Spots news
ယူနိုက်တက်မှာ ဆန်ချိုဝတ်ဆင်မယ့် ကျောနံပတ်နဲ့ မနက်ခင်း ယူနိုက်တက် သတင်းတိုများ
Unicode Version
ယူနိုက်တက်ဟာ ဘိုင်ယန်ကွင်းလယ်လူ လီယွန်ဂေါ်ရက်ဇ်ကာရဲ့ ​အေးဂျင့်နဲ့ စကားပြောနေပြီး ကစားသမားကို လစာငွေနဲ့ သိမ်းသွင်းသွားဖွယ်ရှိပါတယ်။ ယူနိုက်တက်ဟာ ဂေါ်ရက်ဇ်ကာကို စိတ်ဝင်စားနေပါတယ်။ (cfbayern)
အာဆင်နယ်အသင်းရဲ့ ပစ်မှတ် ရူဘင်နီဗက်စ်ကိုခေါ်ယူဖို့ ယူနိုက်တက်က စဥ်းစားနေပါတယ်။ ပေါင် ၃၅ သန်း ရရှိပါက ဝုလ်ဗ်အသင်းဟာ နီဗက်စ်ကို ရောင်းချသွားမှာဖြစ်ပါတယ်။ (talkSPORT)
ရာဖေးလ်ဗာရန်းဆီက နည်းစနစ်ပိုင်းကောင်းမွန်မှုနဲ့ အမြင့်ဘောကောင်းမွန်မှုတို့ကို ရရှိလိမ့်မယ်လို့ ယူနိုက်တက်က ယူဆနေပါတယ်။ အရပ်ရှည်၊ အပြေးမြန်ပြီး စကေးကောင်းတဲ့ ကစားသမားတစ်ယောက်ကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယူနိုက်တက်က တွေးထင်နေပါတယ်။ (AndyMitten)
အသစ်ခေါ်ယူထားတဲ့ အင်္ဂလန် တောင်ပံကစားသမား ဂျာဒန်ဆန်ချိုဟာ ယူနိုက်တက်မှာ ကျောနံပါတ် ၁၆ ကို ဝတ်ဆင်သွားဖွယ်ရှိပါတယ်။ ဒါပေမယ့် ကျောနံပါတ် ၇ ကို ဆန်ချိုက ပိုမိုနှစ်သက်နေပါတယ်။ (AndyMitten)
ဒွန်နီဗန်ဒီဘိခ်ကိုခေါ်ယူဖို့ အီတလီ၊ စပိန်နဲ့ ဂျာမနီကလပ်တွေက စိတ်ဝင်စားနေကြပါတယ်။ သူဟာ ယူရိုပြိုင်ပွဲကို လွဲချော်ခဲ့ပြီးနောက် ယူနိုက်တက်အတွက် ပါဝင်ကစားပေးရမှာကို တက်ကြွနေပါတယ်။ (men)
ယူနိုက်တက်ဟာ ပေါလ်ပေါ့ဘာအတွက် PSG အသင်းဆီက ယူရိုသန်း ၆၀ တန် ကမ်းလှမ်းမှုတစ်ခု လက်ခံရရှိထားပါတယ်။ အေးဂျင့် မီနိုရွိုင်အိုလာနဲ့ PSG တို့ကြားမှာ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိဖို့ ဆွေးနွေးနေပါတယ်။
၂၀၁၆ ခုနှစ်က ယူနိုက်တက်ခေါ်ယူခဲ့တဲ့ ပေါင် ၈၉ သန်းထက်နည်းတဲ့စျေးနဲ့ ပေါ့ဘာကို ခေါ်ယူနိုင်လိမ့်မယ်လို့ PSG က ယုံကြည်နေပါတယ်။ လက်ရှိမှာ ပြင်သစ်သားဘက်က စာချုပ်သစ်နဲ့ပတ်သက်ပြီး ယူနိုက်တက်ကို အကြောင်းမပြန်သေးပါဘူး။ (Chris Wheeler)
Zawgyi Version