Spots news

ယူနိုက်တက်ကွင်းလယ်လူ လင်ဂတ်ကို ခေါ်ယူဖို့ပြင်ဆင်နေတဲ့ အဲဗာတန်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဂျက်ဆီလင်ဂတ်ကို ခေါ်ယူဖိူ့အတွက် ပြီးခဲ့တဲ့ ဘောလုံးရာသီက သူအငှားဖြင့် ‌

သွား‌ရောက်ကစားခဲ့တဲ့ ဝက်စ်ဟမ်း အသင်းအပြင် ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းဖြစ်တဲ့ အဲဗာတန်အသင်းကပါ အပြိုင်စိတ်ဝင်စားလာခဲ့တယ်လို့ သိရှိရပါတယ်။

လင်ဂတ်ဟာ ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက်မှာ ပုံမှန်နေရာရဖို့ ရုန်းကန်ခဲ့ရ ဇန်နဝါရီလ စျေးကွက်မှာ ဝက်စ်ဟမ်းအသင်းဆီကို ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

ဝက်စ်ဟမ်းမှာ သူရဲ့အကောင်းဆုံး ခြေစွမ်းကို ပြသနိုင်ခဲ့သလို ၉ ဂိုး သွင်း ၄ ကြိမ်ထိ ဖန်တီးကာ အဆင့်(၅)နေရာနဲ့ ရာသီသိမ်းခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင့် ရရှိခဲ့ပါတယ်။

ထို့ကြောင့် အငှားစာချုပ် ပြီးဆုံးသွားပေမယ့် တက်စ်ဟမ်းအသင်းဟာ လင်ဂတ်ကို အပြီးသတ် ခေါ်ယူချင်နေတာဖြစ်ပြီး လက်ရှိမှာလည်း ဝက်စ်ဟမ်နည်းပြ

ဒေးဗစ်မိုယက်စ်ရဲ့ အသင်းဟောင်းဖြစ်တဲ့ အဲဗာတန်အသင်းကလဲ လင်ဂတ်ကို ခေါ်ယူသွားဖို့ ပြင်ဆင်မှု‌များ ပြုလုပ်နေကြောင်း သတင်းထွက်ပေါ် လာပါတယ်။

အဲဗာတန်အသင်းဟာ အသင်းရဲ့ အဓိက ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို လက်လွတ်ရဖွယ် ရှိနေသလို ကွင်းလယ်လူ ဆီဂတ်ဒ်ဆန်မှာလည်း ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ

အမြတ်ထုတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့အတွက် အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ လင်ဂတ်ကို ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက လင်ဂတ်ဟာ သူရဲ့အစီအစဉ်ထဲမှာ ပါဝင်နေတယ်လို့ ပြောဆိုထားပေမယ့် ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် မသေချာတာဖြစ်လို့

အသင်းကနေ ထွက်ခွာသွားဖွယ် ရှိပါတယ်။လင်ဂတ်ကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေအပြင် အသက်လက်တီကိုမက်ဒရစ် ကလည်း စိတ်ဝင်စားနေပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ကြင္းလယ္တိုက္စစ္ ကစားသမား ဂ်က္ဆီလင္ဂတ္ကို ေခၚယူဖိူ႕အတြက္ ၿပီးခဲ့တဲ့ ေဘာလုံးရာသီက သူအငွားျဖင့္ ‌

သြား‌ေရာက္ကစားခဲ့တဲ့ ဝက္စ္ဟမ္း အသင္းအျပင္ ပရီးမီးယားလိဂ္ ၿပိဳင္ဘက္အသင္းျဖစ္တဲ့ အဲဗာတန္အသင္းကပါ အၿပိဳင္စိတ္ဝင္စားလာခဲ့တယ္လို႔ သိရွိရပါတယ္။

လင္ဂတ္ဟာ ၿပီးခဲ့တဲ့ ရာသီက ယူနိုက္တက္မွာ ပုံမွန္ေနရာရဖို႔ ႐ုန္းကန္ခဲ့ရ ဇန္နဝါရီလ ေစ်းကြက္မွာ ဝက္စ္ဟမ္းအသင္းဆီကို ရာသီဝက္အငွားနဲ႕ ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

ဝက္စ္ဟမ္းမွာ သူရဲ႕အေကာင္းဆုံး ေျခစြမ္းကို ျပသနိုင္ခဲ့သလို ၉ ဂိုး သြင္း ၄ ႀကိမ္ထိ ဖန္တီးကာ အဆင့္(၅)ေနရာနဲ႕ ရာသီသိမ္းခဲ့ၿပီး ယူရိုပါလိဂ္ဝင္ခြင့္ ရရွိခဲ့ပါတယ္။

ထို႔ေၾကာင့္ အငွားစာခ်ဳပ္ ၿပီးဆုံးသြားေပမယ့္ တက္စ္ဟမ္းအသင္းဟာ လင္ဂတ္ကို အၿပီးသတ္ ေခၚယူခ်င္ေနတာျဖစ္ၿပီး လက္ရွိမွာလည္း ဝက္စ္ဟမ္နည္းျပ

ေဒးဗစ္မိုယက္စ္ရဲ႕ အသင္းေဟာင္းျဖစ္တဲ့ အဲဗာတန္အသင္းကလဲ လင္ဂတ္ကို ေခၚယူသြားဖို႔ ျပင္ဆင္မႈ‌မ်ား ျပဳလုပ္ေနေၾကာင္း သတင္းထြက္ေပၚ လာပါတယ္။

အဲဗာတန္အသင္းဟာ အသင္းရဲ႕ အဓိက ကစားသမား ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္ကို လက္လြတ္ရဖြယ္ ရွိေနသလို ကြင္းလယ္လူ ဆီဂတ္ဒ္ဆန္မွာလည္း ကေလးသူငယ္ လိင္ပိုင္းဆိုင္ရာ

အျမတ္ထုတ္မႈနဲ႕ ဖမ္းဆီးခံထားရတဲ့အတြက္ အသင္းရဲ႕ ကြင္းလယ္ပိုင္းကို အင္အား ျဖည့္တင္းဖို႔ လင္ဂတ္ကို ေခၚယူလိုေနတာ ျဖစ္ပါတယ္။

ယူနိုက္တက္နည္းျပ ဆိုးလ္ရွားက လင္ဂတ္ဟာ သူရဲ႕အစီအစဥ္ထဲမွာ ပါဝင္ေနတယ္လို႔ ေျပာဆိုထားေပမယ့္ ယူနိုက္တက္မွာ ပုံမွန္ပြဲထြက္ခြင့္ မေသခ်ာတာျဖစ္လို႔

အသင္းကေန ထြက္ခြာသြားဖြယ္ ရွိပါတယ္။လင္ဂတ္ကို ပရီးမီးယားလိဂ္ ကလပ္အသင္းေတြအျပင္ အသက္လက္တီကိုမက္ဒရစ္ ကလည္း စိတ္ဝင္စားေနပါတယ္။