Spots news

အမ်တီတီ နဲ့ မန်ယူကွင်းလယ်လူ ဗန်ဒီဘိခ်ကို အလဲအထပ်ပြုလုပ်သွားချင်တဲ့ ဘာစီလိုနာ

Unicode Version

ဘာစီလိုနာအသင်းဟာ နောက်ခံလူ အမ်တီတီကို မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ပုံမှန်ပွဲထွက်ကစားခွင့် ပျောက်ဆုံးလို့နေတဲ့ နယ်သာလန် ကွင်းလယ်လူ

ဒွန်နီဗန်ဒီဘိခ် နဲ့ ကစားသမားချင်း အလဲအထပ်လုပ်ပြီး ခေါ်ယူသွားဖို့ ကြိုးပမ်း နေကြောင်း စပိန် အားကစား မီဒီယာတွေက ဖော်ပြထားပါတယ်။

ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက အေဂျက်စ်အသင်းကနေ ယူနိုက်တက်ဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ပုံမှန်နေရာရဖို့

ရုန်းကန်နေခဲ့ရသလို ပွဲစဉ်အများစုမှာ ပွဲထွက်ကစားသမားအဖြစ် မပါဝင်ခဲ့ရပဲ အရန်ကစားသမားအဖြစ်နဲ့ ကစားနေရပါတယ်။

ထို့ကြောင့် ဗန်ဒီဘိခ်ကို ဥရောပ ကလပ်အသင်းပေါင်းများစွာ အပြင် ဘာစီလိုနာအသင်းလည်း ပါဝင်လာခဲ့ပါတယ်။ ဘာစီလိုနာအသင်းကတော့ လာလီဂါရဲ့

လစာကန့်သတ်မှုတွေကြောင့် ကစားသမားများစွာကို လက်လွတ်ရဖို့ ရှိနေပြီး ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ နောက်ခံလူ အမ်တီတီလဲ ပါဝင်လာဖွယ်ရာရှိနေပါတယ်။

အမ်တီတီကို ယူနိုက်တက်အသင်းဘက်ကနေ ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ဖူးတာဖြစ်တဲ့ အတွက် ဘာစီလိုနာအသင်းက အလိုရှိနေတဲ့

ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ခေါ်ယူနိုင်ဖို့အတွက် အမ်တီတီနဲ့ ဗနဒီဘိခ်ကို ကစားသမားအချင်းချင်း တိုက်ရိုက်လဲလှယ်သွားချင်နေတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်း နည်းပြရော်နယ်ကိုးမန်းကလည်း ဗန်ဒီဘိခ်နဲ့ လက်တွဲခဲ့ဖူးတာဖြစ်လို့ သူရဲ့တပည့်ဟောင်းကို ဘာစီလိုနာ အသင်းဆီ ခေါ်ဆောင်ချင်နေသလို

ဗန်ဒီဘိခ်ရဲ့ အေဂျက်စ်အသင်းဖော်ဟောင်း ဖရန့်ကီ ဒီဂျောင်လည်း ရှိနေတာဖြစ်လို့ ဗန်ဒယ်ဘိခ်အနေနဲ့ ဘာစီလိုနာကို ပြောင်းရွှေ့လာနိုင် ဖွယ်ရာ ရှိနေပါတယ်။

Zawgyi Version

ဘာစီလိုနာအသင္းဟာ ေနာက္ခံလူ အမ္တီတီကို မန္ခ်က္စတာ ယူနိုက္တက္အသင္းမွာ ပုံမွန္ပြဲထြက္ကစားခြင့္ ေပ်ာက္ဆုံးလို႔ေနတဲ့ နယ္သာလန္ ကြင္းလယ္လူ

ဒြန္နီဗန္ဒီဘိခ္ နဲ႕ ကစားသမားခ်င္း အလဲအထပ္လုပ္ၿပီး ေခၚယူသြားဖို႔ ႀကိဳးပမ္း ေနေၾကာင္း စပိန္ အားကစား မီဒီယာေတြက ေဖာ္ျပထားပါတယ္။

ဗန္ဒီဘိခ္ဟာ ၿပီးခဲ့တဲ့ေဘာလုံးရာသီက ေအဂ်က္စ္အသင္းကေန ယူနိုက္တက္ဆီကို ေရာက္ရွိလာခဲ့တာျဖစ္ၿပီး ပုံမွန္ေနရာရဖို႔

႐ုန္းကန္ေနခဲ့ရသလို ပြဲစဥ္အမ်ားစုမွာ ပြဲထြက္ကစားသမားအျဖစ္ မပါဝင္ခဲ့ရပဲ အရန္ကစားသမားအျဖစ္နဲ႕ ကစားေနရပါတယ္။

ထို႔ေၾကာင့္ ဗန္ဒီဘိခ္ကို ဥေရာပ ကလပ္အသင္းေပါင္းမ်ားစြာ အျပင္ ဘာစီလိုနာအသင္းလည္း ပါဝင္လာခဲ့ပါတယ္။ ဘာစီလိုနာအသင္းကေတာ့ လာလီဂါရဲ႕

လစာကန႔္သတ္မႈေတြေၾကာင့္ ကစားသမားမ်ားစြာကို လက္လြတ္ရဖို႔ ရွိေနၿပီး ၂၀၁၈ ကမာၻ႔ဖလားခ်န္ပီယံ ေနာက္ခံလူ အမ္တီတီလဲ ပါဝင္လာဖြယ္ရာရွိေနပါတယ္။

အမ္တီတီကို ယူနိုက္တက္အသင္းဘက္ကေန ေခၚယူဖို႔ ပစ္မွတ္ထားခဲ့ဖူးတာျဖစ္တဲ့ အတြက္ ဘာစီလိုနာအသင္းက အလိုရွိေနတဲ့

ကြင္းလယ္လူ ဗန္ဒီဘိခ္ကို ေခၚယူနိုင္ဖို႔အတြက္ အမ္တီတီနဲ႕ ဗနဒီဘိခ္ကို ကစားသမားအခ်င္းခ်င္း တိုက္ရိုက္လဲလွယ္သြားခ်င္ေနတာျဖစ္ပါတယ္။

ဘာစီလိုနာအသင္း နည္းျပေရာ္နယ္ကိုးမန္းကလည္း ဗန္ဒီဘိခ္နဲ႕ လက္တြဲခဲ့ဖူးတာျဖစ္လို႔ သူရဲ႕တပည့္ေဟာင္းကို ဘာစီလိုနာ အသင္းဆီ ေခၚေဆာင္ခ်င္ေနသလို

ဗန္ဒီဘိခ္ရဲ႕ ေအဂ်က္စ္အသင္းေဖာ္ေဟာင္း ဖရန႔္ကီ ဒီေဂ်ာင္လည္း ရွိေနတာျဖစ္လို႔ ဗန္ဒယ္ဘိခ္အေနနဲ႕ ဘာစီလိုနာကို ေျပာင္းေ႐ႊ႕လာနိုင္ ဖြယ္ရာ ရွိေနပါတယ္။