Spots news

ယူရိုမှာ နံရိုးကျိုးဒဏ်ရာနဲ့ကစားခဲ့တဲ့ လုခ်ရှောကို ရာသီအစပွဲစဉ်တွေ လက်လွှတ်ရမယ့် မန်ယူ

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ဘယ် နောက်ခံလူလုခ်ရှောဟာ ယူရိုပွဲစဉ်နောက်ဆုံး ၃ ပွဲမှာ နံရိုးကျိုးဒဏ်ရာ ရှိနေလျက်နဲ့ ဝင်ရောက် ကစားခဲ့တဲ့အကြောင်း Metro သတင်းက ဖော်ပြထားပါတယ်။

၁၆ သင်းအဆင့် ဂျာမနီအသင်း နဲ့ ကစားခဲ့တဲ့ပွဲမှာ နံရိုးကျိုးဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး လုခ်ရှောဟာ နာကျင်မှု သက်သာစေမယ့် ဆေးတွေထိုးနှံပြီး အင်္ဂလန် အသင်းရဲ့ ကွာတား၊ ဆီမီး၊ ဗိုလ်လုပွဲပွဲစဥ် တွေကို ဝင်ရောက်ကစား‌ ပေးခဲ့ပါတယ်။

ဒဏ်ရာရရှိနေပေမယ့် လုခ်ရှောဟာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အားလုံးရဲ့အသိအမှတ်ပြု ချီးကျူးမှုကို ရယူနိုင်ခဲ့ပါတယ်။ အီတလီအသင်းနဲ့ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာဆိုရင် ပွဲအစ ၂ မိနစ်မှာပဲ အသင်းအတွက်

အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ် ။ နည်းပြ ဆောက်ဂိတ်ရဲ့ ဦးစားပေးကစားသမားအဖြစ် လုခ်ရှောဟာ သတ်မှတ်ခံခဲ့ရပြီး အင်္ဂလန်ရဲ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

လက်ရှိ ယူနိုက်တက်မှာ တိုက်စစ်မှူး မားကပ်ရက်ရှ်ဖို့က ပခုံးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူမှာ ဖြစ်လို့ ရာသီအစ ပွဲစဉ်တွေကို လွဲချော်မှာဖြစ်တဲ့အပြင်

နောက်ခံလူ လုခ်ရှောရဲ့ နံရိုးဒဏ်ရာပျောက်ကင်းဖို့ အနားယူရမှာဖြစ်လို့ အဓိကကစားသမား ၂ဦးကို ယူနိုက်တက်က ရာသီအစမှာ လက်လွှတ်ရဖွယ် ရှိနေတာဖြစ်ပါတယ်။

လုခ်ရှော အနေနဲ့ ဒဏ်ရာနဲ့တောင်မှ ခြေစွမ်းပြခဲ့တာက ချီးကျူးဖွယ်ရာဖြစ်ပေမယ့် မလိုအပ်ဘဲ အခြေအနေ ပိုမိုဆိုးရွားလာမယ့်အရေးကို ယူနိုက်တက်ဘက်က စိုးရိမ်နေပါ‌တယ်။

လုခ်ရှောဟာ ပြီးခဲ့တဲ့တရာသီလုံးလည်း ယူနိုက်တက် အတွက် ခြေစွမ်းပြကစားခဲ့ပြီး နည်းပြ ဆိုးလ်ရှားရဲ့ အမာခံကစားသမားဖြစ်ခဲ့ကာ ပရိသတ်အကြိုက် ကစားသမားတစ်ဦး လည်းဖြစ်လာခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ အဓိက ဘယ္ ေနာက္ခံလူလုခ္ေရွာဟာ ယူရိုပြဲစဥ္ေနာက္ဆုံး ၃ ပြဲမွာ နံရိုးက်ိဳးဒဏ္ရာ ရွိေနလ်က္နဲ႕ ဝင္ေရာက္ ကစားခဲ့တဲ့အေၾကာင္း Metro သတင္းက ေဖာ္ျပထားပါတယ္။

၁၆ သင္းအဆင့္ ဂ်ာမနီအသင္း နဲ႕ ကစားခဲ့တဲ့ပြဲမွာ နံရိုးက်ိဳးဒဏ္ရာ ရရွိခဲ့တာျဖစ္ၿပီး လုခ္ေရွာဟာ နာက်င္မႈ သက္သာေစမယ့္ ေဆးေတြထိုးႏွံၿပီး အဂၤလန္ အသင္းရဲ႕ ကြာတား၊ ဆီမီး၊ ဗိုလ္လုပြဲပြဲစဥ္ ေတြကို ဝင္ေရာက္ကစား‌ ေပးခဲ့ပါတယ္။

ဒဏ္ရာရရွိေနေပမယ့္ လုခ္ေရွာဟာ ေျခစြမ္းျပကစားနိုင္ခဲ့ၿပီး အားလုံးရဲ႕အသိအမွတ္ျပဳ ခ်ီးက်ဴးမႈကို ရယူနိုင္ခဲ့ပါတယ္။ အီတလီအသင္းနဲ႕ကစားခဲ့တဲ့ ဗိုလ္လုပြဲမွာဆိုရင္ ပြဲအစ ၂ မိနစ္မွာပဲ အသင္းအတြက္

အဖြင့္ဂိုးကို သြင္းယူေပးနိုင္ခဲ့ပါတယ္ ။ နည္းျပ ေဆာက္ဂိတ္ရဲ႕ ဦးစားေပးကစားသမားအျဖစ္ လုခ္ေရွာဟာ သတ္မွတ္ခံခဲ့ရၿပီး အဂၤလန္ရဲ႕အေကာင္းဆုံး ကစားသမားေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ျခင္း ခံခဲ့ရပါတယ္။

လက္ရွိ ယူနိုက္တက္မွာ တိုက္စစ္မႉး မားကပ္ရက္ရွ္ဖို႔က ပခုံးဒဏ္ရာကို ခြဲစိတ္ကုသမႈခံယူမွာ ျဖစ္လို႔ ရာသီအစ ပြဲစဥ္ေတြကို လြဲေခ်ာ္မွာျဖစ္တဲ့အျပင္

ေနာက္ခံလူ လုခ္ေရွာရဲ႕ နံရိုးဒဏ္ရာေပ်ာက္ကင္းဖို႔ အနားယူရမွာျဖစ္လို႔ အဓိကကစားသမား ၂ဦးကို ယူနိုက္တက္က ရာသီအစမွာ လက္လႊတ္ရဖြယ္ ရွိေနတာျဖစ္ပါတယ္။

လုခ္ေရွာ အေနနဲ႕ ဒဏ္ရာနဲ႕ေတာင္မွ ေျခစြမ္းျပခဲ့တာက ခ်ီးက်ဴးဖြယ္ရာျဖစ္ေပမယ့္ မလိုအပ္ဘဲ အေျခအေန ပိုမိုဆိုး႐ြားလာမယ့္အေရးကို ယူနိုက္တက္ဘက္က စိုးရိမ္ေနပါ‌တယ္။

လုခ္ေရွာဟာ ၿပီးခဲ့တဲ့တရာသီလုံးလည္း ယူနိုက္တက္ အတြက္ ေျခစြမ္းျပကစားခဲ့ၿပီး နည္းျပ ဆိုးလ္ရွားရဲ႕ အမာခံကစားသမားျဖစ္ခဲ့ကာ ပရိသတ္အႀကိဳက္ ကစားသမားတစ္ဦး လည္းျဖစ္လာခဲ့ပါတယ္။