Spots news

စပိန်မှာ မပျော်တဲ့ ဟာဇက်ကို ပြန်လည်ခေါ်ယူမယ့် အသင်းဟောင်း ချယ်လ်ဆီး

Unicode Version

ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ တိုက်စစ်ကို အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေပြီး ကစားသမားသစ်တွေ ခေါ်ယူသွားဖို့အပြင် ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့

ဘယ်လ်ဂျီယံကစားသမား အီဒင်ဟာဇက်ကို ရီးယဲလ်မက်ဒရစ်အသင်းကနေ ပြန်လည်ခေါ်ယူသွားဖွယ် ရှိနေတယ်လို့ စပိန်အခြေစိုက် သတင်းမီဒီယာများက ဖော်ပြထားပါတယ်။

ဟာဇက်ဟာ ချယ်လ်ဆီးအသင်းကို ၂၀၁၂ ခုနှစ်က လိုင်လီ ရောက်ရှိလာခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ် ယူရိုပါလိဂ် အက်အေဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားတို့လို အသင်းလိုက် အောင်မြင်မှုတွေအပြင် PFA တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု ရရှိခဲ့ပါတယ်။

ဟာဇက်ဟာ ချဲလ်ဆီးအသင်းနဲ့ အတူ အင်္ဂလန် ပရီးမီးယားလိဂ်မှာ ၇ နီးပါး ကျင်လည်ခဲ့ပြီး ၂၀၁၉ခုနှစ် နွေစျေးကွက် အပြောင်းအရွေ့ အတွင်းမှာပဲ စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ် အသင်းဆီကို စံချိန်တင် ယူရိုသန်း ၁၀၀ ဝန်းကျင်နဲ့ ပြောင်းရွှေ့သွားခဲ့တာပဲ ဖြစ်ပါတယ်။

ဟာဇက်ဟာ မက်ဒရစ်မှာ ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့သလို ဒဏ်ရာပြသာနာတွေနဲ့သာ ရုန်းကန်နေခဲ့ရပြီး ရီးရဲလ်မက်ဒရစ်မှာ ပါဝင်ကစားခဲ့ရတဲ့ ၂ ရာသီအတွင်း ၄၃ ပွဲသာ ပါဝင်ကစား ခဲ့ရသလို စုစုပေါင်းသွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ်ကိုသာ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

ထို့ကြောင့် စပိန်က ထွက်ခွာချင်နေတဲ့ ဟာဇက်ကို သူရဲ့အသင်းဟောင်း ချယ်လ်ဆီးဘက်ကနေ ပြန်လည်ခေါ်ယူသွားချင်နေပြီး ဟာဇက်ဟာ ရီးရဲလ်မှာ တစ်ပတ် ပေါင် ၄ သိန်းလောက် ရရှိနေတာဖြစ်လို့ အသင်းဟောင်းဆီ ပြန်လည်ရောက်ရှိလာမယ်ဆိုရင် လစာလျှော့ယူသွားဖွယ် ရှိနေပါတယ်။

Zawgyi Version




ဟာဇက်ဟာ ချဲလ်ဆီးအသင်းနဲ့ အတူ အင်္ဂလန် ပရီးမီးယားလိဂ်မှာ ၇ နီးပါး ကျင်လည်ခဲ့ပြီး ၂၀၁၉ခုနှစ် နွေဈေးကွက် အပြောင်းအရွေ့ အတွင်းမှာပဲ စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ် အသင်းဆီကို စံချိန်တင် ယူရိုသန်း ၁၀၀ ဝန်းကျင်နဲ့ ပြောင်းရွှေ့သွားခဲ့တာပဲ ဖြစ်ပါတယ်။

