Unicode Version
ချဲလ်ဆီး အသင်းဟာ အသင်းရဲ့ တိုက်စစ်မှူး တင်မီအေဗရာဟင်ကို အာဆင်နယ်အသင်းထံ အငှားချပေးဖို့ ကနဦး သဘောတူညီမှုရခဲ့ပြီလို့ သိရပါတယ်။
မူလက ချဲလ်ဆီးဟာ အေဗရာဟင်ကို ရောင်းဖို့ ရည်ရွယ်ထားတာ ဖြစ်ပေမယ့်လည်း အာဆင်နယ် အသင်းကတော့ ကနဦး အငှားနဲ့ အရင်ခေါ်ပြီးမှ အပြီးသတ် စာချုပ်ချုပ်ဆိုမယ့် သဘောတူညီချက်နဲ့ ကမ်းလှမ်းခဲ့ တဲ့အပေါ်မှာ ချဲလ်ဆီးကလည်း လက်ခံခဲ့တာ ဖြစ်ပါတယ်။
အေဗရာဟင်ကိုတော့ အာဆင်နယ်အသင်း အပြင် ၀က်စ်ဟမ်း၊အက်စတန်ဗီလာအသင်းတို့ကပါ ခေါ်ယူဖို့ စိတ်ဝင် စားနေပေမယ့် ချဲလ်ဆီးအသင်းရဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀က နည်းနည်းတော့ များနေဟန် ရှိနေပါတယ်။
ထို့ကြောင့် အာဆင်နယ်အသင်းအနေနဲ့ တိုက်စစ်မှူးကို ကနဦး အငှားနဲ့ ခေါ်ပြီး နှစ်သင်း သဘောတူညီချက်မှာ ပါဝင် လာမယ့် သတ်မှတ် ပွဲအရေအတွက် ကစားနိုင်ပြီဆိုရင် အပြီးသတ် မဖြစ်မနေ ဝယ်ပေးရမယ့် သဘောတူညီ ချက်လည်း ပါလာမှာ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ လက်ရှိမှာ တိုက်စစ်မှူး ဝါနာ အပြင် နောက်ထပ် တိုက်စစ်မှူး အသစ်အဖြစ် ဒေါ့မွန်မှ ဟာလန်းကို ခေါ်ယူဖို့ မျက်စိကျနေတာပါ။
ထို့ကြောင့် အေဗရာဟင်အတွက် ပွဲထွက်ခွင့် အာမခံဖို့ မဖြစ်နိုင်တော့တဲ့အတွက် အသင်းသစ်တစ်သင်းကို ရှာဖွေ ဖို့ ဆောင်ရွက်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
Zawgyi Version
ခ်ဲလ္ဆီး အသင္းဟာ အသင္းရဲ႕ တိုက္စစ္မႉး တင္မီေအဗရာဟင္ကို အာဆင္နယ္အသင္းထံ အငွားခ်ေပးဖို႔ ကနဦး သေဘာတူညီမႈရခဲ့ၿပီလို႔ သိရပါတယ္။
မူလက ခ်ဲလ္ဆီးဟာ ေအဗရာဟင္ကို ေရာင္းဖို႔ ရည္႐ြယ္ထားတာ ျဖစ္ေပမယ့္လည္း အာဆင္နယ္ အသင္းကေတာ့ ကနဦး အငွားနဲ႕ အရင္ေခၚၿပီးမွ အၿပီးသတ္ စာခ်ဳပ္ခ်ဳပ္ဆိုမယ့္ သေဘာတူညီခ်က္နဲ႕ ကမ္းလွမ္းခဲ့ တဲ့အေပၚမွာ ခ်ဲလ္ဆီးကလည္း လက္ခံခဲ့တာ ျဖစ္ပါတယ္။
ေအဗရာဟင္ကိုေတာ့ အာဆင္နယ္အသင္း အျပင္ ၀က္စ္ဟမ္း၊အက္စတန္ဗီလာအသင္းတို႔ကပါ ေခၚယူဖို႔ စိတ္ဝင္ စားေနေပမယ့္ ခ်ဲလ္ဆီးအသင္းရဲ႕ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ သန္း ၄၀က နည္းနည္းေတာ့ မ်ားေနဟန္ ရွိေနပါတယ္။
ထို႔ေၾကာင့္ အာဆင္နယ္အသင္းအေနနဲ႕ တိုက္စစ္မႉးကို ကနဦး အငွားနဲ႕ ေခၚၿပီး ႏွစ္သင္း သေဘာတူညီခ်က္မွာ ပါဝင္ လာမယ့္ သတ္မွတ္ ပြဲအေရအတြက္ ကစားနိုင္ၿပီဆိုရင္ အၿပီးသတ္ မျဖစ္မေန ဝယ္ေပးရမယ့္ သေဘာတူညီ ခ်က္လည္း ပါလာမွာ ျဖစ္ပါတယ္။
ခ်ဲလ္ဆီးအသင္းဟာ လက္ရွိမွာ တိုက္စစ္မႉး ဝါနာ အျပင္ ေနာက္ထပ္ တိုက္စစ္မႉး အသစ္အျဖစ္ ေဒါ့မြန္မွ ဟာလန္းကို ေခၚယူဖို႔ မ်က္စိက်ေနတာပါ။
ထို႔ေၾကာင့္ ေအဗရာဟင္အတြက္ ပြဲထြက္ခြင့္ အာမခံဖို႔ မျဖစ္နိုင္ေတာ့တဲ့အတြက္ အသင္းသစ္တစ္သင္းကို ရွာေဖြ ဖို႔ ေဆာင္႐ြက္ေပးခဲ့တာလည္း ျဖစ္ပါတယ္။