Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ဘိုင်ယန်မြူးနစ် အသင်းနဲ့ စာချုပ်သက်တမ်း တိုးချုပ်ဆိုဖို့ အဆင်မပြေ ဖြစ်လို့ နေတဲ့ ဂျာမန် ကွင်းလယ်လူ
ဂေါ်ရက်ဇ်ကာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့အတွက် အေးဂျင့်ဖြစ်သူထံသို့ စုံစမ်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။
ဘိုင်ယန်မြူးနစ်ရဲ့ ဂျာမနီလက်ရွေးစင် ကွင်းလယ်ကစားသမယး ဂေါ်ရက်ဇ်ကာဟာ မိခင်ကလပ် ဘိုင်ယန်မြူးနစ် အသင်းနဲ့ စာချုပ်သက်တမ်း
၁နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမား တဦး ဖြစ်ပြီး လက်ရှိမှာ မြူးနစ်နဲ့ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ ရှိနေပေမယ့် အဆင်မပြေမှုများ ဖြစ်ပေါ်လျက် ရှိနေပါတယ်။
ဂေါ်ရက်ဇ်ကာဟာ ဘိုင်ယန်မြူးနစ်အသင်း ထံမှ သူ့အတွက် လုပ်ခလစာ တနှစ် ယူရို ၂၀သန်း အထိ လိုချင်နေပေမယ့် ဘိုင်ယန်မြူးနစ်အသင်း ကတော့
လုပ်ခလစာ ယူရို၁၀သန်းနဲ့ ၁၂သန်း ကြားသာ ပေးချေမှာ ဖြစ်တာကြောင့် စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှု အဆင်မပြေ ဖြစ်နေပါတယ်။
ထို့ကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဂေါ်ရက်ဇ်ကာကို အလွတ်နဲ့ ခေါ်ယူဖို့အတွက် ကြိုတင် ပြင်ဆင် ဖြစ်ပြီး ဂျာမန် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ
မန်ချက်စတာ ယူနိုက်တက်အသင်း တာဝန်ရှိသူ တွေနဲ့ ကစားသမားရဲ့ အေးဂျင့်တို့ ဆက်သွယ်မှုတွေ ရှိနေကြောင်း သိရပါတယ်။
ယူနိုက်တက်အသင်းဟာ အသင်းရဲ့ အဓိက ကွင်းလယ်လူ ပေါ့ဘာကို ပီအက်စ်ဂျီအသင်းထံ ရောင်းချရဖွယ် ရှိနေတာကြောင့် ဂေါ်ရက်ဇ်ကာကို
ခေါ်ယူချင်နေတာ ဖြစ်ပြီးယခု နွေဈေးကွက်မှာ ခေါ်ယူဖို့ထက် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ကုန်ဆုံးချိန်မှသာ အလွတ်နဲ့ ခေါ်ယူဖို့ ရှိပါတယ်။
လက်ရှိမှာ ဂေါ်ရက်ဇ်ကာရဲ့ အေးဂျင့်နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ရဲ့ ကြားမှာ ဆွေးနွေးမှုတွေ ရှိနေပြီး ယူနိုက်တက်အသင်းဟာ
ဂေါ်ရက်ဇ်ကာကို သူ လိုချင်တဲ့ တစ်နှစ် လုပ်ခလစာ ပေးချေကာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။
Zawgyi Version