ်ယူခဲ့ပြီးနောက် ဒါလော့ရဲ့ ပုံမှန် ပွဲထွက်ခွင့် လျော့နည်းလာပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီမှာပဲ စီအေစီမီလန်အသင်းဆီကို တစ်ရာသီ အငှားစာချုပ်နဲ့ သွားရောက်ကစားခဲ့ရတာဖြစ်ပါတယ်။
ပေါ်တူဂီ လက်ရွေးစင် နောက်ခံလူ ဒါလော့ဟာ ပြီးခဲ့တဲ့ရာသီအတွင်း အေစီမီလန်အသင်းမှာ အသင်းနဲ့ အလျင်အမြန်ပဲ အထိုင်ကျကာ
ခြေစွမ်းပြ ကစားနိုင်ခဲ့သလို အေစီမီလန်အသင်းအတွက် ပြိုင်ပွဲစုံ စုစုပေါင်း ၃၃ ပွဲအထိကို ပါဝင်ကစားခွင့်လည်း ရခဲ့ပါတယ်။
ယူနိုက်တက်ဘက်ဟာ အသင်းကိုပြန်ရောက်လာတဲ့ ဒါလော့ကို အသင်းမှာ ပုံမှန် နေရာပေးဖို့ မသေချာပဲ ညာခြမ်းခံစစ်နေရာအတွက်ကိုပါ ကစားသမားသစ်
ခေါ်ယူဖွယ် ရှိနေတဲ့အတွက် ဒါလော့ကို ထပ်မံအငှားချဖွယ် ဒါမှမဟုတ် အပြီးသတ်ရောင်းချဖွယ် ရှိနေတာဖြစ်ပါတယ်။
လက်ရှိမှာ ဒါလော့ကို အေစီမီလန်အသင်းအပြင် ရီးရဲလ်မက်ဒရစ်အသင်းကနေပါ စိတ်ဝင်စားလျက် ရှိနေပေမယ့် အေစီမီလန်အသင်းက
ဒါလော့ကို အငှား+အပြီးသတ်ခေါ်ယူခွင့်နဲ့ ခေါ်ယူချင်နေတာဖြစ်ပေမယ့် ရီးရဲလ်ဘက်ကတော့ ဒါလော့ကို အငှားသီးသန့်နဲ့သာ ခေါ်ယူချင်နေတာပါ
ယူနိုက်တက်အသင်းကတော့ သူတို့ရဲ့ နောက်ခံလူ ဒါလော့ အတွက်တစ်ရာသီ ငှားရမ်းမှုကို ယူရို ၅ သန်း ဝန်းကျင်လောက်အထိကို အလိုရှိနေတာဖြစ်ပြီး
ရီးရဲလ်ထက် အေစီမီလန် အသင်းရဲ့
အငှား+အပြီးသတ်ခေါ်ယူခွင့် ကမ်းလှမ်းချက်ကိုသာ လက်ခံသွားဖွယ် ရှိနေပါတယ်။
Zawgyi Version
ေအစီမီလန္အသင္းဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီက တစ္ရာသီအငွားနဲ႕ ေခၚယူခဲ့တဲ့ မန္ယူနိုက္တက္ ေနာက္ခံအစြန္လူ ဒီေယဂိုဒါေလာ့ကို ေနာက္ထပ္တစ္ရာသီ
ထပ္မံအငွားစာခ်ဳပ္နဲ႕ ေခၚယူသြားဖို႔အတြက္ ကမ္းလွမ္းမႈေတြ လုပ္ေဆာင္သြားမွာ ျဖစ္ၿပီး တစ္ရာသီ အငွား + အၿပီးသတ္ေခၚယူခြင့္ ျဖင့္ ကမ္းလွမ္းမာ ျဖစ္ပါတယ္။
ယူနိုက္တက္အသင္းဟာ ဝမ္ဘစ္ဆာခါကို ေခၚယူခဲ့ၿပီးေနာက္ ဒါေလာ့ရဲ႕ ပုံမွန္ ပြဲထြက္ခြင့္ ေလ်ာ့နည္းလာၿပီး ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာပဲ စီေအစီမီလန္အသင္းဆီကို တစ္ရာသီ အငွားစာခ်ဳပ္နဲ႕ သြားေရာက္ကစားခဲ့ရတာျဖစ္ပါတယ္။
ေပၚတူဂီ လက္ေ႐ြးစင္ ေနာက္ခံလူ ဒါေလာ့ဟာ ၿပီးခဲ့တဲ့ရာသီအတြင္း ေအစီမီလန္အသင္းမွာ အသင္းနဲ႕ အလ်င္အျမန္ပဲ အထိုင္က်ကာ ေျခစြမ္းျပ ကစားနိုင္ခဲ့သလို ေအစီမီလန္အသင္းအတြက္ ၿပိဳင္ပြဲစုံ စုစုေပါင္း ၃၃ ပြဲအထိကို ပါဝင္ကစားခြင့္လည္း ရခဲ့ပါတယ္။
ယူနိုက္တက္ဘက္ဟာ အသင္းကိုျပန္ေရာက္လာတဲ့ ဒါေလာ့ကို အသင္းမွာ ပုံမွန္ ေနရာေပးဖို႔ မေသခ်ာပဲ ညာျခမ္းခံစစ္ေနရာအတြက္ကိုပါ ကစားသမားသစ္ ေခၚယူဖြယ္ ရွိေနတဲ့အတြက္ ဒါေလာ့ကို ထပ္မံအငွားခ်ဖြယ္ ဒါမွမဟုတ္ အၿပီးသတ္ေရာင္းခ်ဖြယ္ ရွိေနတာျဖစ္ပါတယ္။
လက္ရွိမွာ ဒါေလာ့ကို ေအစီမီလန္အသင္းအျပင္ ရီးရဲလ္မက္ဒရစ္အသင္းကေနပါ စိတ္ဝင္စားလ်က္ ရွိေနေပမယ့္ ေအစီမီလန္အသင္းက ဒါေလာ့ကို အငွား+အၿပီးသတ္ေခၚယူခြင့္နဲ႕ ေခၚယူခ်င္ေနတာျဖစ္ေပမယ့္ ရီးရဲလ္ဘက္ကေတာ့ ဒါေလာ့ကို အငွားသီးသန႔္နဲ႕သာ ေခၚယူခ်င္ေနတာပါ
ယူနိုက္တက္အသင္းကေတာ့ သူတို႔ရဲ႕ ေနာက္ခံလူ ဒါေလာ့ အတြက္တစ္ရာသီ ငွားရမ္းမႈကို ယူရို ၅ သန္း ဝန္းက်င္ေလာက္အထိကို အလိုရွိေနတာျဖစ္ၿပီး ရီးရဲလ္ထက္ ေအစီမီလန္ အသင္းရဲ႕ အငွား+အၿပီးသတ္ေခၚယူခြင့္ ကမ္းလွမ္းခ်က္ကိုသာ လက္ခံသြားဖြယ္ ရွိေနပါတယ္။