Spots news

ပေါ့ဘာကို နည်းပါးလှတဲ့ ပြောင်းရွေ့ကြေးနဲ့ ကမ်းလှမ်းဖို့ ပြင်နေတဲ့ ပီအက်စ်ဂျီ

Unicode Version

ပီအက်စ်ဂျီအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာကို စိတ်ဝင်စားမှုတွေ ရှိနေခဲ့ပြီး ပီအက်စ်ဂျီအနေနဲ့

ပေါ့ဘာအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၄၃ သန်းဝန်ကျင်လောက်နဲ့သာ စတင်ကမ်းလှမ်းဖွယ် ရှိနေတယ်လို့ Daily Mail သတင်းစာက ဖော်ပြလာပါတယ်။

ပီအက်စ်ဂျီအသင်းအနေနဲ့ အသက် ၂၈ နှစ်အရွယ်ရ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာကို ခေါ်ယူနိုင်ဖို့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ

သဘောတူညီချက်တွေ ရယူထားနိုင်ခဲ့ပေမယ့်လည်း တရားဝင် ကမ်းလှမ်းချက်တွေကိုတော့ လုပ်ဆောင်လာသေးခြင်း မရှိသေးဘူးလို့ သိရှိရပါတယ်။

ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိနေတော့တဲ့ ပေါ့ဘာကို ယူနိုက်တက်ဘက်က အသင်းမှာ ဆက်လက်ထိန်းသိမ်းထားချင်နေပေမယ့်

ကစားသမားကိုယ်တိုင်ကတော့ သူရဲ့မွေးရပ်မြေ ပြင်သစ်က နာမည်ကြီး ကလပ်အသင်း ပီအက်စ်ဂျီဆီကိုသာ ပြောင်းရွေ့ချင်နေတာဖြစ်ပါတယ်။

အသင်းပြောင်းချင်နေတဲ့ ပေါ့ဘာအတွက် ပီအက်စ်ဂျီအသင်းဘက်ကနေ ကမ်းလှမ်းမှုတွေကို စတင်လုပ်ဆောင်လာဖို့ ရှိ‌နေပြီး ပေါ့ဘာရဲ့ လက်ရှိတန်ကြေးထက်

အနည်းငယ် လျှော့နည်းနေနိုင်တဲ့ ပြောင်းရွှေ့ကြေးမျိုးဖြစ်တဲ့ ပေါင် ၄၃ သန်းနဲ့သာ စတင်ကမ်းလှမ်းဖွယ် ရှိနေတယ်လို့ Daily Mail ကနေ ဖော်ပြလာခဲ့ပါတယ်။

ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာက ပီအက်စ်ဂျီအသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ပေါ့ဘာအပြောင်းအရွှေ့အတွက် တွေ့ဆုံဆွေးနွေးလျက် ရှိနေတယ်လို့ သိရှိရပြီး

ပေါ့ဘာနဲ့ ပီအက်စ်ဂျီအသင်းတို့ အပြောင်းအရွှေ့ ဖြစ်မြောက်ပါက ရွိုင်အိုလာအတွက် အေးဂျင့်ခက မြိုးမြိုးမြက်မြက် ရမှာ ဖြစ်ပါတယ်။

လတ်တလောမှာ ရွိုင်အိုလာဟာ ဂိုးသမား ဒွန်နာရမ်မာကိုပါ ပီအက်စ်ဂျီအသင်းဆီ ပို့ဆောင်ထားခဲ့တာကြောင့် ပီအက်စ်ဂျီနဲ့ ဆက်ဆံရေးကောင်းတွေ ရှိနေပြီး

ရွိုင်အိုလာရဲ့ နောက်ထပ်ကစားသမားတစ်ဦးဖြစ်တဲ့ ပေါ့ဘာလည်း ပီအက်စ်ဂျီအသင်းဆီ ရောက်ရှိလာဖို့ ဖြစ်နိုင်ခြေများလာခဲ့ရပါတယ်။

Zawgyi Version

ပီအက္စ္ဂ်ီအသင္းအေနနဲ႕ မန္ခ်က္စတာယူနိုက္တက္အသင္းရဲ႕ ကြင္းလယ္ကစားသမား ေပါလ္ေပါ့ဘာကို စိတ္ဝင္စားမႈေတြ ရွိေနခဲ့ၿပီး ပီအက္စ္ဂ်ီအေနနဲ႕ ေပါ့ဘာအတြက္ ေျပာင္းေ႐ႊ႕ေၾကးအျဖစ္ ေပါင္ ၄၃ သန္းဝန္က်င္ေလာက္နဲ႕သာ စတင္ကမ္းလွမ္းဖြယ္ ရွိေနတယ္လို႔ Daily Mail သတင္းစာက ေဖာ္ျပလာပါတယ္။

