Spots news

လူငယ်ကြယ်ပွင့်ကို အတွေ့အကြုံနဲ့ ပွဲထွက်ခွင့်ရဖို့ အငှားချသွားဦးမယ့် ယူနိုက်တက်

Unicode Version

ဒါဘီကောင်တီအသင်းနဲ့ ရာသီကြိုခြေစမ်းပွဲမှာ ယူနိုက်တက်အတွက် ပါဝင်ကစားခဲ့ပြီး ဒုတိယသွင်းဂိုးကိုပါ သွင်းယူပေးနိုင်ခဲ့တဲ့ လူငယ်ကြယ်ပွင့်

ဖာကန်ဒို ပယ်လီစထရီကို ယူနိုက်တက်အသင်းက အသင်းမှာ အသုံးပြုသွားဖို့ထက် ပွဲထွက်ကစားခွင့်နဲ့ အတွေ့အကြုံ ပိုမိုရရှိစေဖို့အတွက် အငှားချသွားဖွယ် ရှိနေပါတယ်။

ပယ်လီစထရီဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းမှာ ပင်နယ်ရိုးအသင်းကနေ ယူနိုက်တက်အသင်းဆီကို ယူရို ၁၀ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး

ယူနိုက်ကတ်လူငယ်အသင်းမှာ ကစားခဲ့ပြီးနောက် လာလီဂါကလပ် အလာဗက်စ်အသင်းမှာ ရာသီဝက်အငှားနဲ့ သွားရောက်ကစားခဲ့သူ ဖြစ်ပါတယ်။

အလာဗက်စ်အသင်းမှာ လာလီဂါပွဲပေါင်း ၁၂ ပွဲ အထိ ပါဝင်ကစားခဲ့ပြီး လက်ရှိအချိန်မှာ ယူနိုက်တက်အသင်းဆီကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

ယူနိုက်တက်ကတော့ ပယ်လီစထရီကို စီနီယာအသင်းမှာ နေရာပေးဖို့ထက် ထပ်မံအငှားချသွားဖို့ကိုပဲ ဆန္ဒရှိနေပါတယ်။

 

လက်ရှိမှာ ယူနိုက်တက်အသင်း တောင်ပံတိုက်စစ်မှာ ဆန်ချို ၊ ရက်ဖိုဒ့် ၊ ဂရင်းဝုဒ် ၊ ဒန်နီယဲလ်ဂျိမ်းစ် ၊ အာမတ်ဒီယာလိုတို့ ရှိနေပြီး လူငယ်ကစားသမားတချို့ကိုလည်း

အသင်းကြီးမှာ နေရာပေးဖို့ ရှိနေတဲ့အတွက် ပယ်လီစထရီအတွက် ပွဲထွက်ခွင့် မရရှိနိုင်တာကြောင့် ထပ်မံအငှားချသွားဖို့ကိုပဲ ယူနိုက်တက်က အလိုရှိနေတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ လူငယ်ကြယ်ပွင့်လေး ပယ်လစ်ထရီကို အလာဗက်စ်အသင်းဆီကိုပဲ ဆက်လက်အငှားချသွားဖို့

ဆန္ဒရှိနေပြီး ပယ်လီစထရီ ဘက်ကတော့ နောက်တစ်ကြိမ် အငှားထွက်ကစားဖို့ထက် ယူနိုက်တက်အသင်းမှာသာ ကစားချင်နေပါတယ်။

Zawgyi Version

ဒါဘီေကာင္တီအသင္းနဲ႕ ရာသီႀကိဳေျခစမ္းပြဲမွာ ယူနိုက္တက္အတြက္ ပါဝင္ကစားခဲ့ၿပီး ဒုတိယသြင္းဂိုးကိုပါ သြင္းယူေပးနိုင္ခဲ့တဲ့ လူငယ္ၾကယ္ပြင့္

ဖာကန္ဒို ပယ္လီစထရီကို ယူနိုက္တက္အသင္းက အသင္းမွာ အသုံးျပဳသြားဖို႔ထက္ ပြဲထြက္ကစားခြင့္နဲ႕ အေတြ႕အႀကဳံ ပိုမိုရရွိေစဖို႔အတြက္ အငွားခ်သြားဖြယ္ ရွိေနပါတယ္။

ပယ္လီစထရီဟာ ၿပီးခဲ့တဲ့ ေႏြေစ်းကြက္အတြင္းမွာ ပင္နယ္ရိုးအသင္းကေန ယူနိုက္တက္အသင္းဆီကို ယူရို ၁၀ သန္းနဲ႕ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး

ယူနိုက္ကတ္လူငယ္အသင္းမွာ ကစားခဲ့ၿပီးေနာက္ လာလီဂါကလပ္ အလာဗက္စ္အသင္းမွာ ရာသီဝက္အငွားနဲ႕ သြားေရာက္ကစားခဲ့သူ ျဖစ္ပါတယ္။

အလာဗက္စ္အသင္းမွာ လာလီဂါပြဲေပါင္း ၁၂ ပြဲ အထိ ပါဝင္ကစားခဲ့ၿပီး လက္ရွိအခ်ိန္မွာ ယူနိုက္တက္အသင္းဆီကို ျပန္လည္ေရာက္ရွိလာခဲ့ပါတယ္။

ယူနိုက္တက္ကေတာ့ ပယ္လီစထရီကို စီနီယာအသင္းမွာ ေနရာေပးဖို႔ထက္ ထပ္မံအငွားခ်သြားဖို႔ကိုပဲ ဆႏၵရွိေနပါတယ္။

လက္ရွိမွာ ယူနိုက္တက္အသင္း ေတာင္ပံတိုက္စစ္မွာ ဆန္ခ်ိဳ ၊ ရက္ဖိုဒ့္ ၊ ဂရင္းဝုဒ္ ၊ ဒန္နီယဲလ္ဂ်ိမ္းစ္ ၊ အာမတ္ဒီယာလိုတို႔ ရွိေနၿပီး လူငယ္ကစားသမားတခ်ိဳ႕ကိုလည္း

အသင္းႀကီးမွာ ေနရာေပးဖို႔ ရွိေနတဲ့အတြက္ ပယ္လီစထရီအတြက္ ပြဲထြက္ခြင့္ မရရွိနိုင္တာေၾကာင့္ ထပ္မံအငွားခ်သြားဖို႔ကိုပဲ ယူနိုက္တက္က အလိုရွိေနတာျဖစ္ပါတယ္။

ယူနိုက္တက္အသင္းဟာ သူတို႔ရဲ႕ လူငယ္ၾကယ္ပြင့္ေလး ပယ္လစ္ထရီကို အလာဗက္စ္အသင္းဆီကိုပဲ ဆက္လက္အငွားခ်သြားဖို႔

ဆႏၵရွိေနၿပီး ပယ္လီစထရီ ဘက္ကေတာ့ ေနာက္တစ္ႀကိမ္ အငွားထြက္ကစားဖို႔ထက္ ယူနိုက္တက္အသင္းမွာသာ ကစားခ်င္ေနပါတယ္။