Spots news

ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကိုလက်ခံပြီး ပရီးမီးယားလိဂ်ကို ပြန်လာချင်တဲ့ ထရစ်ပီယာ

Unicode Version

ယခုနွေရာသီ အပြောင်းအရွေ့ကာလမှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ သတင်းထွက်နေခဲ့တဲ့ အင်္ဂလန် နောက်ခံကစားသမား ကီယာရန်ထရစ်ပီယာဟာ ပရီးမီးယားလိဂ်သို့ ပြန်လာကစားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ထရစ်ပီယာ ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက အက်သလက်တီကို မက်ဒရစ်အသင်းအတွက် လာလီဂါဖလား ရယူရာမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အင်္ဂလန်လက်‌ရွေစင် အသင်းအတွက်  ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။

နည်းပြ ဒီယေဂိုဆီမြွန်နီ လက်အောက်မှာ ၂ နှစ်ကစားပြီးချိန်မှာတော့ အသက် ၃၀ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင် နောက်ခံကစားသမားဟာ ပရီးမီးယားလိဂ်သို့ ပြန်လည် ပြောင်းရွေ့ကစားလိုတယ်လို့ Mail Online သတင်းက ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနွေရာသီ အပြောင်းအရွေ့ရဲ့ အစောပိုင်းကတည်းက ထရစ်ပီယာကိုခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အက်သလက်တီကို အသင်းက မြင့်မားတဲ့ ပြောင်းရွေ့ကြေး သတ်မှတ်ထားတာကြောင့် မခေါ်ယူခဲ့ပါဘူး။

သို့ပေနယ့် ယူနိုက်တက်ဟာ ဝမ်ဘစ်ဆာကာနဲ့ ပွဲထွက်ခွင့်အတွက် အားပြိုင်ဖို့ ယူနိုက်တက်ဟာ ညာခံစစ်မှူးတစ်ယောက် ခေါ်ယူလိုနေဆဲဖြစ်ပါတယ် ။

ဘစ်ဆာကာဟာ ဖြတ်တင်ဘောနဲ့ set-piece တွေမှာ အားနည်းမှုရှိတာကြောင့် နည်းပြ ဆိုးလ်ရှားက နောက်ထပ် ညာခံစစ်မှူးတစ်ယောက် ခေါ်ယူလိုတာ ဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်းကတော့ ထရစ်ပီယာအတွက် ပြောင်းရွေ့ကြေး အနည်းဆုံး ပေါင်သန်း ၃၀ ခန့်အထိ အလိုရှိနေပြီး ယူနိုက်တက်ဟာ

စပါး ကစားသမားဟောင်းအတွက် ပေါင် ၁၅ သန်း၊ ပေါင်သန်း ၂၀ ဝန်းကျင်သာ အသုံးပြုသွားဖို့ ရှိနေတယ်လို့ မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြသွားပါတယ်။

Zawgyi Version

ယခုေႏြရာသီ အေျပာင္းအေ႐ြ႕ကာလမွာ မန္ခ်က္စတာ ယူနိုက္တက္ အသင္းနဲ႕ သတင္းထြက္ေနခဲ့တဲ့ အဂၤလန္ ေနာက္ခံကစားသမား ကီယာရန္ထရစ္ပီယာဟာ ပရီးမီးယားလိဂ္သို႔ ျပန္လာကစားဖို႔ ဆႏၵရွိေနတယ္လို႔ သိရပါတယ္။

ထရစ္ပီယာ ဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီက အက္သလက္တီကို မက္ဒရစ္အသင္းအတြက္ လာလီဂါဖလား ရယူရာမွာ ေျခစြမ္းေကာင္းေတြ ျပသနိုင္ခဲ့သလို ယူရို ၂၀၂၀ ၿပိဳင္ပြဲမွာ အဂၤလန္လက္‌ေ႐ြစင္ အသင္းအတြက္  ေ႐ြးခ်ယ္ျခင္း ခံခဲ့ရပါတယ္။

နည္းျပ ဒီေယဂိုဆီႁမြန္နီ လက္ေအာက္မွာ ၂ ႏွစ္ကစားၿပီးခ်ိန္မွာေတာ့ အသက္ ၃၀ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ အဂၤလန္လက္ေ႐ြးစင္ ေနာက္ခံကစားသမားဟာ ပရီးမီးယားလိဂ္သို႔ ျပန္လည္ ေျပာင္းေ႐ြ႕ကစားလိုတယ္လို႔ Mail Online သတင္းက ေဖာ္ျပခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ယခုေႏြရာသီ အေျပာင္းအေ႐ြ႕ရဲ႕ အေစာပိုင္းကတည္းက ထရစ္ပီယာကိုေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ အက္သလက္တီကို အသင္းက ျမင့္မားတဲ့ ေျပာင္းေ႐ြ႕ေၾကး သတ္မွတ္ထားတာေၾကာင့္ မေခၚယူခဲ့ပါဘူး။

သို႔ေပနယ့္ ယူနိုက္တက္ဟာ ဝမ္ဘစ္ဆာကာနဲ႕ ပြဲထြက္ခြင့္အတြက္ အားၿပိဳင္ဖို႔ ယူနိုက္တက္ဟာ ညာခံစစ္မႉးတစ္ေယာက္ ေခၚယူလိုေနဆဲျဖစ္ပါတယ္ ။

ဘစ္ဆာကာဟာ ျဖတ္တင္ေဘာနဲ႕ set-piece ေတြမွာ အားနည္းမႈရွိတာေၾကာင့္ နည္းျပ ဆိုးလ္ရွားက ေနာက္ထပ္ ညာခံစစ္မႉးတစ္ေယာက္ ေခၚယူလိုတာ ျဖစ္ပါတယ္။

အက္သလက္တီကို မက္ဒရစ္အသင္းကေတာ့ ထရစ္ပီယာအတြက္ ေျပာင္းေ႐ြ႕ေၾကး အနည္းဆုံး ေပါင္သန္း ၃၀ ခန႔္အထိ အလိုရွိေနၿပီး ယူနိုက္တက္ဟာ

စပါး ကစားသမားေဟာင္းအတြက္ ေပါင္ ၁၅ သန္း၊ ေပါင္သန္း ၂၀ ဝန္းက်င္သာ အသုံးျပဳသြားဖို႔ ရွိေနတယ္လို႔ မန္ခ်က္စတာ ညေနခင္း သတင္းဌာနက ေဖာ္ျပသြားပါတယ္။