ပီအက္စ္ဂ်ီအသင္းအေနနဲ႕ အသက္ ၂၈ ႏွစ္အ႐ြယ္ရ ျပင္သစ္လက္ေ႐ြးစင္ ကြင္းလယ္ကစားသမား ေပါ့ဘာကို ေခၚယူနိုင္ဖို႔အတြက္ ပုဂၢိဳလ္ေရးဆိုင္ရာ သေဘာတူညီခ်က္ေတြ ရယူထားနိုင္ခဲ့ေပမယ့္လည္း တရားဝင္ ကမ္းလွမ္းခ်က္ေတြကိုေတာ့ လုပ္ေဆာင္လာေသးျခင္း မရွိေသးဘူးလို႔ သိရွိရပါတယ္။

ယူနိုက္တက္အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ၁ ႏွစ္သာ က်န္ရွိေနေတာ့တဲ့ ေပါ့ဘာကို ယူနိုက္တက္ဘက္က အသင္းမွာ ဆက္လက္ထိန္းသိမ္းထားခ်င္ေနေပမယ့္ ကစားသမားကိုယ္တိုင္ကေတာ့ သူရဲ႕ေမြးရပ္ေျမ ျပင္သစ္က နာမည္ႀကီး ကလပ္အသင္း ပီအက္စ္ဂ်ီဆီကိုသာ ေျပာင္းေ႐ြ႕ခ်င္ေနတာျဖစ္ပါတယ္။

အသင္းေျပာင္းခ်င္ေနတဲ့ ေပါ့ဘာအတြက္ ပီအက္စ္ဂ်ီအသင္းဘက္ကေန ကမ္းလွမ္းမႈေတြကို စတင္လုပ္ေဆာင္လာဖို႔ ရွိ‌ေနၿပီး ေပါ့ဘာရဲ႕ လက္ရွိတန္ေၾကးထက္ အနည္းငယ္ ေလွ်ာ့နည္းေနနိုင္တဲ့ ေျပာင္းေ႐ႊ႕ေၾကးမ်ိဳးျဖစ္တဲ့ ေပါင္ ၄၃ သန္းနဲ႕သာ စတင္ကမ္းလွမ္းဖြယ္ ရွိေနတယ္လို႔ Daily Mail ကေန ေဖာ္ျပလာခဲ့ပါတယ္။

ေပါ့ဘာရဲ႕ ေအးဂ်င့္ျဖစ္သူ ႐ြိုင္အိုလာက ပီအက္စ္ဂ်ီအသင္းရဲ႕ တာဝန္ရွိသူေတြနဲ႕ ေပါ့ဘာအေျပာင္းအေ႐ႊ႕အတြက္ ေတြ႕ဆုံေဆြးေႏြးလ်က္ ရွိေနတယ္လို႔ သိရွိရၿပီး ေပါ့ဘာနဲ႕ ပီအက္စ္ဂ်ီအသင္းတို႔ အေျပာင္းအေ႐ႊ႕ ျဖစ္ေျမာက္ပါက ႐ြိုင္အိုလာအတြက္ ေအးဂ်င့္ခက ၿမိဳးၿမိဳးျမက္ျမက္ ရမွာ ျဖစ္ပါတယ္။

လတ္တေလာမွာ ႐ြိုင္အိုလာဟာ ဂိုးသမား ဒြန္နာရမ္မာကိုပါ ပီအက္စ္ဂ်ီအသင္းဆီ ပို႔ေဆာင္ထားခဲ့တာေၾကာင့္ ပီအက္စ္ဂ်ီနဲ႕ ဆက္ဆံေရးေကာင္းေတြ ရွိေနၿပီး ႐ြိုင္အိုလာရဲ႕ ေနာက္ထပ္ကစားသမားတစ္ဦးျဖစ္တဲ့ ေပါ့ဘာလည္း ပီအက္စ္ဂ်ီအသင္းဆီ ေရာက္ရွိလာဖို႔ ျဖစ္နိုင္ေျခမ်ားလာခဲ့ရပါတယ္။