Spots news

ဂရစ်ဇ်မန်းကို မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ရောင်းချဖို့ ကမ်းလှမ်းခဲ့တဲ့ ဘာစီလိုနာ

Unicode Version

လက်ရှိ ဘာစီလိုနာအသင်းမှာ ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး လစာပိုင်း လျော့ချမှုတွေကိုပါ လုပ်ဆောင်ရတော့မှာ ဖြစ်တာကြောင့်

အသင်းက ဒီနွေစျေးကွက်အတွင်းမှာပဲ ဂရစ်ဇ်မန်းကို ရောင်းထုတ်သွားဖို့အတွက် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းကို ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။

ဘာစီလိုနာအသင်းဟာ ဂရစ်ဇ်မန်းနဲ့ အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ ကွင်းလယ်လူ ဆာအူလ်တို့ကို အလဲအထပ် ပြုလုပ်ဖို့

ဆွေးနွေးနေပေမယ့် ဂရစ်ဇ်မန်း ကတော့ အသင်းဟောင်းထက် ပရီးမီးယားလိဂ်ဆီသာ ပြောင်းရွှေ့ကာ စိန်ခေါ်မှုအသစ်တွေကို လိုချင်နေပါတယ်။

ဘာစီလိုနာအသင်းက ဂရစ်ဇ်မန်းအတွက် အက်သလက်တီကို ရဲ့ လူငယ်ကစားသမား ယာအိုဖိလစ် ကိုပါအလိုက်ပေးဖို့ သို့မဟုတ် ပြောင်းရွှေ့ကြေးအဖြစ်

ပေါင် ၁၈ သန်း ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး အက်သလက်တီကိုအသင်းဘက်က လက်မခံခဲ့တာကြောင့် ဆွေးနွေးမှု ပျက်ပြယ်ခဲ့ရပါတယ်။

လာလီဂါအဖွဲ့ချုပ်က ဘာစီလိုနာ အသင်းကို လစာငွေပမာဏကို လျှော့ချဖို့သတိပေးထားပြီး ဂရစ်ဇ်မန်းအပါအဝင် စီနီယာကစားသမားတချို့ကို ရောင်းချဖို့ပြင်ဆင်နေပါတယ်။

ဂရစ်ဇ်မန်းအတွက်ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေသလို အခု ယူနိုက်တက်အသင်း ဂရစ်ဇ်မန်းအတွက် ကမ်းလှမ်းမှုပြုလုပ်ဖို့အတွက်တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းက ဂရစ်ဇ်မန်းကို ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်း သတ်မှတ်ထားတာ ဖြစ်ပြီး အဂူရိုရဲ့ နေရာကို အစားထိုးဖို့ ဟယ်ရီကိန်းကို ဝယ်ယူနိုင်ဖို့ ခက်ခဲနေတဲ့ မန်စီးတီးအသင်းကလဲ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Zawgyi Version

လက္ရွိ ဘာစီလိုနာအသင္းမွာ ဘ႑ာေရး အက်ပ္အတည္းေတြနဲ႕ ရင္ဆိုင္ေနရၿပီး လစာပိုင္း ေလ်ာ့ခ်မႈေတြကိုပါ လုပ္ေဆာင္ရေတာ့မွာ ျဖစ္တာေၾကာင့္

အသင္းက ဒီေႏြေစ်းကြက္အတြင္းမွာပဲ ဂရစ္ဇ္မန္းကို ေရာင္းထုတ္သြားဖို႔အတြက္ ပရီးမီးယားလိဂ္ကလပ္ မန္ခ်က္စတာ ယူနိုက္တက္အသင္းကို ကမ္းလွမ္းခဲ့ေၾကာင္း သိရပါတယ္။

ဘာစီလိုနာအသင္းဟာ ဂရစ္ဇ္မန္းနဲ႕ အက္သလက္တီကို မက္ဒရစ္ အသင္းရဲ႕ ကြင္းလယ္လူ ဆာအူလ္တို႔ကို အလဲအထပ္ ျပဳလုပ္ဖို႔

ေဆြးေႏြးေနေပမယ့္ ဂရစ္ဇ္မန္း ကေတာ့ အသင္းေဟာင္းထက္ ပရီးမီးယားလိဂ္ဆီသာ ေျပာင္းေ႐ႊ႕ကာ စိန္ေခၚမႈအသစ္ေတြကို လိုခ်င္ေနပါတယ္။

ဘာစီလိုနာအသင္းက ဂရစ္ဇ္မန္းအတြက္ အက္သလက္တီကို ရဲ႕ လူငယ္ကစားသမား ယာအိုဖိလစ္ ကိုပါအလိုက္ေပးဖို႔ သို႔မဟုတ္ ေျပာင္းေ႐ႊ႕ေၾကးအျဖစ္

ေပါင္ ၁၈ သန္း ေပးဖို႔ ေတာင္းဆိုခဲ့တာျဖစ္ၿပီး အက္သလက္တီကိုအသင္းဘက္က လက္မခံခဲ့တာေၾကာင့္ ေဆြးေႏြးမႈပ်က္ျပယ္ခဲ့ရပါတယ္။

လာလီဂါအဖြဲ႕ခ်ဳပ္က ဘာစီလိုနာ အသင္းကို လစာေငြပမာဏကို ေလွ်ာ့ခ်ဖိဳ႕သတိေပးထားၿပီး ဂရစ္ဇ္မန္းအပါအဝင္ စီနီယာကစားသမားတခ်ိဳ႕ကို ေရာင္းခ်ဖိဳ႕ျပင္ဆင္ေနပါတယ္။

ဂရစ္ဇ္မန္းအတြက္ကမ္းလွမ္းမႈေတြကို ေစာင့္ေမွ်ာ္ေနသလို အခု ယူနိုက္တက္အသင္း ဂရစ္ဇ္မန္းအတြက္ ကမ္းလွမ္းမႈျပဳလုပ္ဖို႔အတြက္တိုက္တြန္းခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းက ဂရစ္ဇ္မန္းကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၆၀သန္း သတ္မွတ္ထားတာ ျဖစ္ၿပီး အဂူရိုရဲ႕ ေနရာကို အစားထိုးဖို႔ ဟယ္ရီကိန္းကို ဝယ္ယူနိုင္ဖို႔ ခက္ခဲေနတဲ့ မန္စီးတီးအသင္းကလဲ ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။