Spots news

နည်းစနစ်ပိုင်းအရ ရော်နယ်ဒိုကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ မန်ချက်စတာ စီးတီး

Unicode Version

ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ စီးတီးအသင်းဟာ ဂျူဗင်တပ်စ်တိုက်စစ်မှူးရော်နယ်ဒိုကို ခေါ်ယူဖို့အတွက် စဉ်းစားနေကြောင်း အီတလီအခြေစိုက် သတင်းမီဒီယာများက ဖော်ပြသွားပါတယ်။

အသက် ၃၆ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုကို အသင်းကနေထွက်ခွာသွားတဲ့ အဂူရိုနေရာမှာအစားထိုးဖို့အတွက် မန်စီးတီးနည်းစနစ်နည်းပြတွေက နည်းပြ ဂွာဒီယိုလာကို အကြံပေးထားတယ်လို့ ဆိုပါတယ်။

ယခုနွေရာသီ အပြောင်းအရွေ့မှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် ကြိုးပမ်းနေပေမယ့် ပေါင်သန်း ၁၅၀ အထိ စပါးကတောင်းဆိုနေတဲ့ အတွက် မန်စီးတီးဘက်က ရော်နယ်ဒိုကို ပြောင်းလဲ ပစ်မှတ်ထားလာတာဖြစ်ပါတယ်။

သို့ပေမယ့် တိုက်စစ်မှူး ရော်နယ်ဒိုအနေနဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ပရိသတ်တွေရဲ့ အမုန်းဒဏ်ကို ရင်ဆိုင်ဖို့ မစွန့်စားရဲဘူးလို့ မန်ချက်စတာ ညနေခင်းသတင်းစာက သုံးသပ်ဖော်ပြခဲ့ပါတယ်။

လက်ရှိအချိန်မှာ ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်နဲ့ စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိတေ့ာသူဖြစ်ပြီး အခုအချိန်အထိ စာချုပ်သစ်အတွက်တော့ ဆွေးနွေးထားခြင်းမရှိသေးသူဖြစ်ပါတယ်။

ဂျူဗင်တပ်စ် ဘက်ကလည်း ရော်နယ်ဒိုကို ပြန်လည်ရောင်းချချင်တယ်လို့ သတင်းတွေထွက်နေပြီး ရော်နယ်ဒို သူ့အနာဂတ်ဟာ တူရင်မှာသာဆက်ရှိနေမယ်လို့ ပြောဆိုထားပေမယ့်လည်း တိကျရေရာမှုမရှိတဲ့ အနေအထား ဖြစ်ပါတယ်။

၃ ရာသီအတွင်း ဂျူဗီအတွက် ၁၀၁ ဂိုးသွင်းပြီး ၂၂ ကြိမ်ဖန်တီးပေးခဲ့တဲ့ ရော်နယ်ဒိုဟာ ဧရိယာအတွင်းမှာ အလုပ်ဖြစ်နေဆဲတိုက်စစ်မှူးလို့ အားလုံးက လက်ခံထားကြီး ယူရိုပြိုင်ပွဲမှာလည်း ရွှေဖိနပ်ဆုရယူနိုင်ခဲ့တာဖြစ်လို့ မန်စီးတီးအနေနဲ့ ကမ်းလှမ်းနိုင်မှာလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ကလပ္ မန္ခ်က္စတာ စီးတီးအသင္းဟာ ဂ်ဴဗင္တပ္စ္တိုက္စစ္မႉးေရာ္နယ္ဒိုကို ေခၚယူဖို႔အတြက္ စဥ္းစားေနေၾကာင္း အီတလီအေျခစိုက္ သတင္းမီဒီယာမ်ားက ေဖာ္ျပသြားပါတယ္။

အသက္ ၃၆ ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ ေရာ္နယ္ဒိုကို အသင္းကေနထြက္ခြာသြားတဲ့ အဂူရိုေနရာမွာအစားထိုးဖို႔အတြက္ မန္စီးတီးနည္းစနစ္နည္းျပေတြက နည္းျပ ဂြာဒီယိုလာကို အႀကံေပးထားတယ္လို႔ ဆိုပါတယ္။

ယခုေႏြရာသီ အေျပာင္းအေ႐ြ႕မွာ စပါးတိုက္စစ္မႉး ဟယ္ရီကိန္းကို ေခၚယူဖို႔အတြက္ ႀကိဳးပမ္းေနေပမယ့္ ေပါင္သန္း ၁၅၀ အထိ စပါးကေတာင္းဆိုေနတဲ့ အတြက္ မန္စီးတီးဘက္က ေရာ္နယ္ဒိုကို ေျပာင္းလဲ ပစ္မွတ္ထားလာတာျဖစ္ပါတယ္။

သို႔ေပမယ့္ တိုက္စစ္မႉး ေရာ္နယ္ဒိုအေနနဲ႕ အသင္းေဟာင္း မန္ခ်က္စတာ ယူနိုက္တက္ပရိသတ္ေတြရဲ႕ အမုန္းဒဏ္ကို ရင္ဆိုင္ဖို႔ မစြန႔္စားရဲဘူးလို႔ မန္ခ်က္စတာ ညေနခင္းသတင္းစာက သုံးသပ္ေဖာ္ျပခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ ေပၚတူဂီ တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္စ္အသင္နဲ႕ စာခ်ဳပ္သက္တမ္း ၁ ႏွစ္သာက်န္ရွိေတ့ာသူျဖစ္ၿပီး အခုအခ်ိန္အထိ စာခ်ဳပ္သစ္အတြက္ေတာ့ ေဆြးေႏြးထားျခင္းမရွိေသးသူျဖစ္ပါတယ္။

ဂ်ဴဗင္တပ္စ္ ဘက္ကလည္း ေရာ္နယ္ဒိုကို ျပန္လည္ေရာင္းခ်ခ်င္တယ္လို႔ သတင္းေတြထြက္ေနၿပီး ေရာ္နယ္ဒို သူ႕အနာဂတ္ဟာ တူရင္မွာသာဆက္ရွိေနမယ္လို႔ ေျပာဆိုထားေပမယ့္လည္း တိက်ေရရာမႈမရွိတဲ့ အေနအထား ျဖစ္ပါတယ္။

၃ ရာသီအတြင္း ဂ်ဴဗီအတြက္ ၁၀၁ ဂိုးသြင္းၿပီး ၂၂ ႀကိမ္ဖန္တီးေပးခဲ့တဲ့ ေရာ္နယ္ဒိုဟာ ဧရိယာအတြင္းမွာ အလုပ္ျဖစ္ေနဆဲတိုက္စစ္မႉးလို႔ အားလုံးက လက္ခံထားႀကီး ယူရိုၿပိဳင္ပြဲမွာလည္း ေ႐ႊဖိနပ္ဆုရယူနိုင္ခဲ့တာျဖစ္လို႔ မန္စီးတီးအေနနဲ႕ ကမ္းလွမ္းနိုင္မွာလားဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။