Spots news

ပေါ့ဘာကို ယူနိုက်တက်တို့ မဖြစ်‌မနေ ရောင်းချရစေရန် လုပ်ဆောင်နေတဲ့ အေးဂျင့် ရွိုင်အိုလာ

Unicode Version

မန်ချက်စတာ ယူနိုက်တက်ကွင်းလယ်လူပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာဟာ ပီအက်စ်ဂျီနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေပြီး ပုဂ္ဂိုလ်ရေးသဘောတူညီချက်ရရှိအောင် ကြိုးစားနေတယ်လို့ သတင်းတွေထွက်လာခဲ့ပါတယ်။

ဒါဟာ ပေါ့ဘာကို စာချုပ်သစ်မချုပ်ဆိုနိုင်သေးတဲ့ ယူနိုက်တက်အတွက် စိတ်ပျက်စရာသတင်းဖြစ်လာခဲ့ပြီး သူတို့ရဲ့အကောင်းဆုံးကွင်းလယ်လူကို ယခုနွေရာသီ အပြောင်းအရွေ့မှာ လက်လွှတ်ရဖွယ် ရှိလာပါတယ်။

ပေါ့ဘာဟာ ယူနိုက်တက်ကို စံချိန်တင်ပြောင်းရွေ့ကြေး ပေါင် ၈၉သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းရဲ့ အဓိကကစားသမားဖြစ်‌ပေမယ့် လက်ရှိအချိန်ထိ အသင်းနဲ့စာချုပ်သစ်ကိစ္စကို ဆွေးနွေးထားခြင်းမရှိဘူးလို့ သိရပါတယ်။

ယူနိုက်တက်နဲ့ ပေါ့ဘာတို့ကြား စာချုပ်သက်တမ်းကလည်း ၁ နှစ်သာကျန်ရှိတော့ပြီး စာချုပ်သစ်မချုပ်ဆိုနိုင်ပါက အလွတ်ထွက်ခွာခွင့်ပေးရမယ့် အခြေအနေနဲ့ပါ ရင်ဆိုင်သွားရနိုင်တာ ဖြစ်ပါတယ်။

ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းဟာ ပေါ့ဘာအတွက် ပြောင်းရွေ့ကြေး ပေါင် ၄၃ သန်းနဲ့ ကမ်းလှမ်းဖို့ စဉ်းစားနေတယ်လို့ သိရပြီး ယူနိုက်တက်ဘက်ကလည်း ရောင်းချဖို့ကို ထည့်သွင်းစဉ်းစားနေရပြီ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူတို့နှစ်သင်းကြားမှာ ဘယ်လိုကမ်းလှမ်းမှု၊ ဆက်သွယ်မှုမျိုးမှ မရှိဘူးလို့ သိရ‌ ပေမယ့် ရွိုင်အိုလာကတော့ သူ့ကစားသမားအတွက်ကို အပြင်းအထန်ကြိုးပမ်းနေတယ်လို့ Goal.com က ဖော်ပြထားပါတယ်။

နာမည်ကျော် အေးဂျင့်ရွိုင်အိုလာဟာ ပေါ့ဘာကို ယူနိုက်တက်ကနေ ထွက်ခွာသွားအောင်လုပ်ခဲ့သူဖြစ်သလို သူပဲပြန်လည်ပြိး ခေါ်ဆောင်လာခဲ့သူဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်အဖြစ် ပေါ့ဘာက မှတ်တမ်းဝင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်ထိလည်း အဆိုပါမှတ်တမ်းကို ဘယ်သူကမှ မချိုးဖျက်နိုင်သေးဘဲရှိနေပါတယ်။

ယူနိုက်တက်အနေနဲ့ ကာမာဗင်ဂါ၊ ဒီကလန်ရိုက်နဲ့ ဆာအူလ်နီဂွက်ဇ်တို့ကို ချိတ်ဆက်မှုတွေရှိနေပြီး ပေါ့ဘာနေရာအစားထိုးဖို့ ကြိုတင်ပြင်ဆင်နေတယ်လို့ ခန့်မှန်းရပါတယ်။

Zawgyi Version








