Spots news

ပေါ့ဘာနေရာကို အစားထိုးဖို့ ရူဘင်နေးဗက်စ်ကို ကမ်းလှမ်းတော့မယ့် ယူနိုက်တက်

Unicode Version

လက်ရှိ နွေဈေးကွက် အတွင်းမာ အာဆင်နယ်အသင်းရော ယူနိုက်တက်အသင်းတို့ပါ အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ချာကာနဲ့ ပေါလ်ပေါ့ဘာတို့ ၂ ယောက်က အသင်းကနေ

အသီးသီး ထွက်ခွာသွားကြဖွယ် ရှိနေကြတဲ့အတွက် သူတို့ရဲ့ နေရာမှာ အစားထိုးသွားဖို့ ဝုလ်ဗ်အသင်းရဲ့ ပေါ်တူဂီ ကွင်းလယ်ကစားသမား ရူဘင်နေးဗက်စ်ကို အပြိုင်ပစ်မှတ်ထားနေပါတယ်။

ကနဦးပိုင်းမှာတော့ အသက် ၂၄ နှစ်အရွှယ် ကွင်းလယ်ကစားသမား နေးဗက်စ်ကို ခေါ်ယူဖို့ အာဆင်နယ်အသင်းက အခြေအနေကောင်းနေခဲ့ပေမယ့် လက်ရှိမှာ အာဆင်နယ်ထက် ယူနိုက်တက်အသင်းက နေးဗက်စ်က ရရှိဖို့ ပိုပြီး အခြေအနေကောင်းနေတယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းဟာလည်း အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမား ပေါ့ဘာကို လီဂူးထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းဆီကို လက်လွတ်ရဖွယ် ရှိနေတဲ့အတွက် သူရဲ့နေရာမှာ အစားထိုးဖို့အတွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ လီယွန်ဂေါ်ရက်ဇ်ကာကို

ပစ်မှတ်ထားနေတာဖြစ်ပြီး အေးဂျင့်ဖြစ်သူနဲ့လည်း ချိတ်ဆက်လျက် ရှိနေပေမယ့် ကစားသမားကိုယ်တိုင်က ဘိုင်ယန်မှာသာ ဆက်လက်ရှိနေချင်တာကြောင့် ဂေါ်ရက်ဇ်ကာထက် ပရီးမီးယားလိဂ်မှာ ကျင်လည်ဖူးသား နေးဗက်စ်ကိုသာ စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက် အဓိက ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကလည်း သူရဲ့ပေါ်တူဂီအသင်းဖော် ရူဘင်နေးဗက်စ်နဲ့ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ တွဲဖက်ကစားဖို့ ဆန္ဒရှိနေတဲ့အတွက် နေးဗက်စ်ကို ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာဖို့ တိုက်တွန်းနှိုးဆော်မှုတွေ

လုပ်ဆောင်နေမှာ ဖြစ်သလို ယူနိုက်တက်ဘက်ကလည်း ကွင်းလယ်လူ နေးဗက်စ်အတွက် ဝုလ်ဗ်အသင်းဘက်ကနေ အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းနဲ့ ကမ်းလှမ်းဖို့ အသင့်ရှိနေတာကြောင် နေးဗက်စ်ကို အာဆင်နယ်ထက် လက်ဦးနိုင်ဖို့ အခြေအနေကောင်းနေရပါတယ်။

Zawgyi Version

လက္ရွိ ေႏြေဈးကြက္ အတြင္းမာ အာဆင္နယ္အသင္းေရာ ယူနိုက္တက္အသင္းတို႔ပါ အသင္းရဲ႕ အဓိက ကြင္းလယ္ကစားသမားေတြျဖစ္တဲ့ ခ်ာကာနဲ႕ ေပါလ္ေပါ့ဘာတို႔ ၂ ေယာက္က အသင္းကေန

အသီးသီး ထြက္ခြာသြားၾကဖြယ္ ရွိေနၾကတဲ့အတြက္ သူတို႔ရဲ႕ ေနရာမွာ အစားထိုးသြားဖို႔ ဝုလ္ဗ္အသင္းရဲ႕ ေပၚတူဂီ ကြင္းလယ္ကစားသမား ႐ူဘင္ေနးဗက္စ္ကို အၿပိဳင္ပစ္မွတ္ထားေနပါတယ္။

ကနဦးပိုင္းမွာေတာ့ အသက္ ၂၄ ႏွစ္အ႐ႊယ္ ကြင္းလယ္ကစားသမား ေနးဗက္စ္ကို ေခၚယူဖို႔ အာဆင္နယ္အသင္းက အေျခအေနေကာင္းေနခဲ့ေပမယ့္ လက္ရွိမွာ အာဆင္နယ္ထက္ ယူနိုက္တက္အသင္းက ေနးဗက္စ္က ရရွိဖို႔ ပိုၿပီး အေျခအေနေကာင္းေနတယ္လို႔ သိရပါတယ္။

ယူနိုက္တက္အသင္းဟာလည္း အသင္းရဲ႕ အဓိက ကြင္းလယ္ကစားသမား ေပါ့ဘာကို လီဂူးထိပ္သီးကလပ္ ပီအက္စ္ဂ်ီအသင္းဆီကို လက္လြတ္ရဖြယ္ ရွိေနတဲ့အတြက္ သူရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ လီယြန္ေဂၚရက္ဇ္ကာကို

ပစ္မွတ္ထားေနတာျဖစ္ၿပီး ေအးဂ်င့္ျဖစ္သူနဲ႕လည္း ခ်ိတ္ဆက္လ်က္ ရွိေနေပမယ့္ ကစားသမားကိုယ္တိုင္က ဘိုင္ယန္မွာသာ ဆက္လက္ရွိေနခ်င္တာေၾကာင့္ ေဂၚရက္ဇ္ကာထက္ ပရီးမီးယားလိဂ္မွာ က်င္လည္ဖူးသား ေနးဗက္စ္ကိုသာ စိတ္ဝင္စားလာခဲ့တာျဖစ္ပါတယ္။

ယူနိုက္တက္ အဓိက ကြင္းလယ္လူ ဘ႐ူနိုဖာနန္ဒက္စ္ကလည္း သူရဲ႕ေပၚတူဂီအသင္းေဖာ္ ႐ူဘင္ေနးဗက္စ္နဲ႕ ယူနိုက္တက္အသင္းရဲ႕ ကြင္းလယ္ပိုင္းမွာ တြဲဖက္ကစားဖို႔ ဆႏၵရွိေနတဲ့အတြက္ ေနးဗက္စ္ကို ယူနိုက္တက္အသင္းဆီ ေျပာင္းေ႐ႊ႕လာဖို႔ တိုက္တြန္းႏွိုးေဆာ္မႈေတြ

လုပ္ေဆာင္ေနမွာ ျဖစ္သလို ယူနိုက္တက္ဘက္ကလည္း ကြင္းလယ္လူ ေနးဗက္စ္အတြက္ ဝုလ္ဗ္အသင္းဘက္ကေန အလိုရွိေနတဲ့ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃၅ သန္းနဲ႕ ကမ္းလွမ္းဖို႔ အသင့္ရွိေနတာေၾကာင္ ေနးဗက္စ္ကို အာဆင္နယ္ထက္ လက္ဦးနိုင္ဖို႔ အေျခအေနေကာင္းေနရပါတယ္။