Spots news

အသင်းဟောင်းကို ပြောင်းသွားတဲ့ အသင်းဖော်ဟောင်းကို ကာကွယ်ပြောဆိုခဲ့တဲ့ ဟာရဲရား

Unicode Version

အင်စတာ ဂရမ်မှာ တင်ခဲ့တဲ့ စာသား‌ တစ်ချို့ ကြောင့် လူမျိူးရေး ခွဲခြားမှု သက်ရောက် ပါတယ် ဆိုတဲ့ အကြောင်း ပြချက် နဲ့ ယူနိုက်တက်  တိုက်စစ်မှူး ကာဗာနီ ကို ဒဏ်ငွေ ပေါင် တစ်သိန်းနဲ့ သုံးပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့မှု အပေါ် ယူနိုက်တက် ကစားသမား ဟောင်း ဟာရဲရား နဲ့ နောက်ခံလူ ရိုဂျို တို့ က အက်ဖ်အေ ကို ဝေဖန် ပြစ်တင် ခဲ့ ပါတယ်။

ကာဗာနီ ဟာ ပြီးခဲ့တဲ့ လက ဆောက်သမ်တန် အသင်း ကို 3-2 ဖြင့် အနိုင် ရခဲ့တဲ့ ပွဲစဉ် အပြီး လူမှု ကွန်ရက် မှ ပိုစ့် ကြောင့် အဆိုပါ ပြစ်ဒဏ်  ချမှတ်ခြင်း ခံခဲ့ ရတာ ဖြစ်ပြီး ကာဗာနီ  ကိုယ်တိုင် က အယူခံ ဝင်သွားဖို့ အစီအစဉ် မရှိ ကြောင်း သိရ ပါတယ်။ ဥရုဂွေး တိုက်စစ်မှူး ကာဗာနီ ဟာ အနိုင်ဂိုး သွင်းနိုင် ခဲ့တဲ့ ပုံကို အင်စတာ ဂရမ် မှာ တင်ထား ခဲ့ချိန်မှာ သူငယ်ချင်း တစ်ယောက် က postမှာ Asi te quiero , Matador ရေးခဲ့ ရာမှာ သူက ပြန်လည် ပြီး” Gracias negrito ” လို့ ရေးပြီး သူ့ရဲ့ အင်စတာဂရမ် story မှာ တင် ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပြစ်ဒဏ်ကို “ယူနိုက်တက် ကွင်းလယ် လူ ဟောင်း အန်ဒါ ဟာရဲယားက စိတ်ပျက် ကာ ဝေဖန်မှု လုပ်ခဲ့ ပါတယ်။ “ မိတ်ဆွေ ချင်းရင်းနှီး  ဖော်ရွေ  မှုကို ပြသ တာက လူမျိုးရေး ခွဲခြားမှု လို့ သတ်မှတ် တာက တော့ မဖြစ်သင့် ပါဘူး  ကမ္ဘာ ကြီးက စိတ်ပျက် စရာတွေ ဖြစ်နေ ပါတယ် ” ဟု အက်ဖ်အေ ရဲ့ ဆုံးဖြတ် ချက်ကို ပြောဆို ခဲ့ ပါတယ်။

ယူနိုက်တက် အသင်းဖော် ရိုဂျို ကလည်း “ ဒီအဖြစ် အပျက်ကို ကြည့်ရင် သူတို့ ဘယ်လို လူတွေလဲ ဆိုတာ သိကြ မှာပါ။ သူ (ကာဗာနီ) သုံးနှုန်း ခဲ့တဲ့ စကားလုံး ဟာ တောင် အမေရိက မှာ အချင်းချင်း ပြောင်နောက်တဲ့ စကားလုံး ဖြစ်ပါတယ်။ ဒီအတွက် ဒီလို ပြစ်ဒဏ်ချ ခဲ့တာ သိပ်တော့ အဆင်မပြေ လှပါဘူး ” ဆိုပြီး ပြောကြားခဲ့ပါတယ်။

Zawgyi Version

အင္စတာ ဂရမ္မွာ တင္ခဲ့တဲ့ စာသား‌ တစ္ခ်ိဳ႕ေၾကာင့္ လူမ်ိဴးေရး ခြဲျခားမႈ သက္ေရာက္ ပါတယ္ ဆိုတဲ့ အေၾကာင္း ျပခ်က္ နဲ႕ ယူနိုက္တက္ တိုက္စစ္မႉး ကာဗာနီ ကို ဒဏ္ေငြ ေပါင္ တစ္သိန္းနဲ႕ သုံးပြဲပယ္ ျပစ္ဒဏ္ ခ်မွတ္ခဲ့မႈ အေပၚ ယူနိုက္တက္ ကစားသမားေဟာင္း ဟာရဲရား နဲ႕ ေနာက္ခံလူ ရိုဂ်ိဳ တို႔ က အက္ဖ္ေအ ကို ေဝဖန္ ျပစ္တင္ ခဲ့ ပါတယ္။

ကာဗာနီ ဟာ ၿပီးခဲ့တဲ့ လက ေဆာက္သမ္တန္ အသင္း ကို 3-2 ျဖင့္ အနိုင္ ရခဲ့တဲ့ ပြဲစဥ္ အၿပီး လူမႈ ကြန္ရက္ မွ ပိုစ့္ ေၾကာင့္ အဆိုပါ ျပစ္ဒဏ္ ခ်မွတ္ ျခင္း ခံခဲ့ ရတာ ျဖစ္ၿပီး ကာဗာနီ ကိုယ္တိုင္ က အယူခံ ဝင္သြားဖို႔ အစီအစဥ္ မရွိ ေၾကာင္း သိရ ပါတယ္။ ဥ႐ုေဂြး တိုက္စစ္မႉး ကာဗာနီ ဟာ အနိုင္ဂိုး သြင္းနိုင္ ခဲ့တဲ့ ပုံကို အင္စတာ ဂရမ္ မွာ တင္ထား ခဲ့ခ်ိန္မွာ သူငယ္ခ်င္း တစ္ေယာက္ က postမွာ Asi te quiero , Matador ေရးခဲ့ ရာမွာ သူက ျပန္လည္ၿပီး” Gracias negrito ” လို႔ ေရးၿပီး သူ႕ရဲ႕ အင္စတာဂရမ္ story မွာ တင္ခဲ့တာ ျဖစ္ပါတယ္။

အဆိုပါ ျပစ္ဒဏ္ကို “ယူနိုက္တက္ ကြင္းလယ္ လူေဟာင္း အန္ဒါ ဟာရဲယားက စိတ္ပ်က္ ကာ ေဝဖန္မႈ လုပ္ခဲ့ ပါတယ္။ “ မိတ္ေဆြ ခ်င္းရင္းႏွီး ေဖာ္ေ႐ြ မႈကို ျပသ တာက လူမ်ိဳးေရး ခြဲျခားမႈ လို႔ သတ္မွတ္ တာက ေတာ့ မျဖစ္သင့္ ပါဘူး ကမာၻႀကီးက စိတ္ပ်က္ စရာေတြ ျဖစ္ေနပါတယ္ ” ဟု အက္ဖ္ေအ ရဲ႕ ဆုံးျဖတ္ ခ်က္ကို ေျပာဆိုခဲ့ ပါတယ္။

ယူနိုက္တက္ အသင္းေဖာ္ ရိုဂ်ိဳ ကလည္း “ ဒီအျဖစ္ အပ်က္ကို ၾကည့္ရင္ သူတို႔ ဘယ္လို လူေတြလဲ ဆိုတာ သိၾက မွာပါ။ သူ (ကာဗာနီ) သုံးႏႈန္း ခဲ့တဲ့ စကားလုံး ဟာ ေတာင္ အေမရိက မွာ အခ်င္းခ်င္း ေျပာင္ေနာက္တဲ့ စကားလုံး ျဖစ္ပါတယ္။ ဒီအတြက္ ဒီလို ျပစ္ဒဏ္ခ် ခဲ့တာ သိပ္ေတာ့ အဆင္မေျပ လွပါဘူး ” ဆိုၿပီး ေျပာၾကားခဲ့ပါတယ္